Home » , , » Firefox 15 ဗားရှင်း အသစ် အကြောင်းသိကောင်း စရာ

Firefox 15 ဗားရှင်း အသစ် အကြောင်းသိကောင်း စရာ

Written By မောင်စေတနာ on Sunday, September 2, 2012 | 4:52:00 PM



အင်တာနက် အသုံးပြုသူတော်တော် များများ မော်ဇီလာ ဖိုင်းယားဖောက်စ်

နဲ့ ထိတွေ့ဘူးကြမယ်လို့ ထင်ပါတယ်။ အခု ကျွန်တော်တို့ ရဲ့  ဖိုင်းယားဖောက်စ် ဟာ ဆိုရင် ဗားရှင်း ၁၅ အထိ ရောက်ရှိလို့ လာပြီဖြစ်ပါတယ်။ တရားဝင် Stable ဗားရှင်း ဖြစ်ပါတယ်။ အသစ်ဆိုတဲ့အတိုင်း Feature အသစ်တွေ ပါလာမယ် အဟောင်း အချို့ တွေ ဖြုတ်ချခဲ့မယ် ။ပြီးတော့ အခြားသုံးဆွဲ သူ စိတ်ကြိုက် ဖြစ်မယ့် အချက်အလက်လေး တွေကို ပြင်ဆင်လာခဲ့ ပါတယ်။ နာမည်ကြီးပြင် ဆင်ချက်အချို့ ကို ပြောရမယ်ဆိုရင် .....

[1] Start-page စတိုင်လ် ပြောင်းလဲလာခြင်း ။
[2] အခြား User Interface များ သိသိသာသာ ပြောင်းလဲလာခြင်း။
[3] SPDY protocol အထောက်အပံ့ပေးခြင်း။ စသည်တို့ ပဲဖြစ်ပါတယ်။

CSS Word Break ပြသာနာလဲ ဖြေရှင်းပြီးသွားပြီဖြစ်ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့  မြန်မာစာ ဖတ်ရင် သိသာပါတယ် Chrome မှာ စာကြောင်း ဆင်းသွားတဲ့နေရာ အချို့ ဖိုင်းယားဖောက်စ် မှာမဆင်း ပဲ စာတန်း ရှည်ရှည်တွေနဲ့ အရုပ်ဆိုးနေတတ်တာ အဆင်ပြေသွာားပြီလို့ ပြောတာ ဖြစ်ပါတယ် ။



Add-on တစ်ခု ကျွန်တော်တို့ အရင်ဗားရှင်း တွေတုန်းက ထည့်ပြီ ဆိုရင် အလုပ်လုပ်အောင် Firefox ကို Restart တစ်ခေါက်တစ်ခေါက် ပြန်ပြန်ချပြီးမှ အသုံးပြုရတာဖြစ်ပါတယ်။ အခု နိုး ပရောဗလန် ပါ စောင့်ဖို့  မလိုတော့ပါဘူး ။ အောက်မှာ တစ်ချက်ကြည့်လိုက်ပါ အစမ်း တစ်ခု သွင်းပြထားပါတယ်။



အခုဆိုရင် ဖိုင်းယားဖောက်စ် ရဲ့  Add-on Page ဖြစ်ပါတယ်။ အချို့  User တော်တော်များများ ဒီ အပြင်အဆင်လေးကို သဘောကျကျ တာတွေ့ ပါတယ်။ အရင်က ဒီလိုမဟုတ်ခဲ့ပါဘူး ။ Add-on ကို Moziila Add-on ဝတ်ဆိုဒ်မှာသွားကြည့်မှ စုံစုံလင် လင်မြင်ရတာဖြစ်ပါတယ်။ ကဲ အခု ကျွန်တော် Screen Shot ဆိုပြီး ရှာပြီးတော့ အဲ့ ရှာလို့ ရလာတဲ့ Result တွေထဲက တစ်ခုကိုသွင်းလိုက်ပါမယ် အာက်တွင်ကြည့်ပါ။SPDY Protocol ကတော့ Version3 ပါလာတာဖြစ်ပြီး အနာဂါတ် အင်တာနက် ပရိုတိုကော တွေ အတွက် အသင့်ပြင်ထားတယ်လို့ ဆိုရင်လဲ မမှားပါဘူး။

ဖိုင်းယားဖောက်စ်မှာ အသစ်ပါလာတဲ့ Feature အသစ်တွေကို ပြည့်ပြည့်စုံစုံကြည့် ချင်တယ်ဆိုတဲ့လူတွေအတွက် ဝတ်ဆိုဒ်က တော့ Release Preview မှာဖြစ်ပါတယ်။ အားလုံးပဲ အသစ် အသစ်တွေ နေ့ စဉ်စမ်းသပ်နိုင်ကြပါစေ ။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။