Home » , » နယူးယောက်တွင် အလုပ်သမား တစ်ဦး ပစ်ခတ်မှုကြောင့် လူနှစ်ဦးသေ ကိုးဦး ဒဏ်ရာရ

နယူးယောက်တွင် အလုပ်သမား တစ်ဦး ပစ်ခတ်မှုကြောင့် လူနှစ်ဦးသေ ကိုးဦး ဒဏ်ရာရ

Written By မောင်စေတနာ on Sunday, September 2, 2012 | 5:00:00 PM



အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Empire State အဆောက်အအုံ အနီးတွင်

လွန်ခဲ့သော တစ်နှစ်က အလုပ်ပြုတ်သွားသော အလုပ်သမား တစ်ဦးက မကျေ မနပ်ဖြစ်ကာ သေနတ်ဖြင့် ပစ်ခတ်သဖြင့် လုပ်ဖော် ကိုင်ဖက်ဟောင်း တစ်ဦး သေဆုံးခဲ့ပြီး အခြား လူကိုးဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ လူအသွားအလာ များချိန် ဖြစ်ပေါ်ခဲ့သော ပစ်ခတ်မှုတွင် ရဲတပ်ဖွဲ့က သေနတ်သမားအား ပစ်သတ်ခဲ့သည်။

အမေရိကန်၏ အထင်ကရ မိုးမျှော် အဆောက်အအုံ အနီးတွင် ဖြစ်ပေါ်ခဲ့သော ပစ်ခတ်မှု၌ ဒဏ်ရာရရှိသူ ကိုးဦးစလုံး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ရဲမင်းကြီး ရေးတယ်လီက ပြောကြားသည်။ ယင်းမှာ အကြမ်းဖက်မှု မဟုတ်ကြောင်း ဖယ်ဒရယ် စုံစမ်း စစ်ဆေးရေး ဗျူရို (FBI) က ပြောကြားသည်။ ယင်းသို့သော ဖြစ်ရပ်မှာ နယူးယောက် အာဏာပိုင်များ အမြဲပူပန်နေသည့် အကြောင်းအရာမျိုး ဖြစ်သည်။ သေနတ်သမားမှာ မကျေ မချမ်းဖြစ်နေသော အလုပ်သမားဟောင်း တစ်ဦးဖြစ်သူ ဂျက်ဖရီဂျွန်ဆင် ဖြစ်ကြောင်း ရဲမင်းကြီး ကယ်လီက ပြောကြားသည်။

၎င်းသည် အမျိုးသမီး အသုံးအဆောင်များ ရောင်းချသည့် ဆိုင်တွင် ဒီဇိုင်နာတစ်ဦး အဖြစ် ခြောက်နှစ်ကြာ လုပ်ကိုင်ခဲ့ကြောင်း သြဂုတ်လ ၂၄ ရက် နံနက် ၉ နာရီခန့်တွင် အဆိုပါဆိုင်သို့ သွားရောက်၍ အရောင်းဌာန ဒုတိယအကြီးအကဲ စတီဗင်အာကိုလီနိုနှင့် စကားများရာမှ အသင့်ပါလာသော ပစ္စတိုဖြင့် ၎င်းအား အနီးကပ်ပစ်သတ်၍ သေနတ်အား အိတ်ထဲပြန်ထည့်ပြီး ထွက်ပြေးရန် ကြိုးစားစဉ် ရဲတပ်ဖွဲ့နှင့် ရင်ဆိုင်တိုးကာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲမင်းကြီးကယ်လီက ပြောကြားသည်။

Ref: AFP

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။