ဗြိတိန်တွင် ငါးဖမ်းလှေပေါ်သို့ ငါးမန်းတစ်ကောင် တက်ရောက် တိုက်ခိုက်ဗြိတိန်မှ အတွေ့အကြုံရင့် တံငါသည် တစ်ဦးသည် လှေပေါ်ထိ တက်ကိုက်သော ငါးမန်းတစ်ကောင်ကြောင့် တုန်လှုပ်ခဲ့ရကြောင်း သိရသည်။ အရှည် (၇) ပေ ရှိသော ငါးမန်းကို ငါးဖမ်းလှေပေါ် ဆွဲတင် ထားချိန်တွင် ဒေါသကြီးနေသည့် သားစားသတ္တဝါက လှမ်းဟပ်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်အသက် ၅၃ နှစ်ရှိ ဟမ်မစ်ရှ်ကာရီ၏ ခြေထောက်ကို ကိုက်မိပြီး သံမဏိပြားဖြင့် အကာအကွယ် ပြုလုပ်ထားသော ဖိနပ်၏ ခံနိုင်အားကြောင့်သာ ကာရီအနေဖြင့် သက်သာရာရခဲ့ခြင်း ဖြစ်သည်။ ကာရီသည် လုပ်ဖော်ကိုင်ဖက်တစ်ဦး၏ အကူအညီဖြင့် ငါးမန်းပါးစပ်မှ လွတ်မြောက်လာခဲ့သော်လည်း အလွန်ခြောက်ခြား တုန်လှုပ်သွားမိကြောင်း ဖွင့်ဟခဲ့သည်။
ကာရီနှင့်အဖွဲ့သည် အတွင်းဟီဘရစ်စ် ဒေသအနီးတွင် ဖျံများကို ငါးမန်းတိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ကြောင်း သတင်းကြားမိသည့်နောက် အဆိုပါနေရာသို့ ငါးမန်းဖမ်းရန် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်က ငါးအကြီးစားတွေ ဖမ်းတဲ့နေရာမှာ တော်တယ်လို့ သတ်မှတ်ခံရပါတယ်။ ဒီတော့ ဖျံတွေသတင်းကြားတဲ့အခါ သူငယ်ချင်း တစ်ယောက်က လာပြောတယ်။ အဲဒီနေရာမှာ ဖျံတွေကို ငါးမန်းတိုက်ခိုက်ထားတာ ရှိတယ်လို့ သူက သတင်းပေးတယ်” ဟု စကော့တလန်ရှိ အေရီရှိုင်းယားတွင် နေထိုင်သော ဝါရင့် တံငါသည်က ပြောကြားခဲ့သည်။
၎င်းသည် (၃) ဦးပါ အဖွဲ့အဖြစ် ငါးဖမ်းထွက်ခဲ့ပြီး ငါးမန်းကို လက်ရဖမ်းမိခဲရာမှ ယခုလို ထိတ်လန့်ဖွယ် အတွေ့အကြုံနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ ထိုငါးမန်းသည် ငါးမန်းဖြူမျိုးနွယ်ဝင်ဖြစ်ပြီး ကာရီတို့အဖွဲ့သည် ငါးမန်းကို မှတ်တမ်းတင်ကာ ပြန်လွှတ်ရန် ကြိုတင် ရည်ရွယ်ထားခဲ့ကြောင်း ပြောကြားခဲ့သည်။
သို့သော် ငါးမန်းသည် အလွန်ဒေါသကြီးပြီး ၎င်းကို ပြန်လွှတ်ချိန်တွင်လည်း ငါးဖမ်းလှေကို အပေါက်ဖြစ်သွားအောင် ဝင်ဆောင့်သွားသေးသည်။ ကာရီက “တော်တော် ဆိုးတဲ့ ကောင်ပဲဗျ။ ရမ်းကားလိုက်တာလည်း ပြောမနေနဲ့။ ကျွန်တော့် ခြေထောက်ကိုပါ ကိုက်သွားတယ်။ သံမဏိနဲ့ အနားကွတ်ထားလို့ တော်သေးတယ်။ ကျွန်တော်သူ့ကို ခါထုတ်တာ မရဘူး။ တစ်ယောက်က လူကူပေးမှ လွတ်တော့တယ်။ တော်တော်တော့ လန့်သွားတယ်” ဟု ဆိုသည်။
ကာရီသည် ငါးမန်းကဲ့သို့ ကြီးမားသော ငါးများကို အရှင်ဖမ်းရာတွင် ကျွမ်းကျင်သူ တစ်ဦးဖြစ်သည်။ ၎င်းသည် အန်ဒီလိုဂန်အမည်ရှိ တံငါသည်က ဗြိတိန်စံချိန်တင် အကြီးဆုံး ငါးလိပ်စွန်ကြီးတစ်ကောင် ဖမ်းမိရာတွင် ငါးဖမ်းလှေကို ဦးဆောင်မှု ပေးခဲ့ဖူးသည်။ ထိုငါးကြီးသည် (၈) ပေရှည်ကာ (၆) ပေကျယ်ပြီး (၂၂၂) ပေါင် အလေးချိန်ရှိကြောင်း သိရသည်။
Source by :http://www.yoyarlay.com/i

0 comments:
Post a Comment