Home » , , » SF Bay Burmese Community to meet with Suu – Event announced

SF Bay Burmese Community to meet with Suu – Event announced

Written By မောင်စေတနာ on Wednesday, August 22, 2012 | 2:16:00 PM



ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) မြန်မာမိသားစုများ တွေ့ဆုံပွဲ ကျင်းပမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခြင်း

နေ့စွဲ – ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၁ ရက်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ငြိမ်းချမ်းရေးနို ဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်း အမေရိကန်ပြည် ထောင်စုသို့ ရောက်ရှိမည်ဖြစ်ပြီး အဆိုပါ ခရီးစဉ်အတွင်း မိမိတို့ ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) သို့ ကြွရောက်ကာ ဒေသခံ မြန်မာတိုင်းရင်းသား မိသားစု များနှင့် တွေ့ဆုံမည် ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) မြန်မာမိသားစုများ တွေ့ဆုံပွဲကို စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၉း၁၅ နာရီမှ ၁၀း၄၅ နာရီအထိ ကျင်းပမည်ဖြစ်ပါသည်။ ကျင်းပမည့်နေရာ ကို ဆက်လက် သတင်းထုတ်ပြန်မည်ဖြစ်ပြီး http://suu-sf.blogspot.com တွင်လည်း အခမ်းအနားနှင့် ပတ်သက်သည့် အကြောင်းအရာများကို သွားရောက်ကြည့် ရှုနိုင်ပါသည်။ တွေ့ဆုံပွဲ စနစ်တကျ ကျင်းပနိုင်ရန်နှင့် မြန်မာမိသားစု အားလုံး အဆင်ပြေချောမွေ့စွာ တက်ရောက်နိုင်ရန် ဖိတ်ကြားရေးဆိုင်ရာ အလုပ်အဖွဲ့သို့ ဆက်သွယ် စာရင်း ပေးနိုင်ပြီဖြစ်ပြီး အားလုံး၏ ကူညီ ပံ့ပိုးမှုများကိုလည်း လှိုက်လှဲစွာ ကြိုဆိုလျက်ရှိပါသည်။

ဒေသခံ စိတ်ပါဝင်စားသူများအနေဖြင့် သက်ဆိုင်ရာဒေသများရှိ သတင်းပြန်ကြားရေးအဖွဲ့ဝင်များကို ဆက်သွယ် စုံစမ်းနိုင်ကြပြီး သတင်းမီဒီယာများအနေဖြင့် ကိုတိုးလွင် (၄၁၅ ၄၂၄ ၅၈၁၁ ) နှင့် ကိုဝေဖြိုး (၄၁၅ ၅၇၇ ၆၅၀၅) တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ။

သတင်းပြန်ကြားရေးအဖွဲ့
တွေ့ဆုံပွဲကျင်းပရေးကော်မတီ
ဆန်ဖရန်စစ္စကို (ဘေးဧရိယာ)

Source by :http://moemaka.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။