Home » , , » မလေးရှားနိုင်ငံ ကိုတာရာယာ နဘေးနောက်လမ်း PHB ဘဏ် နဘေးတွင် မီးလောင်မှုဖြစ်ပွား(ရုပ်သံ)

မလေးရှားနိုင်ငံ ကိုတာရာယာ နဘေးနောက်လမ်း PHB ဘဏ် နဘေးတွင် မီးလောင်မှုဖြစ်ပွား(ရုပ်သံ)

Written By မောင်စေတနာ on Thursday, August 30, 2012 | 4:31:00 PM



မလေးရှားနိုင်ငံ ကိုတာရာယာ နဘေးနောက်လမ်း မေဘဏ်လမ်းထောင် PHB ဘဏ်နဘေးတွင် တည်ရှိသော တိုက်အဟောင်း နှစ်လုံးသည် ယနေ့ ညနေ ၄း၀၀ အချိန်တွင် ရုက်တစ်ရက် မီးလောင်မှု ဖြစ်ပွားခဲ့သည်။



ကျွန်တော်တို့ ရုံးမှာရှိနေကြတာ မီးလောင်တယ်ပြောလို့ သွားကြည့်တော့ PHB ဘဏ်နဘေးကပ်နေတဲ့ တိုက် အဟောင်းနှစ်လုံး မှာ တစ်လုံးက မီးလောင်နေတာ တွေ့ရတယ် အရင်ဆုံး မီးသတ်ယာဉ် တစ်စီးတော့ ရောက်နေတယ်။ ရေဖြည့်တာ မီးသတ်ပိုက်တွေကို တပ်ဆင်နေရတယ် ဆိုတော့ မီးကလောင်နေပီ။ နောက်ထပ် မီးသတ် ယာဉ်တွေ ထပ်ရောက်လာတယ်။ အားလုံးဆို ၆ စီးလောက်ရောက်လာတယ်။ အခုတော့ မီးငြိမ်းသွားပါပြီ ဟု ကြည့်ရှုနေသူ ကိုဇော်ဇော်က ပြောခဲ့ပါသည်။

မီးလောင်နေသော တိုက်မှာ တိုက်အဟောင်းဖြစ်ပြီး မီးလောင်သော အကြောင်းရင်းမှာ ယခု တရုပ်လူမျိုးများ တစ္ဆကြီးပွဲတော်(သရဲပွဲတော်) ရာသီတွင်ဖြစ်၍ မီးထွန်းသော အချိန်တွင် စတင် မီးလောင်သည်ဟု နောက်ဆုံးရ သတင်းဖြင့် သိရှိရပါသည်။



မီးလောင်နေသော တိုက်အဟောင်း အပေါ်တွင် လူများရှိနေပြီး သားအမိနှစ်ဦးသာ အောက်သို့ ခုန်ချလိုက်ရာ ခြေထောက်မှာ ဒဏ်ရာ အနည်းငယ် ရသွားသည်ကို တွေ့ရှိရပါသည်။ မီနစ် ၄၀ ခန့်မီးလောင်ပြီး အဆောက်အဦး ၃ ခုအနက် ၂ခုသာ မီးလောင်ပြီး မီးသတ်များ အချိန်မှီ မီးငြိမ်း သတ်နိုင်ခဲ့ပါသည်။ ယခု သတင်းတင်နေသာ အချိန်ထိ ကယ်ဆယ်ရေးအဖြင့် မီးသတ်များ ကူညီလုပ်ဆောင်နေ လျက်ရှိနေသည်။



မီးလောင်မှု သတင်း အချက်အလက်များ ဓာတ်ပုံ ရုပ်သံများကို ကိုယ်တိုင်သွားရောက် သတင်းရယူခဲ့ပါသည်။






နေဇော်လင်း

(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)

News Information & Online Radio Media (Malaysia)
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။