Home » , » Metro-style အသုံးအနှုန်းကို ဆက်လက် အသုံးမပြုရန် Microsoft ပယ်ဖျက်

Metro-style အသုံးအနှုန်းကို ဆက်လက် အသုံးမပြုရန် Microsoft ပယ်ဖျက်

Written By မောင်စေတနာ on Friday, August 10, 2012 | 2:15:00 PM



Metro-style အသုံးအနှုန်းကို ဆက်လက် အသုံးမပြုရန် Microsoft ပယ်ဖျက်Microsoft ကုမ္ပဏီသည် Windows Phone များနှင့် Windows 8 တို့တွင် ခေါင်းစဉ် အဖြစ် ဖော်ပြနေသော Metro-style အသုံးအနှုန်းကိုဆက် လက် အသုံးမပြုဘဲ ရပ်ဆိုင်းပယ် ဖျက်လိုက်ပြီဖြစ်ကြောင်း အသိပေး ကြေညာ လိုက်ပြီဖြစ်သည်။ ထို့အပြင် Microsoft မှာ အခြား သောအစားထိုးအမည်သစ်တစ်ခု သတ်မှတ်နိုင်ရေး အတွက်လည်း ရှာဖွေမှုများ လုပ်ဆောင်လျက်ရှိ သည်။

ပထမဆုံးအနေဖြင့်Microsoft ကုမ္ပဏီမှာ ၄င်းတို့၏ applications များတွင် Metro အမည်ကိုသုံးစွဲခြင်း မပြုရန် developers များအား သ တင်းပေးမှုများပြုလုပ်ခဲ့ပြီး အဆိုပါ ပြောင်းလဲမှုကိုအတည်ပြုကြောင်း လည်း ၄င်းတို့၏ သတင်းရင်းမြစ် တစ်ခုဖြစ်သည့် The Verge သတင်း ဌာနတစ်ခုသို့လည်းMicrosoft တ ရားဝင်အသိပေးအကြောင်းကြားစာ ကိုပေးပို့ခဲ့သည်။ ထို့နောက်တွင်၎င်းတို့၏ဝန်ထမ်းများအားလုံးကို လည်း Metro အမှတ်တံဆိပ်အား ဆက်လက်အသုံးမပြုရန်အသိပေး ထားခဲ့သည်။

Microsoft အနေဖြင့် ယခုကဲ့သို့ Metro-style အသုံးအနှုန်းကိုအသုံးပြု ရန်ပယ်ဖျက်လိုက်ရခြင်းမှာ အမည် မဖော်ပြထားသည့် ၄င်းတို့၏အစု စပ် partner ဖြစ်သည့် ဥရောပကုမ္ပဏီ တစ်ခုနှင့်အငြင်းပွားစရာဖြစ်စေမည့် အကြောင်းတစ်ချက်ကြောင့်ဖြစ်ပြီး အဆိုပါအမည်ကိုဆက်လက်အသုံး ပြုပါကရှည်လျားနိုင်သည့် တရား ရေးဆိုင်ရာ အမှုတိုက်ပွဲများကိုရင် ဆိုင်ရဖွယ်ရှိခြင်းကြောင့်လည်းဖြစ် သည်။ Microsoft ၏သတင်းထုတ် ပြန်ချက်အရWindows 8 နှင့် Windows Phone များအတွက် user interface အမည်သစ်ကိုယခုသီတင်းပတ် အကုန်၌ သတ်မှတ်သွားမည်ဖြစ်ပြီး လက်ရှိ၌ွှ Windows 8-style UI ဟုသာ သတ်မှတ်သုံးစွဲထားသည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။