Home » , , » မြန်မာပြည် လမ်းဘေးဝပ်ရှော့က ထိုင်းဝပ်ရှော့ထက် သာတယ်

မြန်မာပြည် လမ်းဘေးဝပ်ရှော့က ထိုင်းဝပ်ရှော့ထက် သာတယ်

Written By မောင်စေတနာ on Friday, August 10, 2012 | 2:10:00 PM



ဥရောပမော်တော်ကားတွေကို အထူးပြုပြင်တဲ့ ထိုင်းနိုင်ငံက SMRT မြန်မာပြည် လာမယ်၊ ၀ပ်ရှော့ဖွင့်မယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး စာဖတ်သူတဦးက သူ့အမြင်ကို အခုလို ရေးသားထားပါတယ် -

အထင်မကြီးဘူး။ ဘာ့ကြောင့်လဲဆိုတော့ ပစ္စည်းတစ်ခုက သုံးလို့ ရသေးတယ်။ အဲ့ဒါကို မကောင်းတော့ဘူး ဆိုပြီး အမြဲတမ်း အစုံလိုက်ကို အသစ်လဲပစ်တယ်။ ပိုက်ဆံကို သောက်သောက်လဲ။

မြန်မာပြည်က လမ်းဘေး ၀ပ်ရှော့က သူတို့ ဆားဗစ်ထက်သာတယ်။ အကြောင်း မသိတဲ့ သူတွေဘဲ အထင်ကြီးမယ်။ ထိုင်းနိုင်ငံမှာ ၀ပ်ရှော့ ပေါင်းစုံရောက်ဘူးတယ်။ အထူးသဖြင့် နစ်ဆန်း (Nissan) ဆိုရင် လှည့်တောင်မကြည့်ချင်ဘူး။ ရိတ်လွန်းလို့ ။ ဘာဖြစ်လို့ ဘာဖြစ်မှန်းတောင် မသိကြဘူး။

ဆီယိုတာ ဘာဖြစ်လို့ ဖြစ်မှန်းမသိဘူး။ ဂီယာဘောက် မကောင်းလို့ ဆိုပြီး အစုံလိုက်လဲပစ်တယ်။ ဆက်ယိုနေတုန်းဘဲ နောက်တစ်ခု အစုံလိုက်လဲပစ်တယ်။ ဆက်ယိုနေတုန်းဘဲ။ ဘတ် 15,000 ပတ်ဝန်းကျင် ( ဒေါ်လာ 500) ခန့် လည်း ထွက်သွားပြီ။ ဒေါသတွေလည်း အတုံးလိုက်ထွက်နေပြီ။ ဆီမယိုအောင် ရအောင်လုပ်၊ ပိုက်ဆံ ထပ်မပေးနိုင်တော့ဘူး လို့ ပြောတော့ မှ နောက်ဆုံး တွေ့ တယ်။ မူလီက သေးနေတယ်။ အဲ့ဒီ့ မူလီစုပ်တဲ့ အပေါက်မှာ နဲနဲအက်နေလို့ တဲ့။ မူလီ ကြီးတာနဲ့ ပိတ်လိုက်တော့ အခုထိ မယိုတော့ဘူး။ ဘယ်လောက် အသုံးမကျသလဲလို့ ။ တကယ်က ဘတ် 100 လောက်ဘဲ ကုန်ရမှာ ။

အဲ့ဒါ နစ်ဆန်းက သူတို့ ပြောတဲ့ ပရော်ဖက်ရှင်နယ်တွေနော်။ ယူနီဖေါင်းအဖြူတွေမှာ စွန်းရာ တစ်ချက်မရှိဘူး။ BMW ကားဝပ်ရှော့ကတော့ မဆိုးဘူး။

ဆိုလိုချင်တာက မြန်မာပြည်က လမ်းဘေးဝပ်ရှော့က သူတို့ ထက်သာတယ် ဆိုတာဘဲ။

ထိုင်းမှာ တစ်ခုခုဖြစ်ရင် ကုန်လိုက်တာ သောက်သောက်လဲ ။ ကားတစ်ခုခုဖြစ်ရင် ရင်တုန်လာရော။ မြန်မာပြည်မှာ အဲ့ဒီ့လိုသာ ကုန်ရင် ဘယ်ကားမှ လမ်းပေါ်မှာ တွေ့ ရမှာ မဟုတ်တော့ဘူး။

ဒါ့ကြောင့် အထင်မကြီးပါ။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။