Home » , , » မစ္ဇျိမ အင်တာနက် ၀က်ဘ်ဆိုက် DDoS တိုက်ခိုက်မှု ခံနေရ

မစ္ဇျိမ အင်တာနက် ၀က်ဘ်ဆိုက် DDoS တိုက်ခိုက်မှု ခံနေရ

Written By မောင်စေတနာ on Tuesday, August 28, 2012 | 12:46:00 PM



အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ရေးသားတင်ပြနေသည့် မဇ္ဈိမ သတင်းဌာန၏

အင်တာနက် စာမျက်နှာများ သောကြာနေ့မှစ၍ DDoS တိုက်ခိုက်မှု ခံနေရသည်။

“မဇ္ဈိမ ဝက်ဘ်ဆိုက်သည် DDoS တိုက်ခိုက်မှု ခံနေရပါသည်။ ဘာကြောင့် တိုက်ခိုက်သည်ကိုတော့ အယ်ဒီတာအဖွဲ့ အနေဖြင့် တိတိကျကျ အတည်မပြုနိုင်သေးပါ” ဟု ထုတ်ပြန်ချက်အတွင်း ပါရှိသည်။ ထို့အပြင် “မဇ္ဈိမအနေဖြင့် လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် ပဋိပက္ခသတင်း ဖော်ပြမှုနှင့် ပတ်သက်၍ ခြိမ်းခြောက်မှုအချို့ ခံခဲ့ရပါသည်” ဟုလည်း ကြေညာချက်အတွင်း ဖေါ်ပြထားသည်။

သောကြာနေ့ ညနေပိုင်းမှ စတင်ခဲ့သော DDoS တိုက်ခိုက်မှုကြောင့် မဇ္ဈိမ၏ အင်တာနက် စာမျက်နှာများ ဖွင့်၍ မရတချက် ရတချက် ဖြစ်နေခဲ့ပြီး စနေနေ့တွင် မြန်မာနိုင်ငံတွင်း အပါအ၀င် အချို့နေရာများတွင် လုံးဝ ဖွင့်မရတော့ သည်ကို တွေ့ရှိလာရသည်။

DDoS ဟူခေါ်သည့် Distributed Denial of Services တိုက်ခိုက်မှုသည် ဆာဗာပေါင်း များစွာမှ မဇ္ဈိမဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုမှု များပြားစွာ ဖြစ်လေဟန် တချိန်တည်း ပို့လွှတ်၍ တိုက်ခိုက်သည့် နည်းလမ်း ဖြစ်သည်။

“ဒီနည်းက ကမ္ဘာမှာ မကြာသေးခင်နှစ်များမှာ အတော်လေး အသုံးပြုတိုက်ခိုက်လာတာ တွေ့ရပါတယ်။ ထိန်းချုပ်ခံ ထားရတဲ့ ကွန်ပျူတာတွေကို အမိန့်ပေးစနစ် အသုံးပြုခြင်း သို့မဟုတ် တိုက်ခိုက်ရေးစက်တွေ သုံးပြီး တပြိုင်တည်းမှာ လူသိန်းပေါင်း သန်းပေါင်းများစွာက ဖတ်နေသလိုမျိုး ဖြစ်ပြီး ဘယ်သူမှ ဖတ်မရအောင် လုပ်တဲ့နည်းပါ။ တံခါးပေါက် တခုကို လူတွေ မဆံ့ရင်ကာ တိုးဝင်ရင် ဘယ်သူမှ ဝင်လို့မရ ဖြစ်တဲ့အဖြစ်မျိုးပေါ့” ဟု စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်း က ရှင်းပြသည်။

မဇ္ဈိမ အင်တာနက် စာမျက်နှာသို့ DDoS ပို့လွှတ်ကာ အများဆုံး လာရောက် တိုက်ခိုက်မှု အများဆုံးနိုင်ငံမှာ မလေးရှားနိုင်ငံ ဖြစ်ပြီး အမေရိကန်မှာ ဒုတိယ အများဆုံး ဖြစ်သည်။

အင်္ဂလန်၊ ကနေဒါနိုင်ငံတို့မှလည်း DDoS ပို့လွှတ်ကာ တိုက်ခိုက်လျက် ရှိနေသည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံအတွင်းမှ လည်း ပို့လွှတ် တိုက်ခိုက်လျက်ရှိသည်ကို တွေ့ရသည်။

မဇ္ဈိမ အင်တာနက် စာမျက်နှာများသည် ၂ဝဝ၇ စက်တင်္ဘာလအတွင်း သံဃာတော်များ ဦးဆောင်သော လူထုဆန္ဒပြချိန်တွင်း၊ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်း တိုက်ခတ်မှုအပြီးနှင့် ၂၀၁၀ ရွေးကောက်ပွဲနီး ကာလများတွင် လည်း ယခုကဲ့သို့ DDoS တိုက်ခိုက်မှုမျိုး ကြုံခဲ့ရဖူးသည်။ အင်္ဂလန်၊ ကနေဒါနိုင်ငံတို့မှလည်း DDoS ပို့လွှတ်ကာ တိုက်ခိုက်လျက်ရှိနေသည်။ အိန္ဒိယနိုင်ငံတွင်း တနေရာနှင့် မြန်မာနိုင်ငံအတွင်းမှလည်း ပို့လွှတ် တိုက်ခိုက်လျက်ရှိသည် ကို တွေ့ရသည်။

မဇ္ဈိမ အင်တာနက် စာမျက်နှာများသည် ၂ဝဝ၇ စက်တင်ဘာ သံဃာတော်များ ဦးဆောင်သော လူထုဆန္ဒပြချိန်တွင်း နှင့် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခတ်မှုအပြီးနှင့် ၂၀၁၀ ရွေးကောက်ပွဲနီး ကာလများတွင်လည်း ယခုကဲ့သို့ DDoS တိုက်ခိုက်မှုမျိုးကြုံခဲ့ရသေးသည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။