မြန်မာ အစိုးရသည် ကာလရှည် ကြာမြင့် ခဲ့ပြီဖြစ်သည့် မြန်မာ-ထိုင်း နယ်စပ်ရေးရာ
ဆွေးနွေး ပွဲများကို ခုနစ်နှစ်ကြာ ရပ်နားထားရာမှ လာမည့် အောက်တိုဘာတွင် ပြန်လည် စတင်ရန် သဘောတူ လိုက်ကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ဌာနက ပြောကြားသည်။
ထိုင်း-မြန်မာ နယ်စပ်ရေးရာ ကော်မတီ၏ ပူးတွဲဥက္ကဋ္ဌ ဗာစင်တီရာဗက်ချယန်က မြန်မာပြည်တွင်းရှိ နိုင်ငံရေး အခြေအနေ ပိုမို တည်ငြိမ်လာ သည်နှင့် အမျှ မြန်မာ အစိုးရသည် ထိုင်းနှင့် နယ်စပ်ရေးရာ ပြဿနာများကို ဖြေရှင်းရန် ကြိုးစားလာနေကြောင်း ပြောသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကျင်းပပြု လုပ်သော မြန်မာ၊ လာအိုနှင့် ထိုင်းတို့၏ နယ်စပ်ဆက်ဆံရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ၄င်းက "မြန်မာဟာ နှစ်နိုင်ငံပူးတွဲ နယ်စပ်ရေးရာကော်မတီ JBC အစည်းအဝေးကို လာမယ့်အောက်တိုဘာမှာ ပုဂံမှာ ပြုလုပ်ဖို့ သဘောတူခဲ့ပြီးပါပြီ။ ရက်အတိအကျကိုတော့ အပြီးသတ် မသတ်မှတ်ရသေးပါဘူး"ဟု ပြောသည်။
မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ နောက်ဆုံးအကြိမ် ပူးတွဲနယ်စပ်ရေးရာကော်မတီ အစည်းအဝေးကို လွန်ခဲ့သော ခုနစ်နှစ်က ကျင်းပခဲ့ပြီး၊ မြန်မာဘက်မှ ပြည်တွင်းရေး အခြေအနေများကြောင့် ယခုအချိန်အထိ ရပ်ဆိုင်းထားခဲ့သည်။ ထိုင်းနှင့် မြန်မာသည် နှစ်နိုင်ငံထိ စပ်နေသော နယ်နိမိတ်အရှည် ၂,၄၀၁ ကီလိုမီတာ ရှိသည်။ မစ္စတာဗာစင်က အသစ်ပြန်လည် စတင်မည့် နှစ်နိုင်ငံအစည်းအဝေးတွင် ထိုင်းနိုင်ငံဘက်ရှိ တက်ခ်ခရိုင်နှင့် မြန်မာနိုင်ငံဘက်ရှိ မြ၀တီမြို့အကြား စီးဆင်းလျှက်ရှိသည့် မော်အီမြစ်(မြန်မာဘက် မှအခေါ် သောင်ရင်းမြစ်) နယ်စပ်တစ်လျှောက် ဖြစ်ပေါ်နေသည့် ပဋိပက္ခများအရေး အဓိက ဆွေးနွေးဖြစ်မည်ဟု ပြောသည်။ ထို့အပြင် နှစ်နိုင်ငံသည် နယ်စပ်ရေး ရာကိစ္စများ စေ့စပ်မှုအတွက် လမ်းညွှန်ချက် guideline အနေဖြင့်သုံးရန် နားလည်မှု စာချွန်လွှာတစ်ရပ် လက်မှတ်ထိုးရေး ကိုလည်း ဆွေးနွေးရန် ပြင်ဆင် ထားကြောင်း သတင်းရရှိသည်။
-Ref:Bangkokpost
Source by :http://www.yoyarlay.com/

0 comments:
Post a Comment