မလေးရှားနိုင်ငံ ပူချုန်း ၁၄ မိုင် Puchong Utama (Maju Jaya ) တွင် တလာင်္နေ့ နံနက် ၁ နာရီကျော်အချိန်က မလေးနိုင်ငံသားဆာဗား လူမျိုး ၃ ဦးက အရက်မူးပြီး မြန်မာလူမျိုး ထားဝယ် ၂ ယောက်အား စတင်ရန်စ ထိုးကျိတ် ရာမှ မြန်မာ ၂ ယောက်က အနီးအနားရှိ မြန်မာများ အားပြောပြရာ မြန်မာ များမခံမရပ်နိုင်ဖြစ်ကာ လူစုပြီး ထိုရန်စသောဆာဗား ၃ ယောက်အား ဝိုင်းဝန်း ထိုးကြိတ်ရာမှ ဆာဗာ ၂ ယောက် ဆေးရုံတွင် သေဆုံးသွားခဲ့ သည် ကျန်တစ်ယောက်လည်း ဆေးရုံတွင် အတွင်းလူနာ အဖြစ်ဆက်လက် ကူသမှု ခံယူနေရသည်။
ထိုကစ္စကိုမကျေနပ်သော ဆာဗာ လူမျိုးများသည် လူစုပြီး ၂၃.၈.၁၂ ညနေအချိန်ခန့်တွင် ဆာဗားလူမျိုး အယောက် ၁၀၀နီးပါးခန့်သည် မင်းမဲ့စရိုက်ဆန်ဆန် မာဂျုဂျာရာ ဖလက်တန်း အနီးတွင် တွေ့ရာမြန်မာ များအားထိုးကြိတ်ကန်ကြောက်မေးမြန်းရာ မြန် ၁ ဦးသေဆုံးသွားခဲ့သည် ကျန်သောသူများမှာ ဆေးရုံတွင် အရေးပေါ်ကူသမှူခံနေရသည် မြန်မာ များအားဆာဗားများမှ အုပ်စုလိုက် ထိုးကြိတ်ချိန် အနီးအနားတွင် ရဲများရှိနေခဲ့ သော်လည်း ဝင်ရောက် ဟန့်တားခြင်း မရှိပဲ အဝေးကသာ မလုပ်ရန် လှမ်းအော်ခဲ့သည် ဆာဗားများအား ရဲများက ဖမ်းဆီးခြင်းမရှိပေ ညပိုင်းအချိန်များတွင် လူနေအိမ်များ အားတက်ရောက်ကာ အတင်းဝင်ပြီး စစ်မေးထိုးကြိတ်သွားပါသည်။
မသင်္ကာသူများ အားဖမ်းဆီးခေါ်ဆောင်သွားပြီး သေလားရှင်သလား မသိရသေးပါ ယခု အခါ ရဲများကလည်း မြန်မာများအားခေါ်ယူစစ်ဆေးပြီး ဖမ်းဆီးနေပါသည် မြန်မာ အယောက် ၂၀ ခန့် လည်းရဲစခန်းမှာ အဖမ်းခံနေရပါသည် ပြန်မလွှတ်သေးပါ ယခင်အချိန်က ဒီနေရာသည် အရမ်းအေးချမ်းပြီး ပန်းခြံထဲ တွင် မြန်မာများခြင်းခတ် အရက်သောက် ဘော်လီဘောပုတ် ဘောလုံးကန် ကွမ်းယာဆိုင်များလား တကယ်မြန်မာပြည်အလား လေကားတစ်ခုတွင် တစ်ဆိုင်နှုန်းနှင့် တကယ် မြန်မာပြည်အလား စည်ကားသောနေရာဖြစ်ပါသည်။
ယခုအခါ တကယ်ရိုးရိုး သားသားလုပ်ကိုင်နေသော မြန်မာများမှာ အိမ်ထဲမှာလည်းမနေရဲ အပြင်လည်း မထွက်ရဲ ထွက်ပြေးတဲ့ လူက ထွက်ပြေး ကျီးလန့်စာစား ဘဝမျိုးနှင့် နေနေရပါသည် ဖလက်တန်းပေါ်က မြန်မာ အိမ်တော်တော် များများမှာလည်း လူတွေ မနေရဲတော့ သဖြင့် အိမ်တံခါးသော့ ခတ်ပြီး ကိုယ်နဲ့ နီးရာ မိတ်ဆွေ သူငယ်ချင်းများ အိမ်တွင် သွားရောက် ရှောင်တိန်း နေရပါသည် ထို အချိန်ကို အခွင့်အရေးယူပြီး အိန္ဒိယကုလားများမှ လည်း နေအိမ်များကို နေ့ခင်းကြောင်တောင် မှာတောင်ဖောက်ထွင်း ယူငင်နေကြပါတယ်။
ဆာဗားများကလည်း မင်းမဲ့ တိုင်းပြည်အလား လမ်းပေါ်တွင် ဆိုင်ကားများ ကားများဖြင့် မြန်မာများအားလိုက်လံ ရှာဖွေ ထိုးကြိတ် သတ်ဖြတ် နေပါသည် ရဲများကလည်း မြန်မာမှန်လျှင်ဖမ်းမည် ဆိုပြီး မြန်မာများအား စစ်မေး ဖမ်းဆီးနေပါသည်။
ယခုအချိန်တွင် မြန်မာ ဆိုင်များ အားလုံးပိတ်ပြီး လမ်းပေါ်တွင် မြန်မာလူမျိုး မရှိဘူးထင်ရလောက်အောင် မတွေ့ရတော့ပေ ရဲများကလည်း ဟိုနားတစ်စု ဒီနားတစ်စု ကင်းများချပြီး စစ်မေးနေပါသည် ဆက်စပ် သတင်းအရ ယနေ့ညတွင် ဆာဗားနဲ့ ရဲ ပူးပေါင်းအဖွဲ့သည် မြန်မာနေအိမ်များ အားလိုက်လံ စစ်ဆေးမည် ဖြစ်ကြောင်း ကျွန်တော်လည်း အပြင်မထွက်ရဲလို့ အိမ်ထဲတွင်သာ ပုန်းနေရကြောင်း အသိပေးအပ်ပါသည်ခင်ဗျား။
thetmin
Source by :http://www.edinooyin.com/profiles/blogs/4347155:BlogPost:5791685

1 comments:
မလေးရှားမှာ မြန်မာသံရုံးက ဘယ်နားသွားနေလဲ ပိုက်ဆံတောင်းဘိုရာလောက်သာ ကိုယ်နိုင်ငံသားတွေး ဘာဖြစ်နေတယ်ဆို တာကို မသိခြင်းယောင်ဆောင်နေတယ်။လေးစားလောက်ပါတဲ့ မြန်မာဝန်းကြီးများ ခင်ဗျာ
Post a Comment