Home » , » အင်းစိန် ပန်းခြံ အနီး ဆန္ဒ ထုတ်ဖော်သော ဈေးသည် အချို့ခေါ်ယူ စစ်ဆေးခံရ

အင်းစိန် ပန်းခြံ အနီး ဆန္ဒ ထုတ်ဖော်သော ဈေးသည် အချို့ခေါ်ယူ စစ်ဆေးခံရ

Written By မောင်စေတနာ on Wednesday, August 8, 2012 | 2:15:00 PM



အင်းစိန် ပန်းခြံ အနီး ဆန္ဒ ထုတ်ဖော်သော ဈေးသည် အချို့ခေါ်ယူ စစ်ဆေးခံရအင်းစိန် ပန်းခြံ အနီး တစ်ဝိုက်ရှိ ပျံကျဈေး သည်များ ဈေးရောင်း ချခွင့် တားဆီး ခံရသောကြောင့် အဆိုပါနေရာတွင် ဈေးသည်နှစ်ဆယ်ကျော် ယနေ့(သြဂုတ် ၆ ရက်) မွန်းလွဲ ၃ နာရီမှ ၅ နာရီထိ နှစ်နာရီခန့်အကြာ ဆန္ဒဖော်ထုတ်ခဲ့ရာ ဈေးသည် ၁၁ ဦးကို ဖမ်းဆီးခေါ်ဆောင်ကာ စစ်ဆေးနေကြောင်း အင်းစိန် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

``ယောက်ျားနှစ်ယောက်နဲ့ အမျိုးသမီးကိုးယောက်ကို ခေါ်စစ်နေပါတယ်။ သူတို့ကို စစ်ဆေးနေဆဲပါ။ စစ်ဆေးပေါ်ပေါက်ချက်အရ ဗိုလ်ကြီးတို့ စခန်းမှူးတို့က အရေးယူပါလိမ့်မယ်´´ဟု ယနေ့ည ၈ နာရီ ၁၅ မိနစ်တွင် ၄င်းကပြောသည်။

ပျံကျဈေးသည် ၃၉ ဦးအနက် ၂၀ ကျော်သည် ``ဈေးသည် ဈေးမရောင်းရ၍ အလှူခံနေသည်၊ စေတနာရှင်များ ကူညီပါ´´ စာတန်းအား ကတ်ထူစက္ကူများပေါ်တွင် ရေးသားကိုင်ဆောင်ကာ ပလက်ဖောင်းပေါ်တွင် တောင်းခံနေကြခြင်းဖြစ်သည်။ မိမိတို့သည် ဆန္ဒပြခြင်းမဟုတ်၍ ဆန္ဒပြခွင့် တောင်းမထားကြောင်း ပြောဆိုသည်။

Source by :http://www.yoyarlay.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။