Home » , » ပိတ်ပင် ခံထားရသည့် ဂျာနယ် နှစ်စောင် ပြည်လည် ထုတ်ဝေ ခွင့်ရရှိ

ပိတ်ပင် ခံထားရသည့် ဂျာနယ် နှစ်စောင် ပြည်လည် ထုတ်ဝေ ခွင့်ရရှိ

Written By မောင်စေတနာ on Wednesday, August 8, 2012 | 2:10:00 PM



စာပေ စိစစ်ရေးမှ စည်းကမ်း ချိုးဖောက် သည်ဟုဆိုကာ အကန့်အသတ် မရှိ ထုတ်ဝေ ခွင့် ရပ်ဆိုင်း ထားခဲ့သော The Voice Weekly ဂျာနယ်နှင့် Envoy ဂျာနယ်တို့အား လာမည့် သြဂုတ်လ ၁၈ ရက်တွင် ပြန်လည် ထုတ်ဝေခွင့်ပြုသွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းနှင့်ပတ်သက်၍ The Voice Weekly ဂျာနယ် ဖေ့ဘွတ်စာမျက်နှာတွင် ““ လာမည့် သြဂုတ်လ ၁၈ ရက်နေ့တွင် The Voice Weekly အပတ်စဉ်ထုတ် သတင်းစာစောင် ပြန်လည်ထုတ်ဝေသွားမည် ဖြစ်ပါကြောင်း စာဖတ်ပရိသတ်များနှင့် မြန်မာနိုင်ငံသားများအားလုံးကို လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါသည်။

စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန၏ ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းခံထားရသည့် ကာလအတွင်း The Voice Weekly ကို အားပေးထောက်ခံ ခဲ့ကြသော စာဖတ်ပရိတ်သတ်များ၊ ပုံနှိပ်သတင်းမီဒီယာ အသိုင်းဝိုင်းမှ လုပ်ဖော်ကိုင်ဘက်များ၊ နိုင်ငံရေး၊ စီးပွားရေး လှုမှုရေး နယ်ပယ် အသီးသီးမှ သတင်းရင်းမြစ်များနှင့် လူပုဂ္ဂိုလ်များအသီးသီးကို အထူး ကျေးဇူးတင်ရှိပါကြောင်းနှင့် အထူး အသိအမှတ်ပြု မှတ်တမ်းတင်အပ်ပါကြောင်း။

ဂျာနယ်ပြန်လည်ထုတ်ဝေသွားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်းအဖြစ် ဖော်ပြထားပြီး Envoy ဂျာနယ်အယ်ဒီတာချုပ် စင်ရော်မောင်မောင်ကလည်း သူ၏ဖေ့ဘွတ်စာမျက်နှာတွင် Envoy ဂျာနယ်ပြန်လည် ထုတ်ဝေခွင့်ရခြင်းနင့်ပတ်သတ်ပြီး ဂျာနယ်ပိတ်ခံရစဉ် ဆက်သွယ်မေးမြန်းခဲ့ ကြသည့် ပြည်တွင်းပြည်ပ ENVoy ဂျာနယ် ပရိတ်သတ်များ၊ လာရောက်အားပေးခဲ့ ကြသည့် Stop Killing Press လှုပ်ရှားခဲ့ကြသည့် ပြည်တွင်းဂျာနယ် သတင်းထောက်များ အယ်ဒီတာများ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် အဖွဲ့ များ၊ ဂျာနယ်ပြန်လည် ထုတ်ဝေခွင့်ပြုခဲ့  သည် ပြန်ကြားရေး ၀န်ကြီးဌာနနှင့် နိုင်ငံတော် အကြီးအကဲ များအား(ရင်နှင့်အမျှ)ကျေးဇူး တင်ကြောင်း ဖြင့်ဖော်ပြ ထားကြောင်းသိရသည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။