Home » , » မလေးရှားနိုင်ငံ ပီနန် ဘာတာဝပ်မြို့တွင် ရခိုင်လူမျိုးတစ်ဦး ရိုက်နှက်ခံရမှု ဖြစ်ပွား

မလေးရှားနိုင်ငံ ပီနန် ဘာတာဝပ်မြို့တွင် ရခိုင်လူမျိုးတစ်ဦး ရိုက်နှက်ခံရမှု ဖြစ်ပွား

Written By မောင်စေတနာ on Thursday, August 16, 2012 | 11:41:00 PM



မလေးရှားနိုင်ငံ ပီနန် ဘာတာဝပ်မြို့တွင် ရိုဟင်ဂျာများနှင့် ရခိုင်လူမျိုးများ ရိုက်နှက်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်တာက ၁၂.၈.၂၀၁၂ ရက်နေ့ တနင်္ဂနွေနေ့မှာ ဖြစ်တာပါ။ အဲဒီနေ့က ရခိုင်လူမျိုး ၅ယောက်က (BM)ပလာဇာကနေ ဘိုကစ်မင်ည(စ်) အိမ်ကိုအပြန် ကားပေါ်ကဆင်းပြီး လမ်းလျှောက်သွားနေတဲ့ အချိန်ပေါ့။ ည ဂ နာရီလောက်ဖြစ်နေပြီ။ အဲဒီမှာ ရိုဟင်ဂျာ ၁၇ယောက် ၁၈ယောက် လောက်ရှိတဲ့ အုပ်စုက အနားကို ကပ်လာပြီး
ဘာမပြော ညာမပြောနဲ့  မင်းတို့  ရခိုင်လူမျိုး ဗုဒ္ဒဘာသာတွေကို မျိုးဖြုတ်ပြစ်မယ်ဆိုပြီး ဝိုင်းရိုက်ကြပါတယ်။

ဒီလိုနဲ့ ကျွန်တော်လည်း ခြေဦးတည့်ရာ ပြေးရင်းနဲ့ သူငယ်ချင်းတွေနဲ့ လူစုကွဲ သွားခဲ့တယ်။ ပြေးရင်းနဲ့ တွေ့တဲ့စက်ရုံ ထဲဝင်ပြေးတော့ နောက်ကလိုက် လူအုပ်က တော်တော် များတော့ ပြေးရတာ မလွယ်ကူဘူး ကျွန်တော့်မှာ ဒဏ်ရာတွေ ရလိုက်တယ်။ ဒဏ်ရာတွေနဲ့ အတူ ထွက်ပြေးရင်း ရေမြောင်း တစ်ခုထဲမှာ ကျွန်တော် ဝင်ပုန်းနေခဲ့တယ်။



( ပခုံးတွင် ရရှိသော ဒဏ်ရာ - ဓာတ်ပုံ- မလေးရှား အွန်လိုင်း မီဒီယာ)

ညလည်း အပြင်ကို မထွက်ရဲဘူး။ မနက်လင်းတော့ လမ်းမပေါ်တက် တက္ကစီ တားပြန်တော့လည်း သွေးတွေနဲ့ ဆိုတော့ တက္ကစီသမား တော်တော်များက မရပ်ပေးကြဘူး။ နောက်မှ ကျွန်တော် သူငယ်ချင်းဆီကို လမ်းဘေး ဖုန်းနဲ့ စကားပြောဖြစ်တော့မှ သူငယ်ချင်းက တက္ကစီနဲ့ ရောက်လာပြီး ဆေးခန်း သွားပြတယ်။

သွေးတွေက ထွက်နေတော့ ဆေးခန်းကလက်မခံ ပြန်ဘူး။ နောက်တော့ ကျွန်တော် နားလည်သူတွေကို အကူညီတောင်းပြီး ဆေးရုံကို ရောက်ခဲ့တယ်။ ဒဏ်ရာကတော့ ခါး ၊ လက်မောင်းနဲ့ ပခုံးနဲ့ ဦးခေါင်းမှာ ဒဏ်ရာရသွားပါတယ်။

"နောက်ထပ် ကျွန်တော်လို့ အဖြစ်ဆုံးမျိုးနဲ့ မကြုံရအောင် မလေးရှားမှာ နေထိုင်တဲ့ မြန်မာတွေအားလုံး ဂရုစိုက်ပြီး နေစေချင်ပါတယ် " ကိုယ်တိုင် ကြုံတွေ့ရသော ဂျွန်ကို(ခ)ဇော်မြင့်ထွန်း မှ မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာသို့ ပြောပြခဲ့ပါသည်။



( ဦးခေါင်း နောက်ကျောတို့တွင် ရရှိသော ဒဏ်ရာ - ဓာတ်ပုံ- မလေးရှား အွန်လိုင်း မီဒီယာ)

ဒဏ်ရာရသော ဂျွန်ကို(ခ)ဇော်မြင့်ထွန်း သည် မြန်မာနိုင်ငံ ရသေ့တောင်မြို့နယ် မကျေးကျွန်း ညောင်ပင်လယ် ကျေးရွာမှ နေထိုင်ပြီး မလေးရှားသို့ မကြာသေးမှီက ရောက်သူဖြစ်ကာ အဖေလည်း မရှိတော့ပဲ စိတ်မနှံသော အစ်ကိုနဲ့ အမေဖြစ်သူကို လုပ်ကျွေးနေသူ ဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဖြစ်ပွားသော လူမျိုးရေး ဘာသာရေး ကိစ္စများနဲ့ ပက်သက်ပြီး ပြည်ပရောက်နေကြသော ရိုဟင်ဂျာ လူမျိုးများနှင့် ရခိုင်လူမျိုးများ များသည် မကြာခဏ ဆိုသလို မလေးရှားနိုင်ငံ မြို့ကြီးများတွင် ပြသာနာ ဖြစ်နေပြီး ပြီးခဲ့သောလက ကေအယ်မြို့ရှိ ရခိုင်ပိုင် မြန်မာ့ဥယျာဉ် စားသောက်ဆိုင် ပေါ်တက်ပြီး ရန်ပြသာနာများ ဖြစ်ပွားသွားကြောင်း သိရှိရပါသည်။

မလေးနိုင်ငံအတွင်း နေထိုင်ကြသော မြန်မာများ အနေဖြင့် အန္တရာယ်ကင်း ဝေးစေရန်အတွက် သတိထား နေထိုင်ကြပြီး ညနက်အချိန်တွင် အပြင်သို့သွားလာမှုကို ဂရုစိုက်ကြပါရန် အသိပေး အပ်ပါသည်။ သတင်း ဓာတ်ပုံနှင့် ပက်သက်ပြီး ကိုမြင့်သူဝေ နှင့် ဂျွန်ကို(ခ)ဇော်မြင့်ထွန်း တို့အား မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ မှကျေးဇူးတင်ပါသည်။
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။