Home » , , » Acer Aspire S7 Ultrabook တွင် Windows8 အသုံးပြုနိုင်

Acer Aspire S7 Ultrabook တွင် Windows8 အသုံးပြုနိုင်

Written By မောင်စေတနာ on Friday, August 17, 2012 | 10:37:00 AM



Acer Aspire S7 Ultrabook တွင် Windows8 အသုံးပြုနိုင်တရုတ် (တိုင်ပေ) အခြေစိုက် ကုမ္ပဏီဖြစ်သည့် Acer သည် ၄င်း တို့၏ ထုတ်ကုန် သစ်ဖြစ်သည့် Acer Aspire S7 ကို ၂၀၁၂ Computex ပြပွဲ ၌ မိတ်ဆက် ပြသခဲ့ပြီးနောက် အဆို ပါထုတ်ကုန်နှင့် ပတ်သက်သည့် ဈေးနှုန်းနှင့်မည်သည့်ရက်တွင်တ ရားဝင်ဖြန့်ချိမည်ဆိုသည့်အချက် များကို ထုတ်ဖော် ကြေညာ ခဲ့ပြီးဖြစ် သည်။

လက်ရှိဈေးနှုန်းအရ ၁၄၆၅ ဒေါ်လာကျသင့်မည်ဖြစ်ပြီး လာ မည့် စက်တင်ဘာလအကုန်၌ ဈေး ကွက် တင်ပို့မည်ဖြစ်သည်။ Acer ၏တရားဝင်ဖြန့်ချိမည့် အချိန်အရ ကနဦး ဈေးကွက် သို့ ရောက်ရှိလာမည့် Aspire S7 တွင် Windows 7 ကိုတစ်ပါတည်းထည့် သွင်းပေးထားပြီးWindows 8 ကို အောက်တိုဘာလ ၂၆ရက်တွင်တရားဝင်ဖြန့်ချိမည်ဖြစ်သည့် အတွက် အဆိုပါ Aspire S7 တွင်Windwos 8 တိုးမြှင့်သုံးစွဲရန် နောက်ထပ်တစ် လခန့်သာစောင့်ဆိုင်းရမည်ဖြစ် သည်။

Aspire S7 Ultrabook တွင် Core i5 Ivy Bridge processor ၊ 128GB ပမာဏရှိSSD၊ 4GB RAM၊ HDMI port တို့နှင့်အတူ USB နှင့်memory card readers ports တို့လည်း ပါဝင်မည်ဖြစ်သည်။

battery သက် တမ်းမှာလည်း ၁၂နာရီအထိအသုံး ပြုနိုင်သည့်အတွက် စိတ်ကျေနပ် စရာကောင်းသည့် အချက်တစ်ခုဖြစ် သလို backlit keyboard စနစ်က လည်းညအချိန်မှောင်မည်းနေသည့် နေရာများတွင်လည်း လက်ကွက် ကိုထင်သာမြင်သာရှိစွာဖြင့်အသုံး ပြုနိုင်ဦးမည်ဖြစ်သည်။

လက်ရှိတွင် Acer ကုမ္ပဏီသည် Aspire S7 ultrabook ကို အရွယ်အစားအားဖြင့်ရွေး ချယ်နိုင်စေရန် 11.6inch နှင့် 13.3inch ဆိုပြီးနှစ်မျိုးနှစ်စားထုတ်လုပ်ထား သည်ဟု သိရှိရသည်။

ထို့အပြင် လက်ရှိအသုံးပြုထားသော hardware ပိုင်းဆိုင်ရာများကိုလည်းတိုး မြှင့်သုံးစွဲနိုင်သည်ဟုလည်း Acer က အာမခံထားသည်။ အဆိုပါhardware တိုးမြှင့်မှုတွင်RAM၊ SDD space တို့နှင့်အတူ Core i7 chip ရွေးချယ် နိုင်မှုလည်း ပါဝင်မည်ဖြစ်သည်။

much-hyped touchscreen ဖြည့်စွက် နိုင်မှုကိုရရှိနိုင်ပြီးအဆိုပါဖြည့်စွက် တပ်ဆင်မှုအတွက် မည်မျှထပ်မံ ကုန်ကျမည်ကိုကြေညာခြင်း မရှိ သေးပေ။ Acer ၏ Aspire S7 မှာ Apple ၏ MacBook Air ၏ coating နှင့်မတူညီသည့် white glass coating ကိုအသုံးပြုထားသည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။