Home » , , » ကိုမြကြိုင်နှင့်အဖွဲ့မှ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့သို့ နေ့လည်စာဖြင့် ကျွေးမွေးလှူဒါန်း သတင်းဓာတ်ပုံများ

ကိုမြကြိုင်နှင့်အဖွဲ့မှ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့သို့ နေ့လည်စာဖြင့် ကျွေးမွေးလှူဒါန်း သတင်းဓာတ်ပုံများ

Written By မောင်စေတနာ on Thursday, August 23, 2012 | 6:20:00 PM


၂၂.၈.၂၀၁၂ ဗုဒ္ဓဟူးနေ့ ရက်နေ့တွင် မလေးရှားနိုင်ငံ ချဲရတ်စ် ဘစ်စစ်နက် စင်တာမှာနေထိုင်တဲ့ PATAYA THAI SEAFOOD စားသောက်ဆိုင်မှ ကိုမြကြိုင်နဲ့ ရွှေမြန်မာ ညီအစ်ကိုများမှ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်ရုံးခန်းသို့ လာရောက်ပြီး ရုံးအဖွဲ့သားများအား နေလည်ဖြင့် လာရောက်ကျွေးမွေး လှူဒါန်းပြီး ခဲ့ပါတယ်။



ကျွန်တော်တို့ အနေနဲ့ကတော့ ဒီလိုမျိုး မလေးရှားနိုင်ငံမှာ သွေးလှူရှင် အဖွဲ့ တည်ထောင်ပြီး စည်းစည်း လုံးလုံးနဲ့ ပရဟိတတွေကို လုပ်ဆောင်နေတော့ အရမ်းပီတိ ဖြစ်မိပါတယ်။ လေးစားမိပါတယ်။ အခုလို နိုင်ငံခြားမှာ ဒီလိုအဖွဲ့ရှိနေတဲ့ မြန်မာတွေ အရမ်း ကောင်းပါတယ်။ ဥပမာ ၊ သွေးလှူတာ ၊ နာရေးကိစ္စ ကူညီပေးတာ ၊ ကျန်းမာရေး စောင့်ရှောက်ပေးတာ တို့ပေါ့။

ဒီလိုလုပ်ဆောင် ကူညီပေးနေတော့ မလေးရှားရောက် မြန်မာတွေအတွက် အထောက် အကူပြုတာပေါ့။ ဒီနေ့ ကျွန်တော်တို့ ရုံးကိုလာတာက ၇ယောက်ဖြစ်ပါတယ်။ အလုပ်ပိတ်ရက်ရတော့ ဒီနေ့ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် ရုံးကို ပထမဆုံး အကြိမ်အဖြစ် လာရောက်ပြီး မိတ်ဆက်တာပါ။ ပြီးတော့ နေ့လည်စာဖြင့် လာရောက် ကျွေးမွေး လှူဒါန်းတာပါ။ ကျွန်တော်တို့ ဒီမှာ မန်ဘာလည်း ဝင်သွားမှာပါ။ နောက်ဆိုရင် ကျွန်တော်တို့ တတ်နိုင်တဲ့ဖက်ကနေ ပရဟိတကိစ္စတွေမှာ ကူညီ လုပ်ဆောင်ပေးဖို့ ရှိပါတယ်လို့ ကိုမြကြိုင်မှ ပြောပါတယ်။



မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူ အောင်မြန်မာစားသောက်ဆိုင် နဘေးတွင် ဖွင့်လှစ်ထားသော နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့တည်ရှိပြီး မလေးရှားရောက် ရွှေမြန်မာများအတွက် အရေးပေါ် သွေးလှူဒါန်းမှုများ နာရေးကိစ္စ ကူညီပေးမှုများ ကျန်းမာရေး စောင့်လျှောက်မှု ပရဟိတ ကိစ္စများကို ကူညီပေးလျှက် ရှိနေပြီး မလေးရှားရောက် ရွှေမြန်မာများ အနေဖြင့် အထက်ပါကိစ္စများကို အကူအညီ တောင်းခံနိုင်ပြီး ပရဟိတကိစ္စများကို အတူတကွ ပါဝင်ကူညီနိုင်ကြောင်း သိရှိရပါသည်။







နေဇော်လင်း

( မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)

News Information & Online Radio Media (Malaysia)
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။