Home » , » မြိတ်မှာဆင်းမယ့် လေယာဉ်ကို ငှက်တွေဒုက္ခပေး

မြိတ်မှာဆင်းမယ့် လေယာဉ်ကို ငှက်တွေဒုက္ခပေး

Written By မောင်စေတနာ on Friday, August 24, 2012 | 1:40:00 AM

http://www.shumanyee.com/2011december/image/airkbz.gif

ကြာသပတေးနေ့ နံနက်ပိုင်းက ထားဝယ်လေဆိပ်မှ မြိတ်-ကော့သောင်း ခရီးစဉ်အဖြစ် ပျံသန်းသော Air KBZ လေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် K7-319 XY-AIW သည် မြိတ်လေဆိပ်သို့ ဆင်းသက်ခါနီးတွင် ငှက်များနှင့် တိုးတိုက်မိပြီး လေယာဉ်အင်ဂျင်ထဲသို့ ငှက်နှစ်ကောင် ၀င်ရောက်သွားခဲ့သည်။

လေယာဉ်မှာမူ မြိတ်လေဆိပ်သို့ အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့ပြီး ခရီးသည်များ တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်လေယာဉ်မှာမူ ခရီးစဉ်ကို ဆက်လက်ပျံ သန်းနိုင်ခြင်းမရှိဘဲ ယနေ့ညတွင် မြိတ်လေဆိပ်၌ ညအိပ်ရပ်နား နေရသည်။

ယနေ့ ခရီးစဉ်များအဆင်ပြေစေရန်အတွက် မြန်မာ့လေကြောင်းမှ MA_60 လေယာဉ်ကို ငှားရမ်းကာ အစားထိုး ပျံသန်းပေးခဲ့ကြောင်း လေကြောင်းသတင်းရပ်ကွက်ထံမှ သိရသည်။

သတင်း - ဖိုးဇော်(ထားဝယ်)
ဓာတ်ပုံ - ရှုမငြီးမဂ္ဂဇင်း

Source by :blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။