Home » , » မုံရွာမြို့ အထက (၂) နမဝတန်းဆောင် ဝရံတာ ပြိုကျမှု ဖြစ်ပွား

မုံရွာမြို့ အထက (၂) နမဝတန်းဆောင် ဝရံတာ ပြိုကျမှု ဖြစ်ပွား

Written By မောင်စေတနာ on Tuesday, July 24, 2012 | 2:04:00 PM



ဇူလိုင်လ၂၃ရက်နေ့ နေ့လည်၂ နာရီ အချိန်ခန့်တွင် မုံရွာမြို့ရှိ အထက (၂) အတွင်းရှိ နမဝတန်းဆောင်တွင် ဝရံတာ ပြိုကျမှု ဖြစ်ပွားခဲ့တယ်လိုသိရပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိတဲ့ ကျောင်းသူ/သား (၁၅) ဦးရှိပါတယ်တဲ့။ ဒဏ်ရာ (၂) ဦးမှာ စိုးရိမ်ရသည့် အခြေအနေ ရှိပါတယ်လို သတင်းရရှိပါတယ်။

ကျောင်းသူနှစ်ဦးက တော့ စိုးရိမ်ရတဲ့ အနေအထားရှိတယ်။ ဖြစ်ဖြစ်ခြင်းက “ကျတော်တို့ ဝင်ခွင့်မရခဲ့ဘူး စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး ရောက်နေတော့ လာကြည့်နေချိန်ကြောင့်ပါ” ဒဏ်ရာရတဲ့ သူတွေကို လောလောဆယ် မုံရွာပြည်သူ့ ဆေးရုံကြီးမှာ ကုသပေးနေပါတယ်။

အချို့ကိုတော့ မန္တလေးကို ပို့ပြီး ကုသမယ်ဖြစ်ကြောင်း မုံရွာခရိုင်ကျောင်းသားများ သမဂ္ဂမှ ကျောင်းသား တစ်ဦးက ပြောကြားခဲ့ပါတယ်။

အဲဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် ကျောင်းအုပ်ဆရာကြီးက အငြိမ်းယူတော့မှာကြောင့် နုတ်ဆက်ပွဲ ကျင်းပတဲ့နေ့ ဖြစ်ပါတယ်တဲ့။ ကျောင်းသားတွေ စာသင်ခန်းပြင်ပ စည်ကားတာလဲ တိုက်ဆိုင်သွားလို့ ဖြစ်မှာပါ ဟု ၎င်းကျောင်းသားတစ်ဦးက ပြောကြားသည်။

နောက်ဆက်တွဲ (၂)ဦးကို မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်းသိရသည်။

ဓါတ်ပုံ- အောင်နေမျိုး(မုံရွာ)

ကိုဝိုင်ဝိုင်ကေ

Source by :http://blog.irrawaddy.org
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။