Home » , » ပြည်သူ့ တပ်မတော်သား ဆိုတာ

ပြည်သူ့ တပ်မတော်သား ဆိုတာ

Written By မောင်စေတနာ on Monday, July 23, 2012 | 2:10:00 PM



ဒိုင်းကို ကိုင်မြောက်ပြီး ၊ အောင်ပွဲနဲ့ ပြန်ချင်ပြန်လာ။ ဒါမှ မဟုတ် ဒိုင်းပေါ်မှာ လှဲလျောင်းလျက် အသက်မဲ့စွာ လာခဲ့ပါ။ အရှုံးပေးပြီး ထွက်ပြေးလာတဲ့ ရှုံးနိမ့်သူတော့ ဘယ်တော့မှ အဖြစ်မခံနဲ့။

အမိမြေ အတွက် အမိပြည်ထောင်စုသားတွေ အတွက် သားအသက်ကို စွန့်ချင်စွန့်ပါ။

သားကောင်း ဇာနည် ပြည်ချစ်သားအဖြစ် တိုင်းပြည်ဝန်ကို ထမ်းပါလို့ အမေတို့မှာကြား သားငယ်အား ပြည်သူ့ စစ်သား အလျောင်းအလျာ ဗိုလ်လောင်း အဖြစ် ရောက်စေဖို့ ရာ ရွှေဒေါက် ငယ်ကို အခုလို တင်ပေးခဲ့တာပါ။

သားရေ ဒါတွေတော့မဖြစ်စေနဲ့။

ဘာတွေလဲဆိုတော့ စစ်တပ်အာဏာနဲ့ လာဒ်တွေ ရသလောက် စား။ ဘယ်သူသေသေ ငတေမာပြီးရော၊ ခိုင်းတာသာ လုပ်၊ ကျွေးတာအကုန်စား။ ပေးတာ အကုန်ယူ၊ ပြည်သူကြည်ဖြူတာတွေ မကြည်ဖြူတာတွေ ဂရုမစိုက်နဲ့၊ အခွင့်သာခိုက် ငွေထုပ်ပိုက်နိုင်အောင် ရသလောက် လာဒ်စား ခြစား ကိုယ်ကျိုးရှာ ။ ရဲ့ဘော် စစ်သားလေးတွေ ဆင်းရဲငတ်ပြတ်နေချိန်မှာ သားက နောက်ဆုံးပေါ် ဇိမ်ခံကားတွေ အိမ်တွေနဲ့ စည်းစိမ်ခံပြီး အာဏာယစ်နေတဲ့ သူ မဖြစ်စေနဲ့။

ကိုယ်ရာထူး တက်ရဖို့ မဖြစ်မနေ ပေးရတဲ့ တပ်သားသစ်တွေကို ငွေကျပ် သိန်းချီပေးပြီး ၀ယ် ၊ အတင်းလူစု စစ်တပ်ထဲသွင်းကြတော့ ( သူတည်း တစ်ယောက် ကောင်းဖို့ရောက်မူ လူနှစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း) လို့ သတ်မှတ်လိမ့်မယ် သားရေ။ သားတို့ တပ်ကိုလည်း ပြည်ချစ် မျိုးချစ် တပ်မတော် အစား ငွေဖြင့် ၀ယ်ထားသော ကြေးစားစစ်သားတွေလို့ မြင်ကုန်ကြမယ် ။ ဒါကိုလည်း အားမပေးပါနဲ့ သားရေ။

အထက် စစ်ဗိုလ်ချုပ်ကြီးတွေကို လာဒ်ထိုးငွေပေးပြီး ရာထူးနေရာ၊ အာဏာ၊ ငွေကြေး အခွင့်အရေး အတွက် ကိုယ့်သိက္ခာကို မှုငဲ့။ အထက်လူကြီးဆိုသူ ကျေနပ်ရင်ပြီးရော အထက်က အမိန့်ဆိုတာနဲ့၊ တရားတာ မတရားတာတွေ မတွေးရဲ မတွေးနိုင် ခိုင်းတာ အကုန်လုပ်တဲ့ စစ်သားမျိုး မဖြစ်စေနဲ့။

အမိန့်နာခံဖို့ တခုသာ သိတဲ့ စစ်သား မဖြစ်စေနဲ့ ငါ့သား ရေ။

တပ်မတော်ကို ပြည်ချစ် တပ်မတော် ပြည်သူ့ တပ်မတော်။ အမျိုးချစ် သော တပ်မတော်ဖြစ်ဖို့ သွားနိုင်ရာ နေရာက အသက်စတေးပြီးပဲ ပေးဆပ်သွားပေ့စေ အမေ့ ရင်ခွင်ကနေ အမေ့သာကို အမေ စွန့်လွှတ်ရပေ့စေ။ သား တာဝန် ကျေပွန်ပါ။ အမေ ကျေနပ်တယ် ငါ့သား ရေ။

ပြည်သူ့အတွက် ပြည်သူ့ အကျိုးစီးပွားကာကွယ်ရေး အတွက် အထက်က ပေးအပ်သောအမိန့်ဆိုရင်တော့ ငါ့သား အမေ့ကိုလည်း မလွမ်းနဲ့။ အမေ့သားကို တိုင်းပြည်အတွက် အမေ လှူပြီးသား အရာရာ ရဲရင့် ရွပ်ချွံစွာနဲ့ သက်ကိုပင်စွန့်ရဲ တိုက်ရဲ တဲ့ ပြည်ချစ်သား ဖြစ်ပါစေ။

ပြည်သူ့ အကျိုးစီးပွားကိုသာ ကာကွယ်စောင့်ရှောက်သော ကာကွယ်ရေး တာဝန်သာ ကျေပွန်ပြီး စစ်သားနဲ့ မဆိုင်တဲ့ အရပ်ဘက် အုပ်ချုပ်ရေး အာဏာမှာ မရူးသွပ်တဲ့ အာဏာ မရူးတဲ့ ပြည်သူ့ စစ်သားစင်စစ် လေးဖြစ်ပါစေ................

ဆိုပြီး အမေက အခုလို ပခုံးပေါ်ကို မွန်မြတ်သော နိုင်ငံ့တာဝန်တွေ ထမ်းရွက်နိုင်ဖို့ သင်္ကေတ အဖြစ် သတ်မှတ်ပေးလိုက်တာပါ။

by ကိုနေမျိုးဇင်

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။