Home » , » ရွှေဝါရောင် မြေပြင်ထက်မှ ရွေ့လျားသွားသော ကြယ်လေးများ (ရသ ဝတ္ထုတို)

ရွှေဝါရောင် မြေပြင်ထက်မှ ရွေ့လျားသွားသော ကြယ်လေးများ (ရသ ဝတ္ထုတို)

Written By မောင်စေတနာ on Friday, July 20, 2012 | 7:56:00 PM



"ဟယ်လို….. လှိုင်ထွန်း စကားပြောနေပါတယ် ခင်ဗျာ….. Golden Land Travel & Tours Co.ltd ကပါခင်ဗျာ…" ရုံးခန်းသို့ ရောက်ရောက်ချင်းပင် မြည်လာသော ဖုန်းကိုကိုင်လိုက်ကာ… ပြောနေကျ စကားအတိုင်း ကျွန်တော့်နှုတ်မှ ထွက်ကျသွား၏။ တစ်ဖက်မှ ပြောသောစကားသံကို ကြားရလိုက်ရသဖြင့် အတတ်နိုင်ဆုံး (English) အင်္ဂလိပ်လို ယဉ်ကျေးစွာ ကျွန်တော် ဖြေဆိုနေရသည်။

တစ်ဖက်မှ ဖုန်းချသွားကာမှ ထိုင်ခုံပေါ်သို့…. ခြေပစ်လက် ပစ်ထိုင်ချလိုက်ရ၏။ နံနက်ပိုင်း စီးလာသော ဘတ်(စ်)ကားကြပ်ပါသည်ဆိုမှ ရုံးသို့ ရောက်ရောက်ချင်းပင်… Tourist ဖုန်း နှင့်တွေ့ရသဖြင့် …. ပိုလို့ပင် အမောဆို့ သွားရသည်….။

ထိုင်ခုံပေါ်တွင် ထိုင်နေရင်းပင်… ကျွန်တော် တစ်ချက်ပြုံး လိုက်မိသည်…။ ပြည်ပခရီးသွားခြင်း ၀န်ဆောင်မှု လုပ်ငန်းအား ၀ါသနာ ပါသောကြောင့်သာ Travel & Tours တစ်ခုတွင် စာရင်းကိုင် (Accountant) နေရာတွင်… လုပ်နေသော်လည်း…. Hotel (ဟိုတယ်လ်) အများအပြားနှင့် ဆက်ဆံရခြင်း ၊ Tourist (နိုင်ငံခြားသား) များနှင့် ဆက်ဆံရခြင်းတို့တွင် မိမိနိုင်ငံအား အထင်မသေး အောင် စကားလှအောင် ပြောနေရသည်နှင့်ပင်… စိတ်ဖိစီးမှု အများအပြား ကျွန်တော့်ထံသို့ ၀င်ရောက်လာသည်။

လုပ်ဖော် ကိုင်ဖက် အချင်းချင်း ပြောစကားများအရ…. အစေခံ ဆားဗစ် (Service) (Travel & Tours) ဟူ၍ ပင်ဖြစ်သည်…။ မှန်နေတော့လည်း… နိုင်ငံခြားသား (Tourist) များလာလျှင် စိတ်တိုင်းကျ အစေခံသဖွယ် ၀န်ဆောင်မှု ပေးနေရခြင်းပင်ဖြစ်သည်။

G-mail ဖွင့်ဖွင့်ချင်းပင် အသစ် ရောက်လာသော မေးလ်(Mail)တစ်ခုကို ကျွန်တော်ဖွင့် ဖတ်ကြည့်လိုက်သည်..။ သြစတေးလျတွင်…. အလုပ်သွား ရောက်လုပ်ကိုင်နေသော သူငယ်ချင်းထံမှဖြစ်သည်..။

သူရေးထားသော စာထဲတွင် နောက်(၂)လဆိုလျှင် သူနိုင်ငံသား ခံယူတော့မည်ဖြစ်ကြောင်း…. မိသားစုနှင့် သူငယ်ချင်းများဆီ…တစ်နှစ်တစ်ခေါက်တော့ လာလည် မည်ဖြစ်ကြောင်း….. သူအားလုံး အဆင်ပြေလျှင် မိသားစုကိုပါ ခေါ်ဆောင်မည်ဖြစ်ကြောင်း စာအရှည်ကြီး တစ်တစ်စောင် ကိုရင်မောစွာ ကျွန်တော် ဖတ်လိုက်ရသည်။ Mail ဖြင့်ပို့လိုက်၍သာ တော်တော့သည်… အပြင်မှာ… သူငယ်ချင်းနှင့် တွေ့လျှင်… ကျွန်တော်နှင့် စကားများရဦးမည်။

"ကလင်…….ကလင်းးးးးးးးးးးးး"

"ဟယ်လို……Golden Land Travel & Tours Co.ltd ကပါခင်ဗျာ…"

"@#$%^…… နင်တို့…ဘယ်လိုလုပ်လိုက်တာလဲ…… အလုပ်ကို သေချာမလုပ်ကြဘူးလား……"

ပျစ်ပျစ်နှစ်နှစ်….. အင်္ဂလိပ်လို ဆဲရေးသံနှင့်အတူ…. ကြားလိုက်ရသောအသံကြောင့်….. ကျွန်တော် မျက်လုံးပြူး သွားရသည်။ France (ပြင်သစ်) မှ ရောက်လာသော (Tourist) ဖွားဖွားကြီး တစ်ယောက်ဖြစ်သည်…. ဟိုတယ်လ်မှ ထွက်သည့်ရက် (Check Out) (၄)ရက်နေ့ ဖြစ်၍…. ဟိုတယ်လ်မှ ထွက်ပြီး လေယာဉ်ကွင်းသို့ အသွားတွင် ….

(၄)ရက်နေ့ ထွက်မည့်လေယာဉ် တွင် သူမနာမည် မပါဘဲ… (၅)ရက်နေ့မှပါမည်ဟု လေယာဉ်ကွင်းမှပြောရ်ျ.. ဟိုတယ်လ်သို့ပြန်အလာတွင် ဟိုတယ်လ်တွင်လည်း (Check Out) အထွက်ပြပြီးသည်ဖြစ်ရ်ျ….. ၀င်မရဖြစ်နေကာ… ကျွန်တော့်ထံ ဖုန်းဆက်လိုက်ခြင်းဖြစ်သည်…။ ပြသနာအား…. အဖြေရှာလိုက်ရာ တွင်…. လေယာဉ် လက်မှတ်ဖြတ်သည့် နေရာတွင်… (၄)နှင့်(၅)အား…. ကွန်ပျူတာတွင် မှားနှိပ် လိုက်ခြင်းပင်ဖြစ်သည်….။

စာရင်းကိုင်ဟု အမည်ခံထားသော်လည်း…… (Toursit)များနှင့် ချိတ်ဆက် ထားသောကြောင့်… ရုံးမှ ဟိုတယ်လ်သို့ ပန်းစည်း တစ်စည်းဝယ်ကာ ကျွန်တော် သုတ်ခြေတင်ရတော့သည်…။ ဟိုတယ်လ်သို့ ရောက်သောအခါ ဧည့်ကြိုကောင်တာတွင် (Reception)တွင်.. (Tourist) ဖွားဖွားကြီးကိုတွေ့လိုက်ရသည်…။ ပန်းစည်းကိုင်၍ အနားသွား သောအခါ…. ဒေါသများ အတုံးလိုက် အတစ်လိုက်ထွက်နေ၍. အသားများ တဆက်တုန်နေသည်ကို ကျွန်တော်တွေ့လိုက်ရ၏။

"@#$%...... အလုပ်ကိုသေချာ မလုပ်ဘူး..... @#$%"

ပန်းစည်းပေးလိုက် သောအခါ ပန်းစည်းအား လွှင့်ပစ်လိုက်ကာ.. ပွစိပွစိဖြင့် ပြောဆိုကာ…. အော်ဟစ် နေတော့သည်..။ ကျွန်တော်နှင့်…. နောက်ထပ် General Manager ပါရောက်လာကာ ဒူးထောက် မတတ်တောင်းပန် ရတော့သည်…။

နောက်ဆုံးတွင် နောက်တစ်ရက် ဟိုတယ်လ်တွင် တစ်ည လက်ဆောင်ပေးနေစေ၍ မနက်စာနှင့်ညစာပါ ထိုဖွားဖွား လက်ဆောင် ပေးလိုက်ရသည်။ အခြားနိုင်ငံမှ နောက်တစ်နိုင်ငံသို့ အသက်ခြောက်ဆယ်ကျော် တစ်ယောက်တည်းလာရဲသော သတ္တိကိုတော့ ကျွန်တော်ချီးကျူးမိ သည်။ ထိုနေ့မှစ၍….. ထိုအလုပ်အား တစတစကျွန်တော် စိတ်ပျက်လာမိသည်…။

*** *** *** ***

"ကလင်……ကလင်းးးးးးးးးးးး"

" ဟယ်လို……Golden Land Travel & Tours Co.ltd ကပါခင်ဗျာ…"

"ဟဲ့….လှိုင်းထွန်းငါပါဟ…..ချစ်ဆုလေဟာ…."

"အေး…ချစ်ဆုပြောလေဟာ…."

"အကူအညီတစ်ခုတောင်းမလို့ပါ…..ဟ"

"ဘာအကူအညီလဲ ပြောလေ…."

"'ဒီလိုဟ….ငါ့အမေရဲ့သူငယ်ချင်း…. ကနေဒါ(CANADA)ကရောက်နေလို့ဟ…. ပုပ္ပါးက အောင်မင်းခေါင်ပွဲကို သွားကြမလို့တဲ့…အဲဒါ နင်..ပုပ္ပါးက တည်းဖို့ဟိုတယ်လ်ရော….. ရန်ကုန်မှာ တည်းဖို့ဟိုတယ်လ်ရော…. သူတို့အကြိုက် အဆင်ပြေအောင်….. ကူညီပေးပါဟာ…. "

"အော်…အေး….ဒါဆို သူတို့ကို Summit Parkview Hotel မှာ စောင့်ခိုင်းလိုက်လေ…. ငါအားလုံး လာလုပ်ပေးလိုက်မယ်."

"အေးအေး…..ငါ့အမေပါ ပါလာလိမ့်မယ်နော်….ကျေးဇူးပဲသူငယ်ချင်း…."

ရုံးမှ ဆင်းဆင်းချင်းပင် ကျွန်တော် ဟိုတယ်လ်ဘက်သို့ ထွက်ခဲ့သည်…. ချစ်ဆု အမေကလည်း…. ကနေဒါမှ(CANADA) မှ ဘယ်လို (Tourist)နဲ့ရင်းနှီးနေသည် မသိပေ….။ ဟိုတယ်လ် ၀င်ဝင်ချင်း စားပွဲခုံပေါ်တွင်…. ကျွန်တော်မြင်လိုက် ရသည်မှာ မြန်မာ အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး နှစ်ယောက်ဖြစ်သည်….။ ချစ်ဆုအမေက ကျွန်တော့်အားမြင်သည်နှင့်…..

"သား….လာ..အန်တီရဲ့သူငယ်ချင်းတွေလေ…. ခင်မြတ်အေးတဲ့….သူက ကနေဒါ( CANADA)နိုင်ငံသား ခံယူထားတာလေ… ဟိုဘက်ကတော့ သူ့အမျိုးသား… သူတို့က ပုပ္ပါးက အောင်မင်းခေါင်ပွဲကို သွားကြမှာ….သားအဆင်ပြေအောင် လုပ်ပေးပါဦး.."

"အန်တီ….ဒီမှာ လိုအပ်တာလေးဖြည့်လိုက်ပါဦး……"

ကျွန်တော် ထိုးပေးလိုက်သော စာရွက်အားကြည့်ပြီး….. ဒေါ်ခင်မြတ်အေး ဆိုသောမိန်းမကြီးသည်… မျက်ခုံး နှစ်ဖက်အား ပင့်ကာ…..သူ့လက်ထဲမှ ပတ်စ်ပို့စာအုပ်အား ကျွန်တော့်ဘက်သို့ လှမ်းပစ်လိုက်ပြီး….

"ဒါ ... မင်းလုပ်ရမယ့် အရာတွေပဲ….. မင်းမသိဘူးလား မင်းပဲဖြည့်လိုက်လေ…. အန်တီကို လာမဖြည့်ခိုင်းနဲ့….."

အထက်ဆီးနိုင်၍ မြန်မာနိုင်ငံသား မဟုတ်ခဲ့သည့် အတိုင်းပင် မြန်မာလေသံဖြင့် ကျွန်တော်အားပြောလိုက်သော စကား တစ်ခွန်းကြောင့်… ကျွန်တော်ကိုယ်များ ဖိန်းကနဲဖြစ်သွားသည်….။ ကူညီပေးရုံ သက်သက် လာခဲ့သော်သူအား…. ဆက်ဆံလိုက်ပုံမှာ မထင်ရက်စရာပင်…. ဒါတောင်ယခင်က မြန်မာ အမျိုးသမီး တစ်ယောက်ဖြစ်သည်….။ ကျွန်တော် မျက်နှာပျက်သွားချင် သော်လည်း ခံစားချက် တစ်ခုကိုထိန်းကာ….. ပြုံးပြလိုက်၍ ....

"ကျွန်တော်က… ချစ်ဆု အကူအညီ တောင်းလို့ လာကူညီတာ ပါခင်ဗျာ ဘာအကျိုးအမြတ်မှ မယူပါဘူး..ခုဒီဟိုတယ်လ်မှာ တည်းမယ်ဆိုရင်လည်း….. 150 ဒေါ်လာပေးရမယ့် နေရာမှာ အန်တီတို့….. 110 ဒေါ်လာပဲ ပေးရတော့ မှာပါ…."

ပြုံး၍ ပြောလိုက်ရသော်လည်း ရင်ထဲမှခံစားချက်တစ်ခုက တဆစ်ဆစ်နာနေသည်…. ထိုမိန်းမကြီးအမျိုးသား မှတ်ပုံတင် ကြည့်လိုက်တော့လည်း မြန်မာနိုင်ငံသား မှတ်ပုံတင်ပဲရှိသေး၏။

"ပုပ္ပါးမှာတော့ ဒီရက်ပိုင်းလူကြပ်တော့……. အန်တီတို့….. Special Room ရမှာ မဟုတ်ဘူးဗျ…. 5Stars Hotel (ကြယ်ငါးပွင့် ဟိုတယ်လ်) ကောင်းကောင်း မှာတော့…နှစ်ယောက်ခန်းတော့ ရလိမ့်မယ်…." ကျွန်တော်ပြောလိုက်သောအခါ….. ဒေါ်ခင်မြတ်အေး၏ နှုတ်ခမ်းသည် အောက်သို့ အနည်းငယ်တွန့်သွားပြီး…

"အို…(Special Room)မှ မရရင် မတည်းပါဘူး…. မင်းဆီက မရရင် ငါတို့ဖာသာ….. ဘုတ်ကင်ယူတော့မယ်.."

"အန်တီ့ သဘောပါပဲခင်ဗျာ ကျွန်တော်တို့တောင် မရရင် အန်တီတို့လည်း မလွယ်ပါဘူး….. ကျွန်တော် ကူညီတယ်ဆိုတာ အန်တီတို့ တစ်ရက်ကို ဒေါ်လာ20-30လောက် သက်သာမှာပါ…" ကျွန်တော့စကားသံတွင် ဒေါသသံအချို့ဆွတ်ပါလာသည်ကို သတိထားမိသော သူမ၏အမျိုးသားသည်…. သူမ.. ထိုင်နေရာမှ ခဏ ထွက်သွားသောအခါ…. ကျွန်တော့်နားကပ်၍ …. "စိတ်မရှိပါနဲ့…….သားရယ်….သူက ကနေဒါ(CANADA)က ကုမ္ပဏီ တစ်ခုမှာ မန်နေဂျာမို့လို့ပါ…."

မြန်မာပြည်မှာ နေခဲ့တာ မဟုတ်ဘူးလား ဟူသောမေးခွန်းကို ကျွန်တော် မေးလိုက်ချင်သည်…..။ မြန်မာပြည်မှာပဲမွေး…. ဒီပြည်မှာပဲကြီး ပြီး…. ဟိုတယ်လ် အကောင်းစား ကိုတောင် ရွေးနေရ လောက်အောင်….. ဒီမိန်းမ ဘ၀မေ့သွားပြီလားဟု ကျွန်တော့်စိတ်ထဲတွင် အကြိမ်ကြိမ် ပေါက်ကွဲနေမိသည်…။

"ရောမရောက်ရင်…..ရောမလိုကျင့်" ဟူသော စကားတောင် ရှိသေးသည်… ကနေဒါ(CANADA) တွင် သူမဖာသာ ဘာကြီးပဲဖြစ်နေပါစေ။ သူမရောက်နေသည်မှာ မြန်မာပြည်ဟု ပြောပြန်လျှင်လည်း…. သူမသည်ယခင်က မြန်မာနိုင်ငံသား တစ်ဦးဖြစ်သည်။ ယခုတွင် တခြားနိုင်ငံမှလာသော Tourist တစ်ယောက်ဖြစ်သည်။ သူမလာသည်မှာ လည်း ပုပ္ပါး အောင်မင်းခေါင်ပွဲဖြစ်သည်။ Tourist တော့ Tourist ပင် ဘယ်လို နာမည်ပေးရမှန်းပင် ကျွန်တော် မသိတော့ချေ။

Tourist မဟုတ်သော Tourist မိန်းမကြီး၏ ကိစ္စပြီးသောအခါ…. ဟိုတယ်လ်မှ ထွက်ထွက်ချင်းပင် လေကိုတ၀ကြီး ရှူပစ်လိုက်သည်…။ တနေ့ကပင်…. သြစတေးလျတွင် နိုင်ငံသား ခံယူတော့မည့် သူငယ်ချင်း တစ်ယောက်ကြောင့် …. စိတ်မကောင်းဖြစ်မိ သည့်ကြားထဲမှ….. ဒီမိန်းမနှင့် ထပ်လာတွေ့သည်…။ ကျွန်တော်မေးချင်သော စကား တစ်ခွန်းသာရှိသည်.. မြန်မာနိုင်ငံသား မဖြစ်ချင်တော့ ဘူးလားဟုပင်…..။

ကျွန်တော် ကတော့….. မြန်မာနိုင်ငံကြီး ဘာပဲဖြစ်နေပါစေ… မြန်မာပြည်ကို ချစ်နေဆဲပင်ဖြစ်သည်..။ တွေးနေရင်းနှင့်ပင်….. အိတ်ထဲမှ ဟန်းဖုန်းလေးကထမြည်လေသည်…….

"ဟယ်လို….."

"ဘယ်လို…..ဆရာဆုံးပြီဟုတ်လား….ဘယ်မှာလဲကွာ…."

"သူ့အိမ်မှာပဲ…အသည်းရောဂါနဲ့ ဆုံးသွားတာကွ……"

"သူ့အိမ်မှာပဲဆိုတော့ သူ့ဆန္ဒပြည့်ဝ သွားတာပေါ့ကွာ……."

ယခင်က အင်္ဂလိပ်စာ သင်ပေးခဲ့သော…… ဆရာဆုံးသွားပြီဟု သူငယ်ချင်းမှ ဖုန်းဆက် ပြောချင်းချင်းပင်…..။ သင်တန်းတုန်းက ဆရာပြောခဲ့သော စကားများကို ကျွန်တော် အမှတ်သွားရမိသည်….။

"အေး….ဆရာပြောချင်တာက… သွားကြိုက် သလောက်သွား…မင်းတို့တိုးတက်ဖို့သွားတာ ဘယ်နိုင်ငံသွားသွား စုံလေ ကောင်းလေပဲကွာ…… ဆရာလည်း ကျန်းမာနေသရွေ့သွားမှာပဲ…အေးဒါပေမယ့် သေရင်တော့ ဒီမှာပဲသေမှာကွ… ဘာဖြစ်လို့လဲသိလား….. ဗုဒ္ဓရဲ့အရိပ် ဗုဒ္ဓရဲ့ တရားတော်အရိပ်တွေ ရှိတဲ့နေရာမှာပဲ ခေါင်းချချင် တယ်ကွာ မင်းတို့ အဲဒါလေး တစ်ခုတော့ မှတ်ထားကြပါ။"

ဟိုတယ်လ်ရှေ့လမ်းထက်မှာပင် ကျွန်တော်လေကို တစ်ဝကြီးရှူသွင်းလိုက်ပြီး ကောင်းကင်ကိုမော့ကြည့် မိသည်။ တစ်ရက်ကတွေ့သော လင်းလက်လက်ကြယ်လေး တစ်လုံးကို မတွေ့ရတော့ပေ…..။ ကောင်းကင် ကိုကြည့်ရင်း ကျွန်တော် ပြုံးလိုက်မိသည်။ ကျွန်တော် ယခင်က တွေ့ရသောကြယ်လေးသည် ကြွေကျ သွားခြင်းဖြစ်ပေလိမ့်မည်။

ကျွန်တော့်စိတ်ထဲတွင် ရွေ့လျားသွားခြင်းလားဟု ထင်နေမိသည်….။ စဉ်းစားရင်း…. စဉ်းစားရင်း…. တွေးရင်း တွေးရင်းနှင့်ပင် ကျွန်တော့ဘ၀ထဲက ကြယ်လေး တစ်လုံး လွင့်ပါး ကြွေကျသွား ခဲ့သည်ကို…. ကျွန်တော် ဇွတ်မှိတ်ပြီး ရွေ့လျားသွား သည်ဟု ထင်နေဆဲဖြစ်သည်။

ကျွန်တော်တို့ နေထိုင်သော မြန်မာ့မြေကြီး၏ အထက် ကောင်းကင်ရှိ ကြယ်လေးတွေ… ဘယ်လောက်ကြွေကျပြီ ဘယ်လောက်ရွေ့လျား သွားကြတယ်ဆိုတာ ကျွန်တော် တွေးရင်း တွေးရင်ပင် ကျွန်တော် ရပ်လျှက်ရှိသော အထက် ကောင်းကင်ယံမှ ကြယ်လေးများ သည်လည်း။

အောင်မိုးသူ(Dennis)
စူးရှ
Short Story@Liters
NO-10JAN2012-002
www.nayzawlin.com
aung.moethu1@gmail.com
aung.moethu1@nayzawlin.com/
www.aungmoethu.blogspot.com/
Share this article :

1 comments:

Lps said...

Read the Read ok Short Story@Liters

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။