Home » , , » မလေးရှားနိုင်ငံ ဘလက်ကောင်းတွင် မြန်မာတစ်ဦး သေဆုံး (ကိုပါလေး အသက် (၄၂) နှစ်)

မလေးရှားနိုင်ငံ ဘလက်ကောင်းတွင် မြန်မာတစ်ဦး သေဆုံး (ကိုပါလေး အသက် (၄၂) နှစ်)

Written By မောင်စေတနာ on Monday, July 23, 2012 | 11:27:00 PM



မလေးရှားနိုင်ငံ ဘလက်ကောင်းတွင် မြန်မာတစ်ဦး သေဆုံး .....

မလေးရှားနိုင်ငံ ဘလက်ကောင်းတွင် နေထိုင်သော ကိုပါလေး ဆိုသူသည် ၁၇.၇.၂၀၁၂ ရက် နေ့တွင် ဦးနှောက်သွေးကျောပြတ်၍ နံနက် ၈ နာရီ အချိန်တွင် သေဆုံးသွားကြောင်း သိရှိရပါသည်။

သေဆုံးသူ ကိုပါလေး အသက် (၄၂) နှစ်သည် မြန်မာပြည် လိပ်စာမှာ မကွေးတိုင်း ခြောက်မြို့နယ် ၊ ထိန်ကန် စံပြကျေးရွှာမှ ဖြစ်ပြီး မိဘများမှာ ဦးခွပ် ၊ ဒေါ်လှတုတ် တို့၏ သားဖြစ်ကြောင်း သိရှိရပါသည်။ မလေးရှားတွင် အလူမီနီယံ လုပ်ငန်း လုပ်ကိုင်ပြီး ကိုပါလေး နာရေး ကိစ္စများ သူဌေးမှ အစစအရာရာ ကူညီပေးနေကြောင်း သိရပါသည်။

အဲဒီနေ့က ကိုပါလေး ညအိပ်နေတုန်း ဦးနှောက်သွေးကျောပြတ်၍ မနက်ကျတော့ သေဆုံးသွားတာပဲ။ ကျွန်တော်တို့ လူမျိုးတွေ အခုလို မဖြစ်ရလေအောင် အလုပ်လုပ် တာရော နေထိုင်တာရော အားလုံး ဂရုစိုက်ဖို့လိုပါတယ်။ ဒီနေ့ ကိုပါလေး နာရေးကိစ္စများကို လာရောက် ကူညီပေးတဲ့ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့ နှင့် လာရောက်ကြသော ရွှေမြန်မာများကို အထူးပဲ ကျေးဇူး တင်ပါတယ်လို့ သေဆုံးသူ ကိုပါလေး သမက်ဖြစ်တဲ့ ကိုဝင်းဇော်မင်းမှ မလေးရှား အွန်လိုင်း မီဒီယာသို့ ပြောခဲ့ပါသည်။

ကိုပါလေး နာရေးကိစ္စနဲ့ ပက်သက်ပြီး ၂၂.၇.၂၀၁၂ တနင်္ဂနွေနေ့တွင် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့မှ သေဆုံးသူ ကိုပါလေး နာရေးကိစ္စအား သံဃာတော် အရှင်သူမြတ်များနှင့် ဗုဒ္ဓသာသာအတိုင်း ထုံးတမ်းစဉ်လာ အတိုင်း လုပ်ဆောင်ခဲ့ပြီး ချဲ့ရတ်စ် သုသာန်တွင် မီးသဂြိုလ်ခဲ့ပြီး နာရေးကိစ္စများကို အဖက်ဖက်မှ လိုက်လံကူညီ လိုအပ်သော ကိစ္စများ လုပ်ဆောင်ပေးခဲ့ပါသည်။

ကိုပါလေး နာရေးတွင် သံဃာတော် ၃ ပါး နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့မှ မန်ဘာ လူဦးရေ ၅၀ နှင့် အတူ သေဆုံးသူ၏ သူငယ်ချင်းများ ဆွေမျိုးများ ၂၅ ယောက် ၊ စုစုပေါင်း ၇၈ ယောက်မှ လိုက်လံပို့ ဆောင်နေ သည်ကို တွေ့ရှိရပါသည်။











နေဇော်လင်း

(အွန်လိုင်း ရေဒီယို မီဒီယာ မလေးရှား)

♪♫♪ 24 Hours' Live Online Radio Media (Malaysia) ♪♫♪
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။