Home » , , , » ကွန်ပျူတာ မြန်ဆန်စေဖို့ နည်းလမ်းများ

ကွန်ပျူတာ မြန်ဆန်စေဖို့ နည်းလမ်းများ

Written By မောင်စေတနာ on Sunday, July 15, 2012 | 9:42:00 PM

ကွန်ပျူတာ ကို မြန်ဆန်စေဖို့ အတွက် အမှိုက်တွေကို Run ကနေ ရှင်းတဲ့ နည်းလေး တွေပါ..။ အများစု ကတော့ သိပီးဖြစ်မှာပါ ..။


လုပ်နည်းလေးတွေကတော့

Window Key နဲ့ R ကို တွဲနှိပ်လိုက်ပီး Run Box မှာ အောက်မှာပေးထားတဲ့ Run Commend တစ်ခု ချင်းစီ ကို ရိုက်ထည့်ပီး Enter ခေါက်ပါ ..။ ပေါ်လာ သမျှကို Select All လုပ်ပေးပီး Delete လုပ်ပစ်လိုက်ပါ .။ တစ်ချို့သော File တွေ ကတော့ ဖျက်လို့ ရမှာ မဟုတ်ပါဘူး ..။ အဲဒါ ဆိုရင်တော့ Skip လုပ်ပေးလိုက်ပါ ..။ Run commend လေးတွေကတော့

1. temp
2. %temp%
3. prefetch
4. recent

နောက်တစ်နည်းကတော့

5 cleanmgr လို့ ရိုက်လိုက်တဲ့ အခါမှာ အောက်ကလို ပုံမျိုးလေး ပေါ်လာမှာပါ ..။ အဲဒီ မှာ ကို ရှင်းချင်တဲ့ Drive ကို Drop down ကနေ ရွေးလို့ရပါတယ်..။ပီးရင် OK လိုက်ပါ..။




အောက်ကလို ပုံမျိုးလေးနဲ့ ရေတွက်နေမှာပါ ..။




နောက်ဆုံးမှာ ဒီလို ပုံမျိုးလေး ပေါ်လာပီးဆိုရင် အမှန်ခြစ်လေးတွေ ပေးပီး OK ပေးလိုက်ပါ..။ နောက်ထပ် Box တွေ ပေါ်လာရင်လည်း Delete ပေးလိုက်ပါ ..။


6 . နောက်တနည်းကတော့ disk defragment လုပ်တဲ့နည်းလမ်းပါ..။ ကွန်ပျူတာ ထဲမှာ ရှိတဲ့ File တွေကို စနစ်တကျ ပြန်လည် နေရာချထားပေးတယ်..။

Start >>> Accessories >>> System Tools >>> Disk Defragmenter

ကိုရွေးပီး ပေါ်လာတဲ့ Box မှာ Disk တွေကို ရွေးပီး Defragment Disk လုပ်ပေးလိုက်ပါ..။


ဒီလိုလေး တစ်နေ့တစ်ခါလောက်လုပ်ပေးရင် အရင် ကထက်တော့ သွက်လက်လာမှာပါ ...

အဆင်ပြေကြပါစေ



မျိုးကိုကို
freshest5@gmail.com
Technique & Translate
8JAN2012-004
www.nayzawlin.com
myokokyaw@nayzawlin.com
http://myokokyaw.blogspot.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။