Home » , » ၀န်ထမ်းနဲ့ ရွာခံများ ဆန္ဒပြမှာ ဘယ်မှာလဲ ???

ဝန်ထမ်းနဲ့ ရွာခံများ ဆန္ဒပြမှာ ဘယ်မှာလဲ ???

Written By မောင်စေတနာ on Sunday, July 15, 2012 | 9:29:00 PM



ထီးချိုင့်မြို့နယ်၊ မောင်းကုန်း စက်ရုံမှ ၀န်ထမ်းများနှင့် ရွာခံများ ဆန္ဒပြမည့်သတင်းထွက်ပေါ်နေ.....

ထီးချိုင့်မြို့နယ်မောင်းကုန်းရွာမှ ရွာခံများနှင့် စက်ရုံဝန်ထမ်းများ ၁၄.၇.၂၀၁၂ရက်နေ့တွင် ဆန္ဒပြပွဲပွဲပြု လုပ်ရန် စာတင်ထားသည်ဟု သတင်းရရှိပါသည်။



မည်သည့်စက်ရုံက မည့်သည့်အတွက် ဆန္ဒပြမည်ကိုမူ မသိရှိရသေးပါ၊မောင်းကုန်းပါတ်ဝန်းကျင်၌ အရက်စက်ရုံ၊ သကြားစက်ရုံ၊ သတ္တုစက်ရုံအပါအ၀င် အခြားစက်ရုံများစွာ လုပ်ကိုင်နေကြပြီး တရုတ်နိုင်ငံမှ သတ္တုတူးဖေါ်ရေးလုပ်ငန်းလည်း တည်ရှိလုပ်ကိုင်နေကြပါသည်၊ထိုစက်ရုံများမှစွန့်ပစ်နေသော စွန့်ပစ် ပစ္စည်းများကြောင့် ငါးများသေကြေခြင်း၊ အနံ့အသက် အလွန်ဆိုးရွားနေခြင်း ၊ဒေသခံ တံငါသည်များ ငါးရှာရတာ ပိုမိုခက်ခဲမှုများ ရှိနေကြောင်း အပါအ၀င် သဘာဝပါတ်ဝန်ကျင် ဆိုးဆိုးဝါးဝါးထိခိုက်နေကြောင်းလွန်ခဲ့သည့် (၃)လကျော်က ဆောင်းပါးတစ်ပုဒ် ကျွန်တော်ရေးသားခဲ့ဖူးပါသည်၊ကျွန်တော့်ဖေ့ဘွတ်မှာလည်း
တင်ပေးခဲ့ပါသည်။

သို့သော် ထိရောက်သောကြပ်မတ်ဆောင်ရွက်မှုမျိုး မရှိခဲ့သေးပါ။ (ကျွန်တော်ရေးသားခဲ့သော မောင်းကုန်းဆောင်းပါး ကို ပြန်လည် ဖတ်ရှု့နိုင်ရန် တင်ပေးလိုက်ပါသည်)



ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာ လယ်မြေ မတရား အသိမ်းခံခဲ့ရသည့် တောင်သူများ ဆန္ဒပြမည်

၁၆.၇.၂၀၁၂ရက်နေ့မှ ၁၈.၇.၂၀၁၂ရက်နေ့အထိ ထီးချိုင့်မြို့တွင် ထီးချိုင့်မြို့နယ်၊မောင်းကုန်းကျေးရွာ လယ်မြေ မတရား အသိမ်းခံခဲ့ရသည့် တောင်သူ ၂၀၀ ကျော်မှ ဂရိတ်ဝေါလ် စက်ရုံအား ဆန္ဒပြသွား မည်ဖြစ်ကြောင်း ဒေသခံ တစ်ဦးမှ ပြောကြားခဲ့ပါသည်။

ထိုသို့ ဆန္ဒပြနိုင်ရန်အတွက် ထီးချိုင့်ရဲစခန်းကို တရားဝင် အကြောင်းကြားထားပြီးကြောင်း လည်း ပြောပြပါ သည်။

ဆန္ဒပြတောင်းဆိုမည့် တောင်းဆိုချက်များတွင် မတရားဈေးနှိမ် အနိုင်ကျင့် ၀ယ်ယူထားခဲ့သော
တောင်သူများ၏ လယ်မြေကို ပြန်ပေးရေး၊အညစ်အကြေးစွန့်ပစ်မှု စံနစ်ကျစေရေးနှင့် လိုင်စင်မရှိဘဲ သစ်မှုန့်ကြိတ်စက် ထူထောင်၍ မန္တလေးသို့ ပို့ဆောင်နေသည့်အတွက် ထိုစက်ရုံပိတ်သိမ်းရန်နှင့် သစ်မှုန့်ကြိတ်ခဲ့မှုအတွက် နိုင်ငံတော်မှ စုံစမ်းစစ်ဆေးအရေးယူပေးရန်တို့ပါဝင်ကြောင်းသိရပါသည်။

ဂရိတ်ဝေါလ် စက်ရုံကို မောင်းကုန်းရွာတွင် လာရောက်တည်ဆောက်စဉ်က ဒေသခံတို့၏ လယ်မြေများကို မတန်တဆဈေးနှိမ်ဝယ်ယူမှုများရှိခဲ့သည်ဟု တောင်သူတို့မှစွတ်စွဲခဲ့ပါသည်။ ပေးသမျှဈေးဖြင့် မရောင်းပါက နိုင်ငံတော်အမိန့်နဲ့တစ်ပြားမှ မပေးဘဲ သိမ်းယူမည် ဟုလည်း ထိုစဉ်အခါက ခြိမ်းခြောက်ခဲ့သဖြင့် တောင်သူများ အနေနှင့် ကြောက်ရွံ့စွာ ရောင်းချခဲ့ရပါသည်ဟုလည်းပြောဆိုပါသည်။

၊ဒေသခံတောင်သူတစ်ဦးကလည်း ဂရိတ်ဝေါစက်ရုံတည်ထောင်ပြီး မကြာခင်မှာ တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များ ကို စက်ရုံများအခြေချနိုင်ရန် ဂရိတ်ဝေါမှပင် ခေါ်ဆောင်ခဲ့သည်အတွက် မောင်းကုန်းရွာတွင် တရုတ်လူမျိုးများ
လွှမ်းမိုးခြင်း၊ ဒေသခံရွာသူများဖျက်ဆီးခံရခြင်း၊အနှိပ်ခန်းများ ဖွင့်လှစ်ကြခြင်း၊ လောင်းကစားဝိုင်း များပေါ များခြင်းတို့အတွက် ဒေသခံရွာသားများ စာရိတ္တပျက်ဆီးခြင်းတို့ရှိခဲ့ပါသည်။

ဂရိတ်ဝေါစက်ရုံကို မန္တလေးမြို့မှ တရုတ်အမျိုးသား ဦးတင်မောင်ဆိုသူမှ ပိုင်ဆိုင်ပြီးစစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေး၏ သားလည်း ရှယ်ယာ ၄၀ ရာခိုင်နှုန်းပိုင်ဆိုင်ကြောင်းလည်း ကုမ္ပဏီ အတွင်းသိများကဆိုပါသည်။

ဂရိတ်ဝေါလ် သကြားစက် စတင်လည်ပါတ်ခါစက ဦးသာအေး အနေဖြင့် ဒေသခံ ကြံစိုက်သူများ အားလုံး ဂရိတ်ဝေါလ် သကြားစက်သို့သာ ကြံရောင်းရမည်ဆိုသည့် အမိန့်ထုတ်ခဲ့သေးကြောင်းလည်း ဒေသခံတောင်သူ များမှ အတိအကျပြောဆိုပါသည်။



ဂရိတ်ဝေါလ် အနေဖြင့် ယခုအခါ ကသာမြို့နယ်ရှိ ကျောက်ထုံးကြီးကျေးရွာမှ သကြားစက်ထောင်ရန် အကြောင်းပြပြီး လယ်မြေ အမြောက်အများကို ၀ယ်ယူထားပြီးဖြစ်သည်။

ထိုကျောက်ထုံးကြီးဒေသခံများကို လမ်းဖေါက်ပေးမည်၊ ၂၄ နာရီ လျှပ်စစ်မီး ရအောင်လုပ်ပေးမည်။ ကျေးရွာ ဖွံ့ဖြိုးတိုးတက်သွားမည်ဟု ပြောကြားဝယ်ယူခဲ့ကြောင်းသိရပါသည်။

ကျောက်ထုံးကြီးကျေးရွာ အုပ်ချုပ်ရေးမှူးသို့ လာဘ်ငွေ အမြောက်အများပေးပြီး စည်းရုံးထားခြင်းဖြစ်ပါသည်။ တရုတ်တို့၏ မောင်းကုန်းရွာ လွှမ်းမိုးခြင်းကို သိရှိသူအချို့က သူတို့၏လယ်မြေကို မရောင်းဘဲ တင်းခံလျှက် ရှိပါသည်။

နိုင်ငံတော် တာဝန်ရှိသူများအနေဖြင့် တရုတ် လူမျိုးများ၏ ဒေသခံ သူလျှိုများမွေး၍ စီးပွားရေး နယ်ချဲ့နေခြင်း ကို တားဆီးပေးနိုင်ရန် အမျိုးချစ်သူများမှ လိုလားနေကြပါသည်။

(ဧရာဝတီခရီး သည်)

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။