Home » , » တမူထူးခြားလာတဲ့ ယခုနှစ် အာဇာနည်နေ့

တမူထူးခြားလာတဲ့ ယခုနှစ် အာဇာနည်နေ့

Written By မောင်စေတနာ on Wednesday, July 18, 2012 | 2:03:00 PM



ရန်ကုန်ရှိ အာဇာနည်ကုန်းမြင်ကွင်း။ ဓာတ်ပုံ- ဧရာဝတီ

ဒီနှစ် ကျရောက်တဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ဟာ အရင် စစ်အစိုးရများကာလအတွင်းကနဲ့ မတူ တမူထူးခြားနေပါတယ်။

ရန်ကုန် အာဇာနည်ကုန်းမှာ ကျင်းပမယ့် အာဇာနည်နေ့အခမ်းအနားကိုလည်း နိုင်ငံတော်အဆင့် ဒုတိယ အကြီး ဆုံး ဖြစ်တဲ့ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက တက်ရောက်မှာလည်းဖြစ်ပါတယ်။

တချိန်က ကွယ်ပျောက်နေခဲ့တဲ့ အဆိုတော်မေလှမြိုင်ရဲ့ အာဇာနည်သီချင်းတွေလည်း မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား တွေကနေ ရက်ဆက် ထုတ်လွှင့်ပြသနေပါတယ်။

ဒီအပြင် အာဇာနည်ကုန်းကိုလည်း ပြည်သူတွေအနေနဲ့ လာရောက် ဂါရ၀ ပြုခွင့်လည်း စနစ်တကျ ပြန်လည်ခွင့်ပြုလာ တာသတိထားမိပါတယ်။ ဒီအပြင် တချိန်က ပျောက်ကွယ်နေတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန်မှာ ဥသြ ဆွဲတဲ့အလေ့အထကိုလည်း ပြန်လည် ပြုလုပ်ပါတော့မယ်။

ဒီအပြင် အထူးခြားဆုံးကတော့ အာဇာနည်ကုန်းမှာ ကျင်းပမယ်အာဇာနည်နေ့ အခမ်းအနားမြင်ကွင်းတွေကို MRTV, MRTV-4 နဲ့ Sky Net တို့ကနေ တိုက်ရိုက်လွင့်ထုတ်ပေးမှာလည်းဖြစ်ပါတယ်။



အခုလို အမျိုးသားခေါင်းဆောင် အာဇာနည်ကြီးများကို ပြန်လည်ဖော်ထုတ်လာတဲ့ အထူးခြားဆုံး ပထမနှစ် လည်း ဖြစ် နေပါတယ်။

ဒီအတွက် ကျေးဇူးတရာကို သိတတ်တဲ့လက္ခဏာဖြစ်တဲ့ အတွက် ကြိုဆိုရမှာလည်းဖြစ်ပါတယ်။

ဒါပေမယ့် တချို့နယ်မြို့များမှာ ပြည်သူလူထုက ချီတက်အလေးပြုအစီအစဉ်တွေကို တင်ပြခွင့်တောင်းပေမယ့် ကန့်သတ် ငြင်းပယ်တာတွေလည်း ကြုံနေရပါတယ်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။