Home » , , » နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ (တတိယအကြိမ်) သွေးလှူဒါန်းပွဲ နှင့် ဟောပြောပွဲ အခမ်းအနားကျင်းပ

နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ (တတိယအကြိမ်) သွေးလှူဒါန်းပွဲ နှင့် ဟောပြောပွဲ အခမ်းအနားကျင်းပ

Written By မောင်စေတနာ on Tuesday, July 3, 2012 | 1:30:00 PM



သွေးသည်အသက် ၊ အသက်သည်သွေး ဖြစ်သကဲ့သို့ လူသားတို့၏ အသက်ကယ် ဆေးကုသမှုတွင် အရေးတကြီး လိုအပ်နေသော သွေးများကို အချိန်မီ ပေးအပ်လှူဒါန်းနိုင်ရန် ရည်ရွယ်၍ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့မှကြီးမှူးကာ အာဇာနည်နေ့ အထိမ်းအမှတ် (တတိယအကြိမ်) သွေးလှူဒါန်းပွဲကြီး နှင့် ဟောပြောပွဲ အခမ်းအနားကို ၁-၇-၂၀၁၂ (တနင်္ဂနွေနေ့) တွင် ကျင်းပပြုလုပ်ခဲ့သော တတိယ အကြိမ်မြောက် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူဒါန်း ပွဲကြီးကို မလေးရှားနိုင်ငံ SM ကုန်တိုက် (တရုတ်တန်းခမ်းမ) ၊ ကိုတာယာရာ ကေအယ် ကွာလာလမ်ပူမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။



သွေးလှူပွဲ အစီအစဉ်ကို နံနက် ၉ နာရီအချိန်မှ စတင်ကာ သွေးလာရောက် လှုဒါန်းသော သွေးအလှူရှင်များထံမှ သွေးများကို လက်ခံခြင်း ၊ ဆရာမကြီး ဒေါက်တာ စီိလေးခိုင်မှ သွေးလှူဒါန်းရခြင်း နှင့် ပက်သက်သော ကျန်းမာရေး အသိပညာများ ကျန်းမာရေးနဲ့ ပက်သက်သော အကြောင်းအရာများကို လာရောက်ကြသော မလေးရှားမှ ရွှေမြန်မာများအတွက် အသိပေး ဟောပြောပေးခဲ့ပါတယ်။

ဆက်လက်၍ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့နာယာက ဖြစ်တဲ့ ဆရာမကြီး ဒေါ်သန်းမြင့်အောင်မှ အလင်းအမှောင် ဆိုတဲ့ ခေါင်းစဉ်နဲ့ စာပေအကြောင်း ဗဟုသုတများကို ဟောပြောပေးခဲ့ပါတယ်။ ဆက်လက်၍ တတိယအကြိမ်မြောက် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူဒါန်း ပွဲကြီးကို တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီလုပ်ဆောင်ပေးသော စေတနာရှင် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်း လွှာများကို ပေးအပ်ခဲ့ပါတယ်။



၎င်း သွေးလှူဒါန်းပွဲကြီးသို့ သွေး လာရောက်လှူကြသော ဧည့်ပရိတ်သတ်များအား အလှူရှင် စေတနာရှင်များမှ အစားအသောက်များဖြင့် ဧည့်ခံကာ ဆရာမကြီးများ ဟောပြောပြီးသော အချိန်တွင် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ ဥက္ကဌ ကိုသက်မှ အခုလို တတိယအကြိမ်မြောက် သွေးလှူပွဲကြီး ဖြစ်မြောက်ရေး အတွက် အဖက်ဖက်မှ ပါဝင်ကူညီပေးကြသော သူများအား ကျေးဇူးတင် စကားများကို ပြောကြားပြီး ညနေ ၃ နာရီအချိန်တွင် သွေးလှူပွဲ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။












24 Hours' Live Online Radio Media (Malaysia)
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။