Home » , » ရေဓာတ်နဲ့ ကားမောင်းမယ်

ရေဓာတ်နဲ့ ကားမောင်းမယ်

Written By မောင်စေတနာ on Friday, July 6, 2012 | 2:11:00 PM



ဆီစားသက်သာတယ် ဆိုတာကို ကားမောင်းသူတွေ ကြိုက်ကြပါတယ်။ ဆီမစားတော့ ကုန်ကျစရိတ် သက်သာပြီလေ။ ဆီထက် ပိုပြီး စရိတ် သက်သာတဲ့ သဘာဝဓာတ်ငွေ့သုံးကားတွေကိုတော့ မောင်းနေကြပါပြီ။ အခု စမ်းသပ်နေတာကတော့ ရေထည့်မောင်းရတဲ့၊ ရေဓာတ်ငွေ့သုံးတဲ့ ကားတွေ ဖြစ်ပါတယ်။

ရေဓာတ်ငွေ့ သုတေသီ အင်ဂျင်နီယာ ဦးကျော်ကျော်က လက်တွေ့ပြသပုံကို ဒီကနေ့ မြန်မာ့အလင်းသတင်းစာမှာ ရေးထားပါတယ်။

မနှစ်တုန်းကလည်း ဦးကျော်ကျော်တို့ရဲ့ မြန်မာ့စွမ်းအင်သစ် ရေဓာတ်ငွေ့လုပ်ငန်းအဖွဲ့က ရထားနဲ့ သင်္ဘောကို ရေဓာတ်ငွေ့နဲ့ စမ်းသပ်မောင်းနှင်မယ်လို့ သတင်းဌာနတွေကို ပြောခဲ့ပါတယ်။

အခု သတင်းမှာတော့ ရေကို ဘယ်လိုသုံးသလဲ၊ ရေက ကားထဲမှာ ဘယ်လို ဓာတ်ပြုပြီး ဘယ်လို အလုပ်လုပ်သလဲ၊ စွမ်းအင် ဘယ်လိုထွက်လဲ ဆိုတာတွေကို ရေးမထားပါဘူး။

သို့သော်လည်း ဒီနည်းပညာကို ကားသေး၊ ကားကြီး၊ ရထား၊ သင်္ဘောတွေမှာ တပ်ဆင်မယ် ဆိုရင် ဘယ်လောက် ကုန်ကျမယ် ဆိုတာတွေကိုတော့ ခန့်မှန်းတွက်ချက်ပြထားပါတယ်။

သတင်းကို
ဒီမှာ
နဲ့
ဒီမှာ
ကလစ်ပြီး ဖတ်နိုင်ပါပြီ။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။