Home » , » ATM ဖောက်ဖို့ ကြိုးစားတယ် ဆိုတဲ့ ဗြိတိသျှ နှစ်ဦး ထိုင်းမှာ အဖမ်းခံရ

ATM ဖောက်ဖို့ ကြိုးစားတယ် ဆိုတဲ့ ဗြိတိသျှ နှစ်ဦး ထိုင်းမှာ အဖမ်းခံရ

Written By မောင်စေတနာ on Sunday, July 1, 2012 | 2:14:00 AM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixcch45SPo0UdwQIL_HIV7HolJSQmyUrusEbPZPBtznvWS7ulVWv4sxKx0-8TUGGJ4ps_LQM7OSWjDH-xLcb1e8t84M_MkJCO6i4ORRkEnj4xQU5gpWvxX-dEwWcTR-lPKjjpiadIFnWU/s400/03.jpg

(ဓာတ်ပုံ -Jerdsak Saengthongcharoen)

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ဘက်မှာ ဗြိတိသျှ လူမျိုး ၂ ယောက်တို့ဟာ ဟောလီဝုဒ် ရုပ်ရှင် Fast Five ထဲကလို ထိုင်း ဘဏ် ၃ ခုရဲ့ ATM စက်တွေကနေ ငွေခိုးယူဖို့ ကြိုးစားမှုနဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူ တယောက်က သောကြာနေ့ မှာ ပြောလိုက်ပါတယ်။

သူတို့ ၂ ဦးကတော့ အက်လက်ဇန္ဒြား မီလ်ဘွန်း ( ၂၅ - နှစ်) နဲ့ ရှောင် အက်ဒ၀ါ့ဒ် ထရေ့စီ ( ၃၄ -နှစ်) ဆိုတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးပါဘဲ။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ6cFpYiqkdFHjDdOOgDP0sehmN-w32xQdx8sxApFzwO5xeou7IydBWdohWAijYfaCuVwBOZjyb4rB_T2kbh6r1mLgEVV2GPn9LmjWoHV9StbYgAEdeI9dHkaouY-fdx3JJtn3m76Jdls/s400/402216-300x200.jpg

သူုတို့ ၂ ဦးအပြင် နောက်ထပ် တဦးလည်း ရှိနေသေးပြီး စုံစမ်းနေဆဲပါ တဲ့။

အဖမ်းခံခဲ့ရတဲ့ ဗြိတိန် ၂ ဦး ကတော့ ရုပ်ရှင်ထဲကလို စွန့်စားခဲ့တာပါလို့ ထွက်ဆိုခဲ့ပါတယ် တဲ့။

အဲဒီ တရားခံအဖြစ် အဖမ်းခံထားရတဲ့ ၂ ယောက် ဟာ ထိုင်းနိုင်ငံမှာ နေထိုင်လာတာ ၁၀ နှစ်ကျော် ကြာနေပြီဖြစ်ပြီး အလုပ်အကိုင်ကလည်း မရှိ၊ ငွေကလည်း လိုနေတာဖြစ်တယ် လို့ ဇွန် ၂၉ ရက်နေ့က ချင်းရိုင်ပို့စ် သတင်းက ရေးထားပါတယ်။

ဒီခရိုင်ဟာ မြန်မာပြည် တာချီလိတ်မြို့တဘက်ကမ်းမှာ တည်ရှိပါတယ်။

Source by :http://blog.irrawaddy.org/
Share this article :

1 comments:

khin said...

မောင်လေး ၀က်ဘ်ဆိုဒ် ဒီဇိုင်းလေးပြောင်းထားတယ်နော်
ကောင်းပါတယ်
ကွန်မန်.တာမရေးဖြစ်လို. နေ.တိုင်းလိုအားပေးဖြစ်ပါတယ်
အမဘလောဂ်မှာလည်းမောင်လေးဆိုဒ်ကို လင်.ချိတ်ထားပါတယ်။

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။