Home » , , » RAM အကြောင်းလေ့လာ ရအောင် ( ၃ )

RAM အကြောင်းလေ့လာ ရအောင် ( ၃ )

Written By မောင်စေတနာ on Sunday, June 17, 2012 | 2:28:00 PM




RAM တစ်ချောင်းကို ကိုင်ကြည့်ရုံနဲ့ အကြမ်းခွဲခြားလို့ရအောင် ဒီလိုမှတ်ထားမယ်ဗျာ။ RAM အောက်ခြေက

* notch (အချိုင့်)၊
* pin(ကြေးပြား) အရည်အတွက်၊

ဒါတွေကိုကြည့်ပြီး SDRAM, DDRRAM, DDRRAM(II), DDRRAM(III)RDRAM စသဖြင့်ခွဲခြားနိုင်ပါတယ်..။


.............................................................................................................
Pin bit နှစ်လိုင်းဝင်/ထွက် memory control chip speed
.............................................................................................................
30 8 SIMM
72 32 SIMM SDRAM 66/100/133 MHz
168 64 DIMM DDR-RAM 266/330/400 MHz
184 64 DIMM DDR(II)-RAM 533/667/800 MHz
240 64 DIMM DDR(III)-RAM 1066/1200/1333 MHz
.............................................................................................................
SIMM = Single Inline Memory Module
DIMM = Dual Inline Memory Module
SDRAM = synochronous Dynamic Ran
DDR-RAM = Dural data rate Randam Access Memory

1. RAM တစ်ချောင်းကို Pin ကြေးဝါလိုင်း အနေနဲ့ ကြည့်မယ်ဆိုရင် pin 30,72,168,184,240 ဆိုပီး ရှိပါမယ်..။ ဆိုပါစို့ ကား အစီး ၅၀ ဆန့်တဲ့ ကားဝန်း နဲ့ ကားအစီး ၁၀၀ ဆန့်တဲ့ ကားဝန်းမှာ ၁၀၀ ဆန့်တဲ့ ကားဝန်းပိုကောင်းသလို Pin မှာ လည်း အရေအတွက်များလေ စွမ်းဆောင်ရည်ကောင်းလေပါ..။

2. ကားအစီး ၁၀၀ ဆန့်တာ ချင်းတူပီး ၄ လမ်းသွား ကားဝန်းနဲ့ ၈ လမ်းသွား ကားဝန်း ဆိုရင် ၈ လမ်းသွားကပိုကောင်းမှာပါ..။ RAM မှာတော့ 8bit, 32bit,64bit ဆိုပြီးရှိရာမှာ 64bit ရတဲ့ RAM ကပိုကောင်းမှာပါ..။


3.ကားအစီး ၁၀၀ ဆန့်တာ လည်းတူပီး ၈ လမ်းသွားလည်းတူတယ်..။ ဒါပေမယ့် ပထမ ကားဝန်းက Crystral Timer တစ်ကြိမ်မှာ ကားတစ်စီးပဲ ၀င် / ထွက်ခွင့် ပြုပီး ဒုတိယကားဝန်းကတော့ တစ်ကြိမ်မှာ ကားနှစ်စီး ၀င် / ထွက် ခွင့်ပြုတယ်ဆိုရင်တော့ ဒုတိယကားဝန်းက ပိုကောင်းမှာပါ..။ RAM မှာတော့ Motherboard ပေါ်က crystral Timer တစ်ကြိမ်မှာ on/off signal တစ်လုံးဝင်/ထွက် ခွင့်ပြုတဲ့ SIMM (Single Inline Memory Module ) RAM ရှိသလို ၊ on/off signal နှစ်လုံးဝင်/ထွက်ခွင့်ပြုတဲ့ DIMM (Dural Inline Memory Module) RAM မှာဆိုရင် DIMM ရတဲ့ RAM ကပိုကောင်းပါတယ် ..။ ဥပမာ DDR-RAM

4. ကား အစီး ၁၀၀ ဆန့်တာချင်းလည်း တူမယ် ၊ ၈ လမ်းသွားချင်းလည်း တူမယ် ၊ Crystral Timer တစ်ကြိမ်မှာ ကားနှစ်စီး ၀င်/ထွက် ခွင့်ပြုတာချင်းလဲတူတယ်။ ဒါပေမယ့် ပထမ ကားဝန်းက အ၀င် / အထွက် လမ်းတူမယ်ဆိုရင် တစ်စီး ၀င်နေစဉ်မှာ တစ်စီးက စောင့်နေရမှာပါ..။ ဒုတိယ ၀န်းကတော့ One Way System ကို သုံးထားမယ်ဆိုရင် အလို ရှိရာကို စောင့်နေစရာ မလိုဘဲ မောင်းနှင်နိုင်မှာပါ..။ဒီလိုပါပဲ RAM မှာ

1.SDRAM,
2.DDR-RAM ဆိုပီးနှစ်မျိုးရှိတယ်။

1.SDRAM (Synochronous Dynamic Random Access Memory) တစ်လမ်းထဲမှာ ၀င်/ထွက်၊ crystral timer တစ်ကြိမ်မှာ on/off signal တစ်လုံး ။

2.DDR-RAM (Dural Data Rate Random Access Memory) အ၀င်တစ်လမ်း အထွက်တစ်လမ်း၊ crystral timer တစ်ကြိမ်မှာ on/off signal နှစ်လုံး။

5အပေါ်က ပြောခဲ့တဲ့ အချက် နံပါတ် ၄ အထိ တူမယ် ဒါပေမယ့် ပထမကားဝန်းက နွားလှည်းတောင်အနိုင်နိုင်သွားနေရတဲ့ (၈)လမ်းသွားလမ်းမကြီးဆိုတော သူ့ရဲ့ Speed က ကောင်းမှာ မဟုတ်ပါဘူး ..။ RAM တစ်ချောင်းမှာလဲ Speed က အလွန်အရေးကြီးပါတယ်။ အနိမ်ဆုံး 66MHz ကနေ အမြင့်ဆုံး 1333 MHz ထိရှိပါတယ်။


ဒီလောက်ဆိုရင် RAM တစ်ချောင်းမှာ ဘယ်ဟာကဘယ်လိုကောင်းတယ်ဆိုတာ သိလောက်ပါပီ .


RAM တစ်ချောင်းလောက်ဝယ်ကြည့်ရအောင်။


SDRAM ( Synochronous Dynamic Random Access Memory)
* Pin အနေနဲ့ ပြောရရင် 168 pin
* on/off signal ပို့နိုင်တဲ့ ၀ါယာလိုင်းက 64bit
* Crystral timer တစ်ကြိမ်မှာ on/off signal နှစ်လုံး ၀င်/ထွက် (one way system)
* Crystral timer တစ်ကြိမ်မှာ on/off signal တစ်လုံးပဲသွားနိုင်မယ်
* Speed က 60, 100, 133 MHz

DDR-RAM (Dual Data Rate Random Access Memory)

* Pin အနေနဲ့ ပြောရရင် 184 pin
* on/off signal ပို့နိုင်တဲ့ ၀ါယာလိုင်းက 64bit
* Crystral timer တစ်ကြိမ်မှာ on/off signal နှစ်လုံး ၀င်/ထွက် (one way system)
* Crystral timer တစ်ကြိမ်မှာ on/off signal နှစ်လုံး တပြိုင်နက်သွားမယ်၊
* Speed က 266,333,400 MHz

DDR(II)-RAM (Dual Data Rate Random Access Memory) II
* Pin အနေနဲ့ ပြောရရင် 240 pin
* on/off signal ပို့နိုင်တဲ့ ၀ါယာလိုင်းက 64bit
* Crystral timer တစ်ကြိမ်မှာ on/off signal နှစ်လုံး ၀င်/ထွက် (one way system)
* Crystral timer တစ်ကြိမ်မှာ on/off signal နှစ်လုံး တပြိုင်နက်သွားမယ်
* Speed က 533,667,800 MHz
DDR(II) ဆိုမှာတော့ DDR နှစ်ဆပေါ့ဗျာ ....


DDR(II)-RAM (Dural Data Rate Random Access Memory) III
* Pin အနေနဲ့ ပြောရရင် 240 pin
* on/off signal ပို့နိုင်တဲ့ ၀ါယာလိုင်းက 64bit
* Crystral timer တစ်ကြိမ်မှာ on/off signal နှစ်လုံး ၀င်/ထွက် (one way system)
* Crystral timer တစ်ကြိမ်မှာ on/off signal နှစ်လုံး တပြိုင်နက်သွားမယ်
* Speed က 1066,1200,1333 MHz
DDR(III) ဆိုမှာတော့ DDR သုံးဆပေါ့ဗျာ ....


RAM ပေါ်တင်ပြီး အလုပ်လုပ်နိုင်တဲ့ နေရာ 512Gb, 1Gb, 2Gb ဒါတွေကတော့ဈေးနှုန်းအလိုက် ကွာခြားတာပေါ့။

RAM နဲ့ပတ်သက်ပီး ဒီလောက်ဆိုအတော်လေးအဆင်ပြေလောက်ပီထင်ပါတယ်.။

ကိုမင်းမင်း ( http://minminblog.multiply.com ) ရေးထားတဲ့ RAM အကြောင်းကို အတိုချုပ် ရေးမှတ်ထားခြင်းသာပါ ...။ နောက်ထပ်ဆက်ပါအုံးမယ်..။ ကိုမင်းမင်း ကို ဒီနေရာကနေ ကျေးဇူးတင်ပါတယ် ...။မသိသေးတဲ့ ကျွန်တော်လို လူတွေ အတွက် နားလည် လွယ်နိုင်စေရန် ပြန်လည်ရေးမှတ်ထားခြင်းသာပါ...။

အဆင်ပြေကြပါစေ

မျိုးကိုကို
freshest5@gmail.com
Technique & Translate
8JAN2012-004
www.nayzawlin.com
myokokyaw@nayzawlin.com
http://myokokyaw.blogspot.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။