Home » , » "ရှောင်တခင် လယ်သမားကြီးများ"

"ရှောင်တခင် လယ်သမားကြီးများ"

Written By မောင်စေတနာ on Sunday, June 17, 2012 | 12:59:00 AM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq373o3d-iyiDKZOCm6lD9j1W50V2lBqxdhLfrvvW-s5rihTJ3_7LZWGeFZcF-iy7asyL0PZSTpkzlC3KyM-GzDbwR6eZumSju-Yj4HBAzFPBPeYtzPLTaqyBTm0E-F5iZJSIDwFjzSPXP/s400/_MG_4910044344.jpg

ပုံမှာတွေ့ရတာကတော့ လယ်သမား အစစ်တွေပါ (ဓာတ်ပုံများ-ဧရာဝတီ)

လက်မှုလယ်ယာကနေ စက်မှုလယ်ယာကို အသွင်ကူးပြောင်းလာတော့မှ လယ်လုပ်ချင်လာတဲ့ "ရှောင်တခင် လယ်သမားကြီးတွေ" နဲ့ တကယ့်လယ်သမားစစ်စစ်တွေကြား သူပိုင်ငါပိုင် အားပြိုင်မှုတွေကလည်း မိုးတွင်းမှာ ပိုပြီး ကြီးထွားလာပါတယ်။

ဆင်းရွှေလီ၊ ယုဇန၊ ဦးပိုင် (မြ၀တီစိုက်ပျိုးရေး)၊ ထူး၊ ဒဂုန်အင်တာနေရှင် စတဲ့ ကုမ္ပဏီ ၄ ခု က ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့ပိုင်းမှာရှိတဲ့ တောင်တလုတ်ရွာ၊ စစ်ပင်ကွင်း၊ သုံးခွ၊ ရွာသာကြီးစတဲ့ ရွာများက တောင်သူလယ်သမားတွေနဲ့ အကျိုးတူ ပူးပေါင်း လုပ်ကိုင်ချင်တယ် တဲ့။

ဒီလို ပူးပေါင်းလုပ်ကိုင်ဖို့ ၂၀၀၈ ခုနှစ်က သမ္မတဦးသိန်းစိန် (အဲဒီတုန်းက ၀န်ကြီးချုပ်) ကိုယ်တိုင် လယ်သမားတွေနဲ့ တွေ့ဆုံပြီး ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

ပူးပေါင်းလုပ်ကိုင်ဖို့ ကုမ္ပဏီတွေဘက်က မျိုးကောင်းမျိုးသန့်တွေ ပေးရမယ်၊ မြေသြဇာတွေ ပေးရမယ်၊ ငွေကြေးအရင်းအနှီးနဲ့ ပတ်သက်ပြီး အတိုးနှုန်း မယူဖို့၊ မြေတွေကို ပြင်ပေးဖို့၊ ရလာတဲ့ အကျိုးအမြတ်ထဲက လယ်သမားတွေကိုလဲ အချိုးကျခွဲပေးရမယ်။ လယ်သမားတွေကိုလဲ ခင်ဗျားတို့ လယ်တွေကို မသိမ်းတော့ဘူး၊ လယ်တွေကို အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်လို့ ရပြီလို့ ဦးသိန်းစိန်က လယ်သမားတွေကိုပြောခဲ့တယ်လို့ သိရပါတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidQHzDdYfXCoUYDOhWhuJkE7kYSjKnUQ8zTlKFq41stp18QKH4g2L5Wj1sXQoabhbeZx9p7_PEMGTVTEAKU01bAtH0tJ4MyrBTcfzym_mvIsy2p79wPmKt6ddrN8WMx_qFO1r4doXy21YS/s400/_MG_49100443.jpg

အဲဒီလိုပြောလိုက်ပြီး သိပ်မကြာဘူး ကုမ္ပဏီတွေဘက်က လယ်တွေ ၀င်ထွန်တယ် မြေတွေညှိတယ်၊ ကန်စင်းရိုးတွေကို ဖြိုတယ်၊ အားလုံးပြီးတာနဲ့ လယ်သမားတွေရဲ့ တဲအိမ်တွေကို စပြီးဖျက်ပါတယ်။ ပြီးတော့ ပြောင်းရွှေ့စရိတ် ဆိုပြီးတယောက်ကို ၂သောင်း နဲ့ မြေကွက်တကွက်ပေးပြီး ဖယ်ခိုင်းလိုက်တယ်၊ လယ်ထဲကို လုံးဝ အ၀င်မခံတော့ဘူးလို့ ပြောပြပါတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5S0uAMT8TqbA5RGj4RO3x4PaV1yLu68GySgonuqlq8wjJRqBrGIcPj-tV6lfOZoB5NqbJonX0hFr-zP4QAmDWnxREs97-M2IT5uGT5hXEKfd2toBxGf6BQXZF9b-yDlQ6ioAJ-TJdXZK5/s400/_MG_49100443ewss.jpg

လယ်သမားတွေ လယ်လုပ်ခွင့် မရတာ ၄ နှစ် ရှိသွားပြီ လို့ သိရပါတယ်။ လယ်တွေကိုမသိမ်းဘူးလို့ ပြောခဲ့ပေမယ့် လောလောဆယ်တော့ လယ်ဧက ၂၇၇၁ ဧက အသိမ်းခံလိုက်ရပြီလို့ ပြောပြပါတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia2gG8iTfpmoUWB92-ZKPq6EtJcXy2i0mm-tTUshYoJIg51xdZ0y3p3Myp2xC61CbtVxjBc4raETrhRLWpxs1buEjfH-CT_qSok1TVipBIiRIAy_C4VATb3PhpCEiYFkL4KwCEjO4XOXdx/s400/_MG_4910044344e.jpg

ဒီနှစ်တော့ ရရစားစား ဘ၀နဲ့ အသက်ရှင်နေမယ့်အစား ကိုယ့်လယ်ထဲ ကိုယ်တိုင်ဆင်းပြီး လယ်သမားတွေ လယ်ထွန်နေကြပါပြီ ။ အုပ်ချုပ်ရေးမှူးတွေကလည်း ချက်ချင်း လာတားပါတယ်။ လယ်သမားတွေ ပြောတာက ကုမ္ပဏီတွေဘက်က လယ်ထွန်နေတာကိုလည်း တားပါ၊ တားလို့ရရင် ကျုပ်တို့လည်း ရပ်ပေးလိုက်မယ်။ ကုမ္ပဏီတွေကိုမတားနိုင်ရင် ကျုပ်တို့လည်း ရပ်မပေးနိုင်ဘူး တဲ့။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqVXYL08xTxhEHMY_BnDvS2C4is_SLPx8pslJ0pFhzsZtZCq7aiCgHTlgwrYh1RLN-2MwZr7spUhkGs3Ad7qRKVpWxvmyC0Vi6msm6udrxPuUCbt2YvLBhWM9FnRk0Ytdu-6BIlU5r8SYC/s400/_MG_49100443eww.jpg

မနေ့က လယ်သမားတွေကို ရှေ့နေ ကိုဖိုးဖြူ၊ ပြီးတော့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဝင်တွေ ရပ်တည်ပေးနေတာကို တွေ့ရပါတယ်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။