Home » , » ကမ္ဘာကျော် တိုင်းတန်းနစ် ပြန်လာမယ်

ကမ္ဘာကျော် တိုင်းတန်းနစ် ပြန်လာမယ်

Written By မောင်စေတနာ on Friday, June 22, 2012 | 12:32:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6q1i6DQJOwWXlvCO5yzExVqO3R6bP0GS7AS-Os9n7o8rZaXEyw6xkCOXTJK2FpBMVhVftpT1M-woLwspaKUavCWGGzdwm6gKV_lSwKkdO9R_iSE0BJ6Oac2gRkSdGWRyMzf4M1NviCao/s400/t3.jpg

ကမ္ဘာကျော် တိုင်းတန်းနစ်အပျော်စီး သဘောင်္ကြီးကို ယခုအချိန်မှာ ပုံသဏ္ဍန်ရော အရွယ်ပမာဏပါ တူညီတဲ့ တိုင်းတန်း နစ်-၂ လို့အမည်ပေးထားတဲ့ သင်္ဘောတစီးကို သြစတြေးလျ ဘီလျံနာ သူဌေးကြီး ကလစ်ပါလ်မားက တာဝန်ယူ ဆောက် လုပ်မယ့် အစီအစဉ်အကြောင်း ဇွန်လ ၂၀ ရက်နေ့ က ပြောလိုက်ပါတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrgQ2l0vTRs1u7Kdr6eFebW0u_ZmloGuLg7fRBEKoKMANz9Bjesi783B62lyRXlj_Eic8TcXPajhwyjPw7Q4LnRBcxqiWIq5zELQtzhwJQWTXsWhPB9ojaX5llWdUjiNseCFzy_CSw-Vw/s400/titanic-.jpg

လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ရာကျော်က နှစ်မြုပ်သွားခဲ့တဲ့ မူလ တိုက်တန်းနစ် သင်္ဘောကြီး ပုံစံ အတိုင်းကို ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည် တိုက်တန်းနစ် ၂ သဘောင်္တည်ဆောက်ဖို့ အစီစဉ်ရှိကြောင်းနဲ့ သဘောင်္ ဒီဇိုင်းကို ရေးဆွဲနေ တဲ့ အကြောင်း ထုတ်ပြန်ခဲ့ပါသေးတယ်တဲ့။

တိုက်တန်းနစ် ၂ သဘောင်္ တည်ဆောက်နိုင်ဖို့ ကမ္ဘာကျော် ရေကြောင်းကုမ္ပဏီတွေဖြစ်တဲ့ ဖင်လန်နိုင်ငံ အခြေစိုက် ဒဲလ်တာမင်းနဲ့ ဘလူးစတားသဘောင်္ ကုမ္ပဏီများက ကြိုးစားခဲ့ကြရာမှာ ဒဲလ်တာမင်းကုမ္ပဏီရဲ့ ဒီဇိုင်းကို ရွှေးချယ် တည် ဆောက်သွားမှာ ဖြစ်တယ်တဲ့။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzrV5nBspurq9TO6ADOx1Fjd8nQFwLEjbfttyi23c1Es0HKjmaVLF5Nn7yQo6GdmAxSc8MbcrkKRhJpE14cxPu6bs_NuymWEe0ruoQHtwa_U-PfUiPNqI-imauAkNjdksvXcbN1lJb64I/s400/titannic2.jpg

သင်္ဘောကြီးအတွက် ကုန်ကျစာရိတ်ကို ခန့်မှန်းခြေ ယူရို ၃.၇ ဘီလျံလောက် လျာထား ပါတယ်လို့လည်းဆိုပါတယ်။ အဲဒီကုမ္ပဏီက တိုင်းတန်းနစ်-၂ သဘောင်္ကို တည်ဆောက်ရန်အတွက်
တရုတ်နိုင်ငံ စီအက်စ်စီကျင်းလန်း သဘောင်္ကျင်းမှာ စတင်တည်ဆောက်နိုင်ရန် ပြင်ဆင်နေပြီလဲ ဖြစ်ပါတယ်။

အသစ်တည်ဆောက်မည့် တိုင်းတန်းနစ်-၂ သဘောင်္ရဲ့ အရှည် မီတာ ၂၇၀၊ အမြင့် မီတာ ၅၃ ရှိကာ တန်ချိန် ၃၀,၀၀၀ ခန့် ရှိ မှာဖြစ်ပြီး အခန်းပေါင်း ၈၄၀ ပါဝင်မှာလဲ ဖြစ်ပါတယ်။ ခရီးသည် ၂ သောင်းကျော်ကိုလဲ တင်ဆောင်နိုင်မှာ ဖြစ်ပါသတဲ့။

ဒီအပြင် ခေတ်မီတဲ့ နည်းပညာတွေ၊ လုံခြုံရေး စနစ်တွေ၊ ရေကြောင်းပြစနစ်တွေ တပ်ဆင်ထားမယ့် တိုက်တန်းနစ် ၂ သဘောင်္ကြီးရဲ့ ပထမဆုံး ရေချခရီးကို ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ အင်္ဂလန်ကနေ မြောက် အမေရိကားဆီကို ဦးတည်ပြီး မောင်းနှင်နိုင်ဖို့လည်း စီစဉ်ထားပါတယ်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။