Home » , » တပ်ပိုင်မြေသတ်မှတ်၊ ခြံစည်းရိုးပိတ်၊ အိမ်များ ဖျက်ဆီး

တပ်ပိုင်မြေသတ်မှတ်၊ ခြံစည်းရိုးပိတ်၊ အိမ်များ ဖျက်ဆီး

Written By မောင်စေတနာ on Sunday, June 3, 2012 | 8:16:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlKIDemexhUcYoyKQKzghXM8WjMqhuiP1ZL4WGWNoAKfF32NYghBm1qiLQdR20iQBVBvm5qLzsdxMw56g_ftV-b0Onpcb7AxUCqy6yt7-eBHAZVRpdUXCAO2hjRGVf3UnH5p2ib47oIF1B/s400/Yangon8.png

မင်္ဂလာဒုံမြို့နယ်တွင်း က နေအိမ်တချို့ ၊ ဓာတ်ပုံ- Myanmar News Hub

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ရှိ သားဖွားနှင့် မီးယပ် တပ်မတော်ဆေးရုံ အနီးရှိ အိမ်ခြေ ၃၃ လုံးကို အဆိုပါ တပ်မှူး အမိန့် ဖြင့် ယနေ့ နံနက်က ဖျက်ဆီး၍ တပ်ပိုင်မြေသတ်မှတ်ကာ ခြံစည်းရိုးခတ်လိုက်သည့်အတွက် မိသားစုဝင် ၁၀၀ လောက် ပိတ် မိနေကြောင်း သတင်းရရှိသည်။

“ဒီနေ့ (ဇွန်လ ၃ ရက်)နေ့၊ နေလယ် ၁၂ နာရီသူတို့က အပြီးဖယ်ခိုင်းတယ်။ ကျနော်က ဒီနေ့ ခရီး က ပြန်လာတာ။ ကျနော့် မိဘတွေက ခြံစည်းရိုး ပိတ်လိုက် တော့ ပိတ်မိနေတယ်။ မိဘတွေနဲ့ ကျနော် အခုချိန်ထိ မတွေ့ရသေးဘူး။ သူတို့က ဒါကို တပ်နေမြေပိုင်ဆိုပြီ အကုန်သိမ်းတယ်။ အိမ်တွေကို အကုန်ဖယ်ခိုင်းပြီး မဖယ်လို့ အခု ဖျက်ဆီးနေတာ”ဟု ဖျက်ဆီးခံ ခြံ စည်းရိုး ခတ်ခံလိုက်ရသည့် အိမ်စုထဲမှ မိသားစုဝင် တဦးဖြစ်သူ ကိုဖြိုးဇော်က ဧရာဝတီကို ပြောသည်။

ယနေ့ နံနက်ခင်းကတည်းက မိဘများနှင့် ပိတ်မိခံနေရသူ လူပေါင်း ၁၀၀ ၀န်းကျင်လောက် အစားအစာ၊ ရေတို့ မရှိ ဖြစ်နေ သောကြောင့် အပြင်မှ ကူညီပေးနိုင်ရန် ကြိုးစားနေသော်လည်း ယခုထိ အခြေအနေကို မသိ ရသေးဟု သူကဆက်ပြော သည်။

အဆိုပါ လူနေအိမ်စုကို လွန်ခဲ့သည့် သောကြာနေ့ကတည်းက သားဖွားနှင့် မီးယပ် တပ်မတော်ဆေးတပ်မှ စစ်တပ်ပိုင်မြေ ဖြစ်သဖြင့် ဖယ်ရှားခိုင်းခဲ့ကြောင်း၊ သို့ရာတွင် အိမ်စုမှ မိသားစုဝင်များက ကျောင်းသား များ ကျောင်း အပ်ပြီးခါစဖြစ်သည့် အတွက် ရုတ်တရတ် ရွေ့ပြောင်းပေးရန် မဖြစ်နိုင်၍ ခေတ္တစောင့်ဆိုင်းပေးပါ ရန် မေတ္တာရပ်ခံခဲ့ကြောင်း၊ ကျူးကျော် နယ်မြေ အဖြစ် နေထိုင်လာကြရာ နှစ်ပေါင်းများစွာ ကြာလာပြီဖြစ်၍ အခြေကျနေပြီလည်း ဖြစ်ကြောင်း ဒေသံများက ဆိုသည်။

“အခု သူတို့က ခြံစည်းရိုးပိတ်ခတ်လိုက်ပြီး အပြင်ထွက်ချင်ရင် ထွက်ခွင့်ပေးတယ်။ဒါပေမယ့် အပြီးထွက်ရမယ်။ ပိုင်ဆိုင်မှု တွေလည်း ပြန်လာယူလို့ မရတော့ဘူး။ အပြင်ကလူတွေတော့ အထဲကို လုံးဝ ပေးမ၀င်တော့ဘူး။ ခက်တာက အထဲက လူတွေ ရေနဲ့ စာနပ်ရိက္ခာပြတ်နေတယ်” ဟု မင်္ဂလာဒုံမြို့နယ်နေ ကိုအောင်နိုင်မင်းက ဆိုသည်။

ပိတ်မိနေသူများကို အပြင်က လှမ်းကြည့်ပါက မြင်နေရကြောင်း၊ ဆန်၊ ဆီ စသည့် ကြော်လှော် ချက်ပြုတ် စားသောက်ရန် အတွက် နေ့ခင်းပိုင်းက ထောက်ပံ့ပေးလိုက်ကြောင်း၊ ပိတ်မိနေသူ ကလေးငယ်များနှင့် အမျိုးသမီးများမှာ ငိုယိုနေကြ ကြောင်းလည်း သူက ဆက်ပြောသည်။

မင်္ဂလာဒုံမြေသိမ်းမှုသည် အောက်ခြေ အာဏာပိုင်များ၊ စစ်တပ်နှင့် စစ်တပ်ကျောထောက်နေခံပေးထားသည့် စီးပွားရေး သမားများ၏ လုပ်ကွက်ဖြစ်ကြောင်း မင်္ဂလာဒုံ ဒေသခံများကလည်း ပြောဆိုနေကြသည်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။