အာရပ်နွေဦးလို့ နာမည်ကျော်ခဲ့တဲ့ အီဂျစ်နိုင်ငံက လူထုအုံကြွမှုကို အကြမ်းဖက် ဖြိုခွင်းတဲ့အမှုနဲ့ အီဂျစ်သမတဟောင်း ဟိုဆီနီ မူဘာရက်ကို ထောင်ဒဏ် တသက်တကျွန်းချလိုက်ပါပြီ။

တရားရုံးအမိန့် နာကြားနေတဲ့ မူဘာရက်

မူဘာရက်ရဲ့ အမှုကို နောက်ဆုံးကြားနာခဲ့တဲ့ မနေ့က ကိုင်ရိုမြို့ တရားရုံးတော်ရှေ့မှာ လူတွေ ထောင်သောင်းချီ စုဝေးခဲ့ကြပြီး မူဘာရက်ကို ထောင်ဒဏ် တသက်တကျွန်း ချလိုက်တယ်လို့ ဆိုတာနဲ့ လူထုကြီးဟာ ၀မ်းသာအားရနဲ့ “အီဂျစ်” “အီဂျစ်” ဆိုပြီး ကြွေးကြော် အော်ဟစ်ခဲ့ကြပါတယ်။
ဒီအပျော်တွေဟာ တခဏလေးအတွင်းမှာပဲ ၀မ်းနည်းမှုနဲ့ ဒေါသတွေအဖြစ် ပြောင်းလဲသွားပြန်ပါတယ်။ အကြောင်းရင်းကတော့
မူဘာရက်နဲ့အတူ တရားစွဲဆို ရုံးတင်ခံခဲ့ရတဲ့ ရဲတပ်ဖွဲ့အကြီးအကဲ ၆ ယောက်ကို အပြစ်မရှိဘူးလို့ ရုံးတော်က ဆုံးဖြတ်လိုက်လို့ပါပဲ။

ဒါ့အပြင် မူဘာရက်နဲ့ သူ့ရဲ့ သားနှစ်ယောက်ကို စွဲချက်တင်ထားတဲ့ အဂတိလိုက်စားမှုကနေ ပ လပ် လိုက်တယ် ဆိုတာကြောင့် အီဂျစ်ပြည်သူတွေက ဒါဟာ အီဂျစ်မှာ တရားမျှတမှုမရှိသေးတာကို ပြနေတယ် အီဂျစ်ပြည်သူတွေဟာ တရားမျှတမှုကို လိုလားတယ်လို့ ကြွေးကြော်ကြပြီး ကိုင်ရိုမြို့ရဲ့ တီဟီရာ ရင်ပြင်မှာ စုဝေးပြီး ရုံးတော်ရဲ့ ဒီဆုံးဖြတ် ချက်နှစ်ခုကို သဘောမတူနိုင်ကြောင်း ဆန္ဒပြနေကြပါတယ်။
Source by :http://blog.irrawaddy.org/
0 comments:
Post a Comment