Home » , » မလေးရှားနိုင်ငံအတွင်း အလုပ်အကိုင် ရှာဖွေနေသော မြန်မာများအတွက် (၁၂)

မလေးရှားနိုင်ငံအတွင်း အလုပ်အကိုင် ရှာဖွေနေသော မြန်မာများအတွက် (၁၂)

Written By မောင်စေတနာ on Saturday, June 23, 2012 | 3:37:00 AM



မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့တော် မြန်မာ စားသောက်ဆိုင်တန်းတွင် ကပ်ထားသော အလုပ်အကိုင် လိုချင်သော သူများအတွက် အလုပ်ခေါ်စာ ကြေငြာချက်လေး ဖြစ်ပါတယ်။ မြန်မာများအတွက် အသုံးဝင်မယ် ထင်လို့ ဓာတ်ပုံရိုက်ပြီး တင်ပေးလိုက်တာပါ။ အလုပ်ရှာနေသော အလုပ်လိုနေသော သူများ သေချာ ဆက်သွယ် ဆွေးနွေး စုံစမ်းပြီးမှ အလုပ်လုပ်ကြပါ။ ကောင်းတာ မကောင်းတာက မိမိနဲ့ သက်ဆိုင်ပါတယ်။

News Information & Online Radio Media (Malaysia) မှ မလေးရှားရောက် ရွှေမြန်မာများအတွက် သတင်းများနှင့် အရေးကြီးသော အကြောင်းအရာများကို အချိန်မှီ တင်ပြပေးလျက် ရှိနေပါတယ်။ မလေးရှား ရောက် ရွှေမြန်မာများ အနေဖြင့် သတင်း ၊ ဆောင်းပါး ၊ ကဗျာ ၊ သုတ ၊ ရသများ ဆောင်ရန် ရှောင်ရန်ကိစ္စများကို သိရှိပြောပြလိုပါက အခုဝဘ်ဆိုက် စာမျက်နှာမှာရှိတဲ့ ဆက်သွယ်ရန်ဆိုတဲ့ နေရာလေးမှာ မိမိတို့ ပြောလိုသော အကြောင်းအရာများကို အသေးစိပ် ရေးသားပေးပို့ တင်ပြနိုင်သလို nayzawlin1@gmail.com ကိုလည်း ဆက်သွယ် နိုင်ပါတယ်။

အထူး သတိပေးချက် အနေဖြင့် (ယခုရက်ပိုင်းအတွင်း မလေးရှား နိုင်ငံအတွင်း နေထိုင်သော ရွှေညီအစ်ကိုများ လူစည်ကားသော နေရာများနှင့် ကေအယ်ရှိ ရထားဂိတ် ကားဂိတ်များတွင် ရှောင်တခင် စစ်ဆေးမှုများနဲ့ လုယက်မှုများ ၊ လိမ်လည်မှုများ ရှိနေပါ၍ ညနေပိုင်း အချိန်များတွင် ခရီးသွားလာမှုများအား ဂရုစိုက်သင့်ပါတယ်။

အထူးသတိပေးချက် အနေဖြင့် ကေအယ် ကိုတာရာယာ ကုန်တိုက်တွင် ရွှေမြန်မာများ ဖုန်းဝယ်ပါက အထူးသတိပြုပါ။ ဈေးနည်း တယ်ဆိုပြီး မဝယ်ပါနှင့် လက်မှတ်ထိုးခိုင်းပြီး ငွေအလိမ်ခံရတတ်ပါသည်။ ခရီးသွား အပြင်ထွက်သော အချိန်တွင် တစ်ယောက်တည်း သွားလာမှုများကို ဆင်ခြင်၍ သူငယ်ချင်းများနှင့် ခရီးသွားလာသင့်ပါကြောင်း) ရွှေမြန်မာများ ဘေးရန်ကင်းဝေး စေရန် အတွက် အသိပေးအပ်ပါသည်။

နောက်ထပ် အလုပ်ကြေငြာချက် လေးတွေကို ထပ်တွေ့ရင် ရွှေမြန်မာတွေ အတွက် တင်ပေးသွားမှာပါ။ မလေးရှားရောက် မြန်မာများ အားလုံး ဘေးရန်ကင်းကွာ၍ အလုပ်အကိုင်ကိစ္စများ အဆင်ပြေကြပြီး ကောင်းမွန် သာယာလှပသော အနာဂတ် မိသားစု ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။



News Information & Online Radio Media (Malaysia)
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။