
“ COSTEC” အထည်ချုပ်စက်ရုံဟာ ရွှေပြည်သာမြို့နယ် စက်မှုဇုန်(၃)အတွင်းမှာ တည်ရှိပြီး ဘဲမွေးနဲ့ လုပ်ထားတဲ့ ဂျက်ကင်အင်္ကျီ ၊ အနွေးထည်တွေကို ချုပ်လုပ်တဲ့၊ ကိုးရီယားက လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ စက်ရုံတရုံ ဖြစ်ပါတယ်။
စက်ရုံတွင်း လုပ်ငန်းခွင် အခြေအနေက ဒီလိုပါ -
ဖိနပ်စီးရင် ညစ်ပတ်မှာစိုးလို့ အလုပ်သမားတိုင်း ဖိနပ်မစီးရဘဲ တမံသလင်းပေါ်မှာ မနက် ၈နာရီကနေ ည ၇နာရီခွဲအထိ ပူပူလောင်လောင်နဲ့ အလုပ် လုပ်ရတယ်လို့ ပြောပြပါတယ်။
ဘဲမွှေးတွေ ပြန့်လွင့်မှာစိုးလို့ ပန်ကာတွေကို လုံးဝ မထားပေးဘူးလို့ ဆိုပါတယ်။

ဒီနှစ်အတွင်းမှာ အလုပ်လုပ်ရင်း သေဆုံးသွားတဲ့ အမျိုးသမီးငယ်လေး ၂ ဦး ရှိသွားပြီ တဲ့။
ခွင့်မတိုင်ဘဲ ပျက်ကွက်ရင် လစာထဲက ၈၀၀၀ ဖြတ်ပစ်လိုက်ပြီး ခွင့်တိုင်ရင်တော့ ၄၀၀၀ ဖြတ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အခြေခံလစာ ၃၀၀၀၀ တိုးပေးဖို့ ဆန္ဒပြ တောင်းဆိုနေတာ ၄ ရက် ရှိပြီလို့ သိရပါတယ်။

တာလာ ဘတ်တွေကို အမိုးအကာလုပ်ပြီး ထမင်းချိုင့်ကိုယ်စီနဲ့ စုပြုံနေတဲ့ လူတွေကို ဒုက္ခသည်စခန်းတခုက လူတွေလို့ ထင်မှားနိုင်ပေမယ့် တကယ့်တော့ သူတို့ဟာ“ COSTEC “ အထည်ချုပ် စက်ရုံက အလုပ်သမားတွေ ဖြစ်ပါတယ်။ ဆန္ဒပြတဲ့ အလုပ်သမားပေါင်း ၁၇၅၀ ကျော်ပါတယ်။
Source by :http://blog.irrawaddy.org/
စက်ရုံတွင်း လုပ်ငန်းခွင် အခြေအနေက ဒီလိုပါ -
ဖိနပ်စီးရင် ညစ်ပတ်မှာစိုးလို့ အလုပ်သမားတိုင်း ဖိနပ်မစီးရဘဲ တမံသလင်းပေါ်မှာ မနက် ၈နာရီကနေ ည ၇နာရီခွဲအထိ ပူပူလောင်လောင်နဲ့ အလုပ် လုပ်ရတယ်လို့ ပြောပြပါတယ်။
ဘဲမွှေးတွေ ပြန့်လွင့်မှာစိုးလို့ ပန်ကာတွေကို လုံးဝ မထားပေးဘူးလို့ ဆိုပါတယ်။

ခွင့်မတိုင်ဘဲ ပျက်ကွက်ရင် လစာထဲက ၈၀၀၀ ဖြတ်ပစ်လိုက်ပြီး ခွင့်တိုင်ရင်တော့ ၄၀၀၀ ဖြတ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အခြေခံလစာ ၃၀၀၀၀ တိုးပေးဖို့ ဆန္ဒပြ တောင်းဆိုနေတာ ၄ ရက် ရှိပြီလို့ သိရပါတယ်။

Source by :http://blog.irrawaddy.org/
0 comments:
Post a Comment