Home » , , » အော်ပရာစီ အကြောင်းပြပြီး မတရားလုယူသွားသော ကပုန်းစက်ရုံမှ အဖြစ်အပျက် (မလေးရှား အထူးသတင်း) မြန်မာများ သတိထားနိုင်စေရန်

အော်ပရာစီ အကြောင်းပြပြီး မတရားလုယူသွားသော ကပုန်းစက်ရုံမှ အဖြစ်အပျက် (မလေးရှား အထူးသတင်း) မြန်မာများ သတိထားနိုင်စေရန်

Written By မောင်စေတနာ on Saturday, June 2, 2012 | 10:34:00 PM

မင်္ဂလာပါ။ ယနေ့နံနက် ၂ နာရီခန့်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ကပုန်း မြို့နယ် ပလတ်စတစ် စက်ရုံရှိ မြန်မာလုပ်သားများ ကြုံတွေ့ရတဲ့ အဖြစ်အပျက်များကို မလေးရှားရောက် မြန်မာအားလုံး သိရှိ သတိထားနိုင်စေရန် ကျွန်တော်တို့ချက်ချင်း ဤဘလော့ဖြင့် အသိပေးလိုက်ပါတယ် ။

ယနေ့ ၁၉.၅.၂၀၁၂ နံနက် ၂ နာရီခန့်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ၊ ကပုန်း မြို့နယ် တွင် တည်ရှိသော

BINA Plastic Factory

BINA F5 , Kampung Baru , Taming Jaya , Kapong .

ပလတ်စတစ်ပိုက်စက်ရုံသို့ အော်ပရာစီ ကိုအကြောင်းပြပြီး မလေးရှား ရဲများရဲ့ လူမဆန်သော လုပ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ် ။

ဖြစ်ပွားပုံမှာ ထိုစက်ရုံသို့ယနေ့နံနက်က အော်ပရာစီဝင်သည်ဟု ပြောပြီး ၊ နံနက် စောစီး အနားယူ အိပ်စက်နေကြသော မြန်မာလုပ်သား များအားလုံးကို အဆောင်များမှ ချက်ချင်း ဆင်းရန် မလေးရှားရဲများ နှင့် အရပ်သား များ စုပေါင်း အင်အား ၅၀ ခန့်ပါသော အဖွဲ့တစ်ဖွဲ့ က ညွှန်ကြားခဲ့ပါတယ် ။

ထိုသို့ စစ်ဆေးရန် ဝင်ရောက်သောအခါ မြန်မာလုပ်သားများမှ လိုအပ်သော စာရွက်စာတမ်းများ ရှာဖွေယူဆောင်သောအခါ နောက်ကျော်သို့ခြေထောက်ဖြင့် ကန်ခြင်း ၊ ကြာသည်ဟု အကြောင်းပြပြီး အပစ်မဲ့ မြန်မာလုပ်သားများကို ထိုးနှက်ခြင်း ၊ စာရွက်စာတမ်းများ ပြည့်စုံသည့်တိုင်အောင် ယူဆောင်ချိန်မပေးပဲ အားလုံး အောက်ဆင်းရန်သာ ပြောဆို နှိပ်စက်သွားခဲ့ပါတယ် ။

ထိုသို့ မြန်မာလုပ်သားအားလုံး အောက်တွင်စုစည်းနေချိန်တွင် အချို့သော ယူနီဖောင်းဝတ် ရဲများနှင့် အရပ်ဝတ် မလေးများမှ အလုပ်သမား အဆောင်များသို့ တက်ရောက်ပြီး ငွေကြေးများ ၊ ဖုန်းများ ၊ အခြားအဖိုးတန်ပစ္စည်းများကို မြန်မာလုပ်သားများ၏ သေတ္တာ ၊ ပုံး များထဲကို ချိုးဖျက်ပြီး ယူဆောင်သွားခဲ့ကြပါတယ် ။

အော်ပရာစီ စစ်ဆေးသည်ကို အကြောင်းပြပြီး ယခုကဲ့သို့ လူမဆန်စွာ ပြုလုပ်သွားသည်မှာ လွန်စွာ အကျည်းတန်ရုပ်ဆိုးသည်သာမက မြန်မာ အလုပ်သမားအားလုံး အတွက် သတိထား ဆင်ခြင်နိုင်ရန် ဤ ဘလော့ကို ရေးသားရခြင်းဖြစ်ပါတယ် ။ အမှန် အော်ပရာစီ ဝင်ရောက်ပါခြင်းဖြစ်ပါက မလေးရှား အာဏာပိုင် အဖွဲ့အစည်းများ ဖြစ်သော Immigration , Rala , Police , Army စသဖြင့် အင်အားပြည့်ဝင်ရောက် သည်ကို မလေးရှားရောက်မြန်မာ အားလုံး သိပြီး ဖြစ်ပါလိမ့်မယ် ။

ယခု အဖြစ်အပျက်ကတော့ မလေးရှား ရဲများ နှင့် အရပ်ဝတ် မလေးများသာ ပါဝင်ပြီး ထိုသူများအားလုံး အင်အား ၅၀ ခန့်ဖြင့် မြန်မာလုပ်သားများ အပေါ် မတရား အနိုင်ကျင့် ပြီး အဖိုးတန်ပစ္စည်းများယူငင်သွားတာကြောင့် ဒါကို ကျွန်တော်တို့ ဧဒင်ဥယျာဉ်က အနုကြမ်းစီး ဓားပြတိုက်ခြင်းဟု သာ မြင်ပြီး စစ်ဆေးသည်ဟုလုံးဝမယူဆပါ ။

ထိုကြောင့် မခံမရပ်နိုင်သော မြန်မာလုပ်သားများ အချို့မှ ပြန်လည်ခုခံခြင်းများ ဖြစ်ပွားခဲ့ပြီး ထိုသို့ပြန်လည်ခုခံသူများကို အင်အားသုံး ထိုးနှက်ခြင်းများ ပြုလုပ်သွားခဲ့ပါတယ် ။ သို့ပါသောကြောင့် မလေးရှားရောက် မြန်မာများအားလုံးသို့ အသိပေးရန်ရှိသည်မှာ ထိုသို့ အော်ပရာစီ ဝင်ရောက်သည် ဟု အကြောင်းပြပြီး မတရား ယူငင်ပါက မြန်မာအားလုံး မကြောက်မရွံပဲ ၊ အကြမ်းမဖက်ပဲ စုပေါင်းတားစီးကြရန် အကြံပြုပါတယ် ။ မည်သို့ပင် အိုဗာစတေး နေထိုင်သည်ဖြစ်စေ ၊ အမှန်နေထိုင်သည်ဖြစ်စေ ထိုသို့သော မတရားလုပ်ရပ်များ ကို မြန်မာများ ညီညာပါးနပ်စွာ ရှောင်တိမ်းရန် အကြံပြုပါတယ် ။

ထိုမျှမက ထိုသို့ အကြမ်ဖက်သော ကိစ္စများ ဖြစ်ပေါ်လာသည်ဖြစ်စေ ၊ မဖြစ်သည်ဖြစ်စေ ၊ ရဲများ နှင့်တစ်ခုခု ထိတွေ့ရပါက ထိုရဲများဝတ်ဆင်သော အကျီင်္ရှိ ကိုယ်ပိုင်နံပတ် ( မလေးရှားရဲတိုင်း၏ ညာဘက်ရင်ဘတ် အိတ်ကပ်ပေါ်တွင်ရှိသည် ) ၊ ကားများဖြင့်လာပါက ကားနံပတ် ၊ ရဲကား နံပတ် ၊ စသဖြင့် အားလုံး အလွတ်မှတ်သားထားရန် အကြံပြုပါတယ် ။

ကျွန်တော်တို့ ပြန်လည်ခုခံခွင့်မရှိပေမည့် မလေးရှားရှိ အတိုက်ခံများ ၊ NGO အဖွဲ့များနှင့် ဖြောင့်မတ်မှန်ကန်သော ကျွန်တော်တို့ မိတ်ဆွေ မလေးရှား အရာရှိများထံ ကျွန်တော်တို့ တိုင်ကြားပေးသွားမည်ဖြစ်ပါတယ် ။ ကျွန်တော်တို့မတရားခံရသည်ဖြစ်စေ ဖြစ်အောင် တိုင်ကြားပြီး မလေးရှား ရှိ အတိုက်ခံ website များ ၊ အစိုးရ အင်တာနက်စာမျက်နှာများ ၊ ပြည်ထဲရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာများ မှတဆင့် ကျွန်တော်တို့ ဖော်ပြပေးသွားမည်ဖြစ်ပါတယ် ။

ယခု အဖြစ်အပျက် သည် ဧဒင်ဥယျာဉ်မှ အဖွဲ့ဝင် မောင်ကြည်ရွှင်ဦး ၊ မောင်အောင်ကိုမင်းတို့ တာဝန်ထမ်းဆောင်သော ပလတ်စတစ်စက်ရုံတွင် ဖြစ်ပွားခဲ့ပြီး ထိုသူများမှ ကျွန်တော်တို့ထံ ဖုန်းဆက် အကြောင်းကြားခဲ့ခြင်းဖြစ်ပါတယ် ။ ထိုသို့ မြန်မာလုပ်သားများ၏ လော်ကာများ ၊ သေတ္တာများ ၊ ပုံများကို ဖျက်စီးပြီး အဖိုးတန်ပစ္စည်းများယူငင်သွားသော အဖြစ်အပျက်ကို မခံနိုင်သောကြောင်း မလေးရှား ရောက်မြန်မာများ အားလုံး သိရှိစေရန် ကျွန်တော်မှတဆင့် အသိပေးဖို့ မေတ္တာရပ်ခံခဲ့ခြင်းဖြစ်ပါတယ် ခင်ဗျာ ။

မလေးရှားရောက်မြန်မာအားလုံး ခင်ဗျာ .......

ယနေ့နံနက် ဖြစ်ပွားခဲ့သော ကပုန်မြို့ရှိ အော်ပရာစီအကြောင်းပြ အကြမ်းဖက်လုယူသွားသော ဖြစ်ရပ်မျိုး ထပ်မံ တွေ့ကြုံရပါက ။ ဓာတ်ပုံရိုက်ပြီး သက်သေ ထားကြရန် ၊ ပြုလုပ်သော ရဲများ၏ ကိုယ်ပိုင်နံပတ်များကို တစ်ယောက်ဖြစ်စေ အလွတ်မှတ်ထားရန် နှင့် အရပ်သားများ ပါဝင် နှိပ်စက်သော အဖြစ်အပျက်များ ဖြစ်ပွားပါက အားလုံးစည်းလုံးစွာ ခုခံကာကွယ်ကြရန် အသိပေးရက် ညက ဖျက်စီးသွားသော အဆောင်ပုံများကို ပူးတွဲ တင်ပြပေးလိုက်ရပါတယ် ။

အကြောင်းစုံစုံစမ်းလိုပါက

မောင်ကြည်ရွှင်ဦး ၊ မောင်အောင်ကိုမင်း

တို့အား အောက်ပါ လင့်မှတဆင့် မေးမြန်းနိုင်ပါတယ် ။

မောင်ကြည်ရွှင်ဦး၏ ဧဒင်ဥယျာဉ်စာမျက်နှာ

http://api.ning.com/files/FnWJY*kxSoqL4hyFO7PCyJQOhQX-yJbJkhQV6soTkRyp8aR1CkQWOw8NF0Qvgh4i9NlWpyt47QHltKIIZZLDBfL42l19nADJ/1.jpg?width=500

မြန်မာလုပ်သားများ နေထိုင်ရသော ဖျက်ဆီးခံထားရသည့် တန်းလျား

http://api.ning.com/files/eG9*6rloNLPs0SSAHjyL6iuByg1CVNmj1WKhcGCjG4V6rGKQ0zV1ARIWK*sjekmakO2r-6SnbL3jXUNXmZojMKS9GlZqPl1p/2.jpg?width=500

ဤသို့နေထိုင်ရသည်

http://api.ning.com/files/wStfz*72A2MHO5cvVk47mpZ8LQ1-ndcgLkj2j8kikRbW0KC8DFf--vyNuI2bgdzk702RHn1XDsr8xPnrNPS6BrpaGHuHVUAi/3.jpg?width=500

ယနေ့မနက် ၂ နာရီက အကုန်မွှေနောက်ရှာဖွေခံလိုက်ရသော အလုပ်သားများ အဆောင်မြင်ကွင်း

http://api.ning.com/files/91EYQRsZKheioBCqRwKt4QLvYISQE9VoixLX9ftC7Fqck5Zc-bHTZWKvRZsLm4rcJxLaRcztevetDl91x03QQ0aqFjKVbAL9/4.jpg?width=500

အဖိုးတန်သည့်အရာမှန်သမျှ ယူငင်သွားခြင်းခံရသော တန်းလျားတစ်ခု

http://api.ning.com/files/BwEYUWKva74Sx9Wl1ukgLFizZXYp8YR7XXgB9Uz*DosuAOO*Qtpdrjx0-nbSI-IYSpSgyqc0w6ARPJ38ddSXsCjesWzixD6O/6.jpg

အိပ်နေတာကိုတောင် ဤသို့ ဆွဲချသွားခဲ့ပါတယ် ။

မလေးရှားရောက်မြန်မာများ အားလုံး မည်သည့် ကိစ္စများ ရင်ဆိုင်ရသည်ဖြစ်စေ အားလုံးစုပေါင်းဖြေရှင်းရန် ကျွန်တော်တိုက်တွန်းသည် မြန်မာများ မှ အချို့သော သူများ မိမိတို့ ကိုယ်ရေးကိုယ်တာ မည်မျှ ခက်ခဲနေစေကာမူ အများ စုပေါင်းလုပ်မှရမည့်ကိစ္စ များအတွက် လုံးမကြောက်ပဲ စုပေါင်းစည်းလုံးကြရန် ကျွန်တော်တိုက်တွန်းရပါတယ် ။ ထိုသို့မဟုတ်ပဲ တစ်ယောက်တည်း အဆင်ပြေ၍ ဥပက္ခာပြုသော လုပ်ရပ်များ မလုပ်ကြရန် ၊ ကိုယ့်လူမျိုးအချင်းချင်း မတရားပါက ဝိုင်းဝန်းကူညီရန် ၊ ကျွန်တော် တိုက်တွန်းသည် ။

ကျွန်တော်တို့ မည်သည့် အကြောင်းများကြောင့် မလေးရှားရောက်ခဲ့သည်ဖြစ်စေ ထိုသို့သော အဖြစ်အပျက်များသည် မလေးရှားနိုင်ငံတွင် ပြောမကုန်သော အကြောင်းတရားအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည် ။

အထက်ပါအကြောင်းအရာများကို ကြည့်ပီး မြန်မာ အစိုးရ လူကြီးမင်းများ မလေးရှားသို့ မြန်မာ အိမ်ဖော်များ ဆက်လက်စေလွတ်ဦးမည်လားဟု ကျွန်တော် မေးသည် ။ ရှင်းရှင်းပြောရလျှင် လုံခြုံစိတ်ချမှု့ လျှော့နည်းလှသော မလေးရှားသည် မြန်မာ နိုင်ငံသူများအတွက် အိမ်ဖော်လုပ်ရန် သင့်မသင့် လူကြီးမင်းများ ဆုံးဖြတ် ရန် မီးမောင်းထိုးပြရင်း မြန်မာနိုင်ငံသား အားလုံး သိရှိစေရန် မောင်ကြည်ရွှင်ဦး ၊ မောင်အောင်ကိုမင်းတို့၏ အကူညီတောင်း အသိပေးခြင်းကို ဖော်ပြလိုက်ပါသည် ။

ဤဘလော့ကို မည်သူမဆို ကူးယူပြီး မိမိတို့ ဖေ့ဘွတ် စာမျက်နှာများတွင် တင်ကြပါရန် ။

KOMYO

ဥယျာဉ်မှူး


မလေးရှားရောက် မြန်မာများ မည်သည့်ထူးခြားဖြစ်စဉ်မဆို ကျွန်တော်ထံအသိပေး အကူညီတောင်းခံနိုင်သည်။

service4myanmar@gmail.com

Source by : www.edinooyin.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။