NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့က ရန်ကုန်မြို့ ဘာသာရေး အခမ်အးနားတခုတွင် တွေ့ရစဉ် (ဓာတ်ပုံ - Reuters)
မြန်မာနိုင်ငံတွင် ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေး အဖွဲ့သစ် ပြန်လည်ဖွဲ့စည်းရာတွင် အမျိုးသမီး ၂ ဦး ပါဝင်လာမှုကို အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ကြိုဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လည်း ငြိမ်း ချမ်းရေး တည်ဆောက်မှု လမ်းစဉ်တွင် ဦးဆောင်မှု အခန်းက ပါဝင်ဆောင်ရွက်ခွင့်ရရန် ထောင်းဆို လိုက်သည်။
"လက်ရှိအနေအထားမှာ ငြိမ်းချမ်းရေးကို ရှေ့ရှု့တဲ့ အပြစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေ အစပျိုး လုပ်ဆောင်နေတဲ့ တပြိုင်တည်းမှာ အားလုံးပါဝင်နိုင်တဲ့ အခြေအနေဖြစ်စေချင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက သိပ် အရေးကြီးတယ်"ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညိုက ဧရာဝတီကို ပြောသည်။
တိုင်းရင်းသား အဖွဲ့များကလည်း ဒေါ်အောင်ဆန်းစုကြည်ပါဝင်လာရေး ကမ်းလှမ်း ဖိတ်ခေါ်ထားသဖြင့် အဆိုပါ ကိစ္စ ကို ထောက်ခံ ကြိုဆိုသည့်အတွက် ကြေညာချက်ပါ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
ယခု အသစ်ပြန်လည်ဖွဲ့စည်းလိုက်သော ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တွင် ပါဝင်လာသော အမျိုးသမီး ၂ ဦးမှာ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ နှင့် ပြည်ထောင်စု ကြံခိုင်ရေးပါတီ၊ မွန်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိယဉ်ချမ်းတို့ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်းမကြာသေးခင်က ကချင်ပြည်နယ်တွင်ဖြစ်နေသည့် စစ်ပွဲများကြောင့် ဒုက္ခသည်များ အရေး စိုးရိမ်ပူပန်ကြောင်း ပြောဆိုခဲ့ပြီး တတိုင်းပြည်လုံး ငြိမ်းချမ်းရေးအတွက် ပါဝင် ကူညီဆောင်ရွက်ပေးလိုကြောင်း ယခု နှစ်ဆန်းက ကြေညာချက်ထုတ် ကမ်းလှမ်းခဲ့သည်။
WLB ၏ ယနေ့နေ့စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်တွင် ပဋိပက္ခများ မဖြစ်အောင် လုပ်ဆောင်ခြင်း၊ စံမံခြင်းနှင့် ပဋိ ပက္ခ ဖြေရှင်းခြင်းကိစ္စများတွင် အမျိုးသမီးများ၏ အတွေးအမြင်၊ သဘောထားများ ထည့်သွင်း ပါဝေင်စေမှု၊ အမျိုးသမီး ကိုယ်စားလှယ်များ ပိုမို ပါဝေင်စေမှုကို မဖြစ်မနေ ထည့်သွင်း စဉ်းစားရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် အမှတ် (၁၃၂၅) ကို ထည့်သွင်းဖော်ပြထားသည်။
`အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်ဘို့ကို အစိုးရကရော၊ တခြား အဖွဲ့အစည်း အသီးသီးကပါ အလေးအနက် ထားစေချင် ပါတယ်။ ဒါမှသာ စစ်ပွဲတွေအပါအ၀င် အခြားနယ်ပယ်တွေမှာ အခွင့်အရေး ဆုံးရှုံးနေကြတဲ့ အမျိုးသမီးများရဲ့အခွင့် အရေး အတွက် အာမခံနိုင်တဲ့ အနေအထားတခု ရောက်စေဖို့ လိုအပ်နေ ဆဲ ပါ´ဟု ဒေါ်တင်တင်ညိုက ဆိုသည်။
CEDAW သဘောတူညီချက်တွင် မြန်မာနိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားသည့်အလျှောက် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်တွင် သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် အမျိုးသမီးများ အပြည့်အ၀ ပူးပေါင်းပါဝင် နိုင် ရေးကို လုပ်ဆောင်ပေးရန် တာဝန်ရှိကြောင်းလည်း WLB ၏ ကြေညာချက်တွင် ထောက်ပြ ထားသည်။
စီဒေါ သဘော တူညီချက်ဟူသည်မှာ The Convention on the Elimination of All Forms of Discrimination against Women (CEDAW) ခေါ် အမျိုးသမီးအခွင့်အရေးအတွက် ကုလသမဂ္ဂ အထွေထွေညီလာခံက ၁၉၇၉ ခုနှစ် တွင် ကြေညာစာတမ်းအဖြစ် ထုတ်ပြန်ခဲ့ခြင်းကို ခေါ်သည်။
Source by :http://www.irrawaddyblog.com/
0 comments:
Post a Comment