Home » , , , » Webcam မှတစ်ဆင့် ပျော်စရာလေး တွေ ဖန်တီးချင်ရင်

Webcam မှတစ်ဆင့် ပျော်စရာလေး တွေ ဖန်တီးချင်ရင်

Written By မောင်စေတနာ on Tuesday, May 1, 2012 | 9:20:00 AM


ရိုးရိုး webcam တစ်လုံးက မှန်ကြည့်နေသလိုပဲ ခံစားရပေမဲ့ webcam ကနေတစ်ဆင့် ပျော်ရွှင်ကြည်နူးမှုလေးတွေရချင်တယ်ဆိုရင်တော့ Webcam Max Software ကိုစမ်းသုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီ software လေးက သူငယ်ချင်းတို့ရဲ့ ကွန်ပြူတာမှာရှိတဲ့ webcam နဲ့တွဲပြီး အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။ Online user တွေ အရမ်းသုံးတဲ့ VZO လို software မှာလဲ Webcam Max ရဲ့ Effect တွေနဲ့ တွဲပြီး သုံးနိုင်ပါသေးတယ်။

Webcam Max software လေးက Webcam မှာတွေ့နေရတဲ့ သူငယ်ချင်းတို့ရဲ့ရုပ်ပုံကို Effect မျိုးစုံထည့်ပေးလို့ရစေပါတယ်။ ဥပမာ ခင်ဗျားက VZO မှာပြောနေတဲ့ သူငယ်ချင်းကို ခင်ဗျားရဲ့ မျက်နှာမမြင်စေချင်ဘူးဆိုရင် မျက်နှာဖုံးစွပ်ထားသလိုပုံစံမျိုးနဲ့ chat နေလို့ရပါတယ်။



အဲဒီ့မျက်နှာဖုံးကိုလည်း အရုပ်ပုံလေးတွေ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ ဒါတင်မဟုတ်သေးပါဘူး။ သူငယ်ချင်းရဲ့ မျက်နှာမှာ မျက်မှန်လေးတွေတပ်ပေးတာ ၊နှုတ်ခမ်းမွှေးလေးတွေတပ်ပေးတာ စတဲ့ ပျော်ရွှင်စရာ Effect လေးတွေလည်းအများကြီး ပါပါတယ်။



ဒီ software လေးရဲ့ နောက်ဆုံးထွက်တဲ့ version က Webcam Max Version: 7.1.6.6 ဖြစ်ပြီး 2010 June 17 ရက်နေ့ကမှ ထွက်တဲ့ software အသစ်စက်စက်လေးတစ်ခုပါ။ ဒီ software လေးက Window XP ၊ Vista ၊ Window 7 အကုန်လုံးနဲ့အဆင်ပြေပါတယ်။ Skype တို့လို အခြား Messenger တွေနဲ့လည်းတွဲသုံးနိုင်လို့ free download ရယူပြီး စမ်းသုံးကြည့်စေချင်ပါတယ်ဗျာ…။


Here

သူ့ရဲ့ ဆိုက်မှာ လေ့လာချင်ရင်

Here

မျိုးကိုကို
freshest5@gmail.com
Technique & Translate
8JAN2012-004
www.nayzawlin.com
myokokyaw@nayzawlin.com
http://myokokyaw.blogspot.com/

Source:forum.myanmar-technicians.org by တောင်ကြီးသားလေး
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။