Home » , » မလေးရှားနိုင်ငံTime Square Hotel အနီး မြန်မာနှစ်ဦး ကားတိုက်မှု ဖြစ်ပွား

မလေးရှားနိုင်ငံTime Square Hotel အနီး မြန်မာနှစ်ဦး ကားတိုက်မှု ဖြစ်ပွား

Written By မောင်စေတနာ on Friday, May 4, 2012 | 11:06:00 AM

http://api.ning.com/files/nBFm0VJ1o*tSvAgDjTnerEJGAqpUIvE1ceuREA93LG21Es-AYGXv03xLTlUWqoZeaO7N2wJfu4j*-SvStwz9xCzr6DFaUprF/nayzawlinn12.gif

မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့တော်ရှိ Time Square Hotel အနီးရှိ Bus Stop ကားဂိတ် တစ်ခုအတွင် ၂ ရက်အတွင်းမှာ မြန်မာနှစ်ဦး ကားတိုက်ခံရမှူဖြင့် သေဆုံး သွားကြောင်း သိရှိရပါသည်။

ဒီလ ၂ ရက်နေ့မှာပေါ့။ ကျွန်တော့်ရဲ့ သူငယ်ချင်းရဲ့ သူငယ်ချင်းမြန်မာကောင်လေး တစ်ယောက်ပါ။ သူနာမည်က ဂျေမီဖြစ်ပါတယ်။ အဲဒီ နေ့က သူအရက် နည်းနည်း သောက်ထားသေးတယ်။ ညနေပိုင်း အိမ်ပြန်တာတော့ Bus Stop လမ်းကူးတံတားမှာ လမ်းကူးတုန်း ကားတိုက်ခံ လိုက်ရတာပါ။

နောက် ၃ ရက်နေ့မှာက ချင်းမိန်းကလေး တစ်ယောက်ပါ။ အလုပ်ကသူပြန်လာတာ ညနေ ၇ နာရီလောက် ရှိနေပြီ။ မနေ့က ကောင်လေး ကားတိုက်ခံလိုက်ရတဲ့ နေရာမှာပဲ ဒီနေ့သူလည်း ကားတိုက် ခံလိုက်ရတာပါ။ ကားသမားက လူတွေရုတ်ရုတ်သဲသဲ ဖြစ်နေတုန်းမှာ မောင်းပြေးသွားတော့ ဘာမှလုပ်လို့ မရဘူး ဖြစ်သွားပါတယ်။ ကျွန်တော်တို့လည်း ကိုယ့်မြန်မာတွေထဲက ဒီလိုဖြစ်တော့ အရမ်းစိတ်မကောင်းပဲ ဖြစ်သွားပါတယ်။

အဲဒီ လမ်းကူးတဲ့ နေရာမှာက ညညဆို ဆေးရောင်းသူတွေနဲ့ လုယက်မှုများ ညအချိန်ဆို ရှိနေတတ်လို့ သိထားရတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အခုကားတိုက်ခံရတဲ့ နေရာလေးမှာ မကြာခဏဆိုသလို ကားတိုက်ခံရမှုလည်း ရှိပါတယ် ဟု သေဆုံးသူနဲ့ သူငယ်ချင်းဖြစ်တဲ့ ကိုအောင်အောင်မှ News Information & Online Radio Media (Malaysia) သို့ သတင်းပေး ပြောကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံအတွင်း ယာဉ်မတော်တဆမှုများ လုယက်မှုများ ဓားပြတိုက်မှုများ အလိမ်အညာမှုများ ကြုံတွေ့နေရသော်လည်း မြန်မာနိုင်ငံသားများ အတွက် ထိထိရောက်ရောက် ကူညီလုပ်ဆောင်ပေးမှု မရှိကြောင်း သိရှိရပါသည်။ မလေးရှားရောက် မြန်မာနိုင်ငံသားများ အနေဖြင့် ခရီးသွားလာမှုများကို ဂရုစိုက်၍ သတိထား သွားလာကြပါရန် သတိပေးလိုက်ပါသည်။

မလေးရှား သတင်းများနှင့် ပက်သက်၍ ဆောင်းပါးများ ၊ အရေးပေါ် သတင်းများ သုတ ၊ ရသများ ပေးပို့လိုပါက nayzawlin1@gmail.com ၊ nayzawlin1@nayzawlin.com နဲ့ 016 3840 954 သို့ ဆက်သွယ် သတင်းပေး နိုင်ပါသည်။




News Information & Online Radio Media (Malaysia)
Share this article :

1 comments:

Anonymous said...

သနားပါတယ်....ဂရုစိုက်ကြပါ

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။