Home » , , » MWDC အရက်စက်ရုံ နဲ့ နိုင်ငံတကာစံချိန်

MWDC အရက်စက်ရုံ နဲ့ နိုင်ငံတကာစံချိန်

Written By မောင်စေတနာ on Sunday, May 13, 2012 | 2:13:00 AM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrTTq1XdHNC61s-EUaarc1xOabqqCSc0BiSSH7JjcINKPyuoFdgyuU81ePbtg9tLg5u0dKasMabea4n8aadrvtC5hIzrVheLVl_rgJN5NC2hfcGIjVnW74rEypBQoOoIXw7QUOYaOzGZY/s400/000006.jpg

အက်ဆစ်နဲ့ ပုလင်းဆေးရာမှာ လက်တွေ ဘယ်လိုထိခိုက်သလဲ ဆိုတာကို ရှင်းပြနေတဲ့ မချောစုထွေး (ဓာတ်ပုံများ - ဧရာဝတီ)

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT8Dloy4SNqWukVs9T8GRdTeIjUIvJKO3-tBqgxOek6EU17JFWH_qK1rLGHlnbFeD9yPhHeadsFHQeefvsCC5sSriybsuMrqXbV3gvjmaXs87oj6ckMAUA98Q0gQ_fmdcKSOf_BDYtkqk/s400/00000.jpg

MWDC အရက်စက်ရုံက ထုတ်လိုက်တဲ့ အရက်တွေက နိုင်ငံတကာ အဆင့် မီမမီ မသိရပါဘူး၊ စက်ရုံ အလုပ်သမားတွေရဲ့ ပြောကြားချက်အရ ဆိုရင် လုပ်ငန်းခွင် အခြေအနေတွေကတော့ နိုင်ငံတကာအဆင့်နဲ့ နီးစပ်ဖို့ အလှမ်းဝေးနေပါသေးတယ်။

ရန်ကုန် ရွှေပြည်သာမြို့နယ်မှာ ရှိတဲ့ ဒီစက်ရုံက အလုပ်သမားတွေက သောက်သုံးရေ၊ ကြိုပို့ကား၊ လုပ်ငန်းခွင်သုံးပစ္စည်း စတဲ့ လုပ်ငန်းခွင်အခြေအနေများ၊ ရပိုင်ခွင့်များ နဲ့ လစာတိုးရေးအတွက် ဆန္ဒဖော်ထုတ်နေပုံကို ဧရာဝတီရုပ်သံမှာ တင်ဆက်ထားပါတယ်။

၂၅ ရက် အလုပ်ဆင်းမယ်ဆိုရင် လစာ ကျပ် ငါးသောင်းကျော် ရတယ်လို့ ရှင်းပြနေသူ ကိုဟိန်းမင်းဇော်။ ပြီးခဲ့တဲ့လမှာတော့ လစာ လေးသောင်း မကျော်ပါဘူး တဲ့။ လစဉ် လုပ်အားခ ဒေါ်လာ တရာအောက် ရရှိသူ မြန်မာလူငယ်များရဲ့ ပကတိ အခြေအနေကို ဧရာဝတီရုပ်သံမှာ တင်ဆက်ထားပါတယ်။



Source by :http://www.irrawaddyblog.com/2012/05/mwdc.html
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။