လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က အာဖရိကတိုက်ရှိ ဆာဟာရ ဒေသမှာ ပျက်ကျသွားခဲ့တဲ့ ဗြိတိသျှ တိုက်လေယာဉ် တစင်းကို ပြန်တွေ့လိုက်ပြီလို့ ဆိုပါတယ်။
၁၉၄၂ ခုနှစ်၊ ဇွန်လက အသက် ၂၄ နှစ်ရှိ ဒင်းနစ်ကော်ပင်မောင်နှင်လာတဲ့ Kitty Hawk P-40 အမျိုးအစား တိုက်လေ ယာဉ်ကို ပစ်ချခံခဲ့ရတာလည်းဖြစ်ပါသတဲ့။
ပိုလန်ရေနံရှာဖွေရေး လုပ်သားက မမျှော်လင့်ပဲ တွေ့တာဖြစ်ပြီး ထူးခြားစွာပဲ လေယာဉ် အစိပ်အပိုင်းအားလုံးနီးပါး မပျောက်မပျက် ပြန်လည်တွေ့ရှိလိုက်တာပါဘဲတဲ့။
အထောက် အထားများအရ လေယာဉ်မှူးဟာ ထိုစဉ်က အသက်မသေပဲ လေထီးကို အမိုးအကာအဖြစ် အသုံးပြုသွားတာတွေ ရှိပြီး တနေရာကို ထွက်သွားရ င်း သေဆုံးသွားဖွယ်ရှိတယ်လို့ ယူဆရပါတယ် တဲ့။ လေယာဉ်မှူးကို ရှာဖွေဖို့အတွက်လည်း စီမံဆောင်ရွက်နေကြ ပါပြီလို့ဆိုပါတယ်။
ဒီလေယာဉ်ကို အခုအခါ လန်ဒန်မြောက်ပိုင်းက တော်ဝင်လေတပ် ပြတိုက်မှာ ပြသထားလိုက်ပါပြီ။ မကြာသေးခင်ကပဲ ဗြိတိတ် ၀န်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာလည်း ဒုတိယ ကမ္ဘာစစ်က ၀ှက်ထားခဲ့တဲ့ Spit FireS ဗြိတိန်တိုက် လေယာဉ် အစင်း ၂၀ ကိစ္စ ပြန်လည်ရှာဖွေ ဖော်ထုတ်ရေး သဘောတူခဲ့ပါသေးတယ်။
Source by :http://www.irrawaddyblog.com/
0 comments:
Post a Comment