Home » , , » ဘန်ကောက်ရောက် လေဒီဂါဂါ

ဘန်ကောက်ရောက် လေဒီဂါဂါ

Written By မောင်စေတနာ on Friday, May 25, 2012 | 11:35:00 AM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmUpdeISerezVo-PAW1RgeGfF9PrrH_HW1hL-sW_l79CmsgjJjOMJLzTTl7s32jvSJgvg-F1KfKG6syUywGNV-Wa-21k4nHe-QCIwQCOv-vGlyRsgyZNNEg3205fm-pFYIDtXv8GLGWRDU/s400/ld3.jpg

အဆိုတော် လေဒီ ဂါဂါ တယောက် ပြိုးပြိုးပြောင်ပြောင် ရတနာတွေ လည်မှာဆွဲပြီး အနက်ရောင် ရာဘာ အသားကပ် ၀တ်စုံကို ၀တ်လျှက်နဲ့ ဘန်ကောက်မြို့ကို မေလ ၂၄ ရက်နေ့ ညနေပိုင်းက ရောက်ရှိလာခဲ့ပါတယ်။

ရာဘာ အသားကပ်ကို ၀တ်ဆင်လို့ သူ့မှာ ချွေးမထွက်ပါဘူးတဲ့။ အပူချိန် ၃၀ ဒီဂရီ ဆဲစီးရပ် ပဲ ရှိအောင် စီမံထားတဲ့ ၀တ်စုံဖြစ်လို့ပါတဲ့။

သူ့ကိုချစ်ခင်တဲ့ ပရိတ်သတ်တွေက အသံတွေစူးစူးဝါးဝါးနဲ့ အော်ဟစ်နှုတ်ဆက်သံများကြားက သူ့ပုံရိပ်များက အရင်က သူ့ခရီးစဉ်များလိုပါပဲ။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWYwbUfWwXZl-a-EMfnRwE9qR4vw_GIbvVW8fKswmGSieVXEWnAuyDjEZp0gXQTHzhyQlzesLV1_VXl58yKbA6zoDW5HxoqoHkiGafYBn2MMnNM1iYrsgnXO40Nb0d7tGyCCtbkv0QZDtW/s400/ld.jpg

လေဒီ ဂါဂါက တွစ်တာက တဆင့် သူ က ဘန်ကောက်ကို ရောက်ပါပြီလို့ ရေးခဲ့ပါတယ်။ သူ့ ပရိတ်သတ်တွေကလည်း သူ့ကို မြင်ချင်လွန်းလို့ စောင့်ဆိုင်းနေကြရင်း ရောက်လာတာနဲ့ အသံစုံက လေဆိပ်အနီး ပဲ့တင်ထပ်သွားပါတယ်။

တချို့ ထိုင်းပရိတ်သတ်တွေက လေဒီ ဂါဂါစတိုင် ၀တ်စားဆင်ရင်ပြီး သူ့ကို ကြိုဆိုခဲ့ကြပါတယ်။
ထိုင်းနိုင်ငံကတော့ သူ့ကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြပါတယ်။းဒါကြောင့်လည်း ဘန်ကောက်လေဆိပ်က သိပ်ချစ်စရာ ကောင်းတဲ့ ဆီးကြိုခြင်း ရယ်လို့ သူက ချီးမွမ်းခန်းထုတ်လိုက်တာပါ။

အခုတော့ ဘန်ကောက်နဲ့ အနီးတ၀ိုက်က လူငယ်တွေ လေဒီ ဂါဂါ စတိုင် ၀တ်စားပြီး ထိုင်း သတင်းမီဒီယာတွေမှာလည်း ထိုင်း လေဒီ ဂါဂါများ ကို အကျယ်တ၀ံ့ပြသနေပါတယ်။

သူ့ကို မကြာသေးမီက ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတို့က သူ့ရဲ့ ဘာသာရေးဆိုင်ရာ အငြင်းပွားဖွယ် စကား၊ အမူအရာ၊ သရုပ်ဆောင်မှုတွေကြောင့် ဆန့်ကျင် ဆန္ဒပြခဲ့ကြတာပါ။

ဖိလစ်ပိုင်က ဘာသာရေး အစွန်းရောက်တွေရဲ့ ဆန္ဒပြမှုက အတော်ပြင်းထန်ခဲ့ပါတယ်။ ဒါပေမယ့် လေဒီ ဂါဂါက ဟာသ နှောပြီး ပြောလိုက်တာကတော့ “ မပူပါနဲ့၊ ကျမကို ထောင်ထဲ ထည့်လိုက်ရင်တော့ ဘီယွန်းဆေးက လာထုတ်ပါလိမ့်မယ်” တဲ့ ။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။