Home » , » ရန်ကုန် နဲ့ စွန့်ပစ်ရေဆိုးပြဿနာ

ရန်ကုန် နဲ့ စွန့်ပစ်ရေဆိုးပြဿနာ

Written By မောင်စေတနာ on Saturday, May 26, 2012 | 2:11:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglKvK3LXTDbi0Q8Ngt3vh6cruuR2YXg8_6SHgty4hMmUxmClTtyvJf5z7-0xIyEAgFO8Fdz1xEwgHHktwSzP5jIh9On9VP8cUr0gSkWnWZxSVxRyIqJ0s0ENNpcNnfevFCkxnu2U1IBlc/s400/DSC045333.jpg

လှိုင်မြို့နယ် ၊ ၁၃-ရပ်ကွက်မှာ ဆယ့်နှစ်ရာသီ ၀ပ်နေသော စွန့်ပစ်ရေဆိုးပြဿနာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်၊ မဟာဆွေလမ်းမကြီး အနောက်ဘက်ခြမ်းနှင့် လမ်းသွယ်များတွင် စက်ရုံများမှ ဓာတုဗေဒဆေးများ ပါဝင်သည့် အမည်းရောင် စွန့်ပစ်ရေဆိုးရေညစ်များကြောင့် နွေရောမိုးပါ ရေ၀ပ်နေပါသည်။

ရပ်ကွက်နေပြည်သူများ၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်ပြီး၊ ယင်းဓာတုစွန့်ပစ်ရေ၏အငွေ့ကြောင့် နေအိမ်သွပ်မိုးများ ပျက်စီးလွယ်ခြင်း၊ အီလက်ထရွန်နစ်ပစ္စည်းများ ပျက်စီးလွယ်ခြင်းတို့ကို ကြုံတွေ့နေရပါသည်။

ရပ်ကွက်နှင့်မျက်နှာချင်းဆိုင် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံက ၂၄နာရီ မပြတ် စွန့်ထုတ်သော ဓာတုရေဆိုးများ၊ သီရိမြိုင်လမ်းမကြီးနှင့် အုတ်ကျင်းဘူတာရုံလမ်းထောင့်ရှိ ရေသန့်စက်ရုံက စွန့်ထုတ်သော ရေဆိုးများကို ပိတောက်ချောင်း အတွင်းသို့ စနစ်တကျစွန့်ထုတ်မှု မရှိခြင်း ၊ ရပ်ကွက်အတွင်းစနစ်ကျသော ရေထုတ်ရေနှုတ်မြောင်းများ မရှိခြင်း၊ ကွန်ကရစ်လမ်းများ ခင်းထားသောကြောင့်ရေထွက်ပေါက်များ ပိတ်ဆို့သွားခြင်း တို့ကြောင့် စွန့်ပစ်ရေဆိုးများသည် အနိမ့်ပိုင်းလမ်းသွယ်များ အတွင်းသို့ ပျံ့နှံ့ဝင်ရောက်နေသည်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuU2_c906BLvNMkinPmrSCivSctGf_IxqHZdI73OB72D33xhGRxmsuVBRX5md3J8QRIna3URKVIsw7nMSBlyyXq1xEHrjHqCDP5EwjzIbgwVW_F9nB_z34BkJpLCpusulrKENhKFRpH9fM/s200/DSCF5438u.jpg

ထို့ကြောင့် ဆယ်နှစ်ရာသီရေ၀ပ်သည့်အပြင် လမ်းမအနိမ့်ပိုင်းနေရာအချို့ကိုပါ ရေလွှမ်းမိုးလျက်ရှိနေပါသည်။

ရပ်ကွက်ပြည်သူများသည် နေအိမ်များအောက်တွင် အမြဲဝပ်နေသော ရေဆိုးများ၏ ဓာတုဆေး အနံ့ဆိုးများကို နေ့စဉ်ရှုရှိုက်နေရသောကြောင့် ကျန်းမာရေးထိခိုက်ခြင်း၊ ရေဆိုးများစိမ့်ဝင်နေသော အ၀ီစိရေကို သောက်သုံးနေရခြင်း၊ နေအိမ်အမိုးအကာသွပ်များ၊ ဒန်အိုးဒန်ခွက်များ၊ ပေါက်လွယ်ခြင်း၊ အီလက်ထရွန်းနစ် စက်ပစ္စည်းများ မကြာခဏပျက်စီးခြင်း စသည် ဒုက္ခများကို ကြုံတွေ့နေရကြရသည်မှာ နှစ်အတန်ငယ်ကြာမြင့်ခဲ့ပြီဖြစ်သည်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoOXEvUDRX2Cz06RQFg1qamcd6D6x1oJkKZGhd6olsaG1c33wAzPGDskO9EceyqoQTlabpEaCWUr812rPeGNPDWIFfd363cxnbSqnmKPKZLJ0VZg9QrMh4c0hzs2QjF6SljgkI_DsW0XFl/s200/DSCF5442u.jpg

ဤဖြစ်ရပ်မှန်များကို မြို့နယ်စည်ပင်သို့၎င်း၊ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများထံသို့၎င်း၊ လှိုင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်သို့၎င်း၊ တိုင်းဒေသကြီး လွှတ်တော်မှ တစ်ဆင့် မြို့တော်ဝန်ထံသို့၎င်း၊ အကြိမ်ကြိမ် တင်ပြခဲ့သော်လည်း ယနေ့ထက်တိုင် အရေးယူဆောင်ရွက်ပေးခြင်းမရှိဘဲ အထက်ပါဒုက္ခများကို ခံစားနေရဆဲဖြစ်ကြောင်း ရပ်ကွက်ပြည်သူများက ရင်ဖွင့်ကြပါသည်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။