Home » , » သတိ..သင့်ကြောင့် မန္တလေးကို အမေစု အထင် မမှားပါစေနှင့်....

သတိ..သင့်ကြောင့် မန္တလေးကို အမေစု အထင် မမှားပါစေနှင့်....

Written By မောင်စေတနာ on Thursday, May 24, 2012 | 12:58:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWQqSMCwGbw-3rm1IwawSLY_ZbX09f_ppBQ0CUTwGHLZOHj1PSMEmf1nzXxv3Z3PJDxSiPC-nRRUDdXzyr6-ESGV8DCWRH4dRUp2gfEPMO_7CCkEQTsA3FrY8ZA_RLZr5UZnO2qPvu2uop/s400/ca.jpg

ဒီကနေ့ ပြည်ပရုပ်သံ တစ်ခုကနေ အမေစုရဲ့ ဟောပြောချက်တစ်ချို့ကို စိတ်မကောင်းစွာကြားရပါတယ်၊ အမေစုလည်း စိတ်ကောင်းမှာ မဟုတ်ပါဘူး။

ဖြစ်ပုံကဒီလိုပါ၊ အမေစုပြောသွားတာက မန္တလေးဆန္ဒပြမှုမှာ နှစ်ဖွဲ့ဖြစ်တဲ့အကြောင်း၊တစ်ဖွဲ့ဟာ ဖယောင်းတိုင်မီးထွန်းပြီး မီးလင်းဖို့ ဆန္ဒထုတ်ဖေါ်တဲ့သူဖြစ်ပြီး အခြားတစ်ဖွဲ့မှာ မီးလင်းဖို့ကအရေးက ဒီမိုကရေစီထက် ပိုအရေးကြီးတဲ့ အဓိပ္ပါယ်ဆောင်တဲ့ ဆိုင်းဘုတ်ကိုတွေကိုင်တာဖြစ်ကြောင်း၊ အဲဒီကိစ္စကို အမေစုလက်မခံကြောင်း အဲဒီလိုပြောလို့ မန္တလေးသားတွေ ကျေနပ်မှာမဟုတ်ကြောင်းပြောသွားပါတယ်။

အမေစုကိုချစ်တဲ့ ကျွန်တော်အနေနဲ့ ပြောရရင် အမေစုပြောခဲ့တာကို မကျေမနပ် မဖြစ်ပေမယ့် စိတ်မကောင်း တော့ဖြစ်မိပါတယ်။

တကယ်တမ်း အဖြစ်မှန်က အမေစုထင်သလို ကြားသလို (၂)ဖွဲ့လည်း မဟုတ်ပါဘူး၊ လူထုတွေအားလုံး စုပေါင်းတဲ့ တစ်ဖွဲ့ထဲကပါ လူတန်းစားတွေကလည်း အစုံပါပဲ၊ လုပ်ငန်းရှင်တွေ၊ ပွဲစားကုန်သည်တွေကစပြီး အခြေခံ အလုပ်သမားတွေအထိပါဝင်ကြပါတယ်။

ပါတီအနေနဲ့ပြောရရင်လည်းပါတီပေါင်းစုံက ပါပါတယ်၊ ကျွန်တော်ထင်ပါတယ်၊ တာဝန်ရှိဝန်ထမ်းတွေတောင်မှ ၀တ္တရားကြောင့်သာလုပ်ဆောင်နေရတာပါ။

သူတို့လည်း လျှပ်စစ်မီးဒုက္ခကို ခံစားနေရတဲ့သူတွေဖြစ်လို့ စိတ်ထဲကတော့ ဖိုးကျိုင်းထောက် ဖြစ်နေကြမှာပါ။

ထားပါတော့၊ အဲဒီလိုလူတန်းစာတွေ စုံတော့အမြင်လည်း စုံအတွေးအခေါ်မှာလည်း အနုအရင့်တွေရှိ နေကြပါတယ်။

ကျွန်တော့်အနေနဲ့ပထမတစ်ရက်မှာပဲ ပါဝင်အားပေးခဲ့ပေမယ့် နောက်ရက်တွေမှာလည်း ကျွန်တော့်မိတ်ဆွေတွေ ပါဝင်ကြတော့ ဆန္ဒဖေါ် ထုတ်တဲ့သူတွေရဲ့အသံတွေ အရုပ်တွေ ကျွန်တော်ရပါတယ်။


အဲဒီထဲမှာ လူတစ်ယောက်က အမေစုပြောတဲ့ဆိုင်းဘုတ်ကိုပြီး ဆန္ဒထုတ်ဖေါ်တာတွေ့ရပါတယ်။

ကျွန်တော် စုံစမ်းကြည့်တော့ သူဟာလည်း ဘယ်အဖွဲ့အစည်းဝင် မှမဟုတ်ဘူး၊ ရိုးရိုးသားသား ထမင်းရှာစားနေတဲ့သူပါ၊ သူ့အလုပ်အကိုင်နဲ့ နာမည်ကအစ ကျွန်တော်စုံစမ်းထားပါတယ်။

သူ့အသိစိတ်မှာ မီးရချင်တာပဲသိတဲ့သူပါ၊ သူ့အရေးအသားကြောင့် ဒီမိုကရေစီအပေါ် ၀မ်းနည်းစရာဖြစ်နိုင်တယ်လို့ ထင်နိုင်လောက် အောင်လည်း သူ့မှာ အတွေးအခေါ်မရင့်ပါဘူး။

ဒါကို အမေစု စိတ်မကောင်းဖြစ်လောက်အောင် ဘယ်သူတွေကများ Hight Light လုပ်ပြပါလိမ့်လို့ စုံစမ်းကြည့်တော့ ပြည်ပမီဒီယာအချို့ဖြစ်နေတာကို သိလိုက်ရပါတယ်။

သူတို့မီဒီယာတွေဟာ လူသောင်းချီရှိတဲ့အထဲက လူတစ်ယောက်နှစ်ယောက်
လောက်ကိုရွေးပြီး ဘာကြောင့် Hight Light လုပ်ပြတယ်ဆိုတာ သဘောမပေါက်ပေမယ့် မလုပ်သင့်ဘူးလို့ကျွန်တော်မြင်ပါတယ်။

သူတို့မီဒီယာတွေ အခုလိုHight Light မလုပ်သင့်တာကို လုပ်ပြလိုက်လို့ အမေစုနဲ့အတူ ဆန္ဒထုတ်ဖေါ်သူတွေ စိတ်မကောင်းဖြစ်နိုင်တယ်ဆိုတာ မတွေးတတ်တာလား မတွေးခဲ့တာလား သိသိကြီးနဲ့ ထုတ်လွှင့်ခဲ့တာလား ဆိုတာကတော့ သူတို့တတွေပဲ သိကြပါလိမ့်မယ်။

ဒီတော့ အမေရေ၊ မန္တလေးက ဆန္ဒထုတ်ဖေါ်သူတွေအားလုံးဟာ(တစ်ယောက် နှစ်ယောက်ကလွဲရင်) “မီးလင်းရေးဟာ အဓိက ၊ဒီမိုကရေစီအရေးဟာ ဒုတိယ”လို့ ဘယ်သူမှ မတွေးကြပါဘူး။

ဒီတော့ အမေစိတ်မကောင်းမဖြစ်ပါနဲ့၊ အချို့ပြည်ပ မီဒီယာတွေကြောင့် မန္တလေးနဲ့အမေစုဟာ သွေးမဝေးပါဘူးဆိုတာ မန္တလေးသားများ ကိုယ်စား ပန်ကြားလိုက်ပါရစေ...

(ဟာဂျူလီ.ကသာ)

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။