Home » , » သမ္မတအကြံပေးများ ရှင်းတဲ့ ဦးမြင့်စာတမ်း

သမ္မတအကြံပေးများ ရှင်းတဲ့ ဦးမြင့်စာတမ်း

Written By မောင်စေတနာ on Thursday, May 24, 2012 | 8:08:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7DtID96EzWyK-gNMKX383qAFIoSwP6MeaYjXUmKAUBQ135Ll4C5Z2ffjwrWzHCEgEr6CnO5b01oouLqbEphimia6g5CTsJM2NtYR6ZlTNuV3wZ7qTPPzYtp52JNlxbHGvcMllbt6n3_Nu/s400/Photo0152.jpg

သမ္မတဓာတ်ပုံအောက်က သမ္မတအကြံပေးများ ဒေါက်တာနေဇင်လတ်၊ ဦးကိုကိုလှိုင်၊ ဦးစစ်အေး နဲ့ ဒေါ်ခင်မျိုးမြင့်

ဗိုလ်သန်းရွှေပုံတွေချိန်ကြတဲ့ ရုံးဌာနများမှာ ဦးသိန်းစိန်ပုံ ပြောင်းချိတ်ပြီလား မပြောတတ်ပါ။

ရန်ကုန်မြို့၊ အင်လျားလမ်း သမ္မတအကြံပေးများရုံးမှာတော့ "နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်" ပုံကို ကပ်ထားပါတယ်။

သမ္မတရဲ့ စီးပွားရေးအကြံပေးခေါင်းဆောင် ဒေါက်တာဦးမြင့် ရေးသားတဲ့ “ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်ရေး ပြည်သူသို့ အိတ်ဖွင့်ပေးစာ” ဟာ ဦးမြင့်ရဲ့ ဆန္ဒအလျောက် ရေးသားထုတ်ဝေတာ ဖြစ်တယ်၊ သမ္မတရုံးက ကြိုမသိပါဘူး လို့ အဲဒီရုံးမှာ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး ကြေညာပါတယ်။

ဦးမြင့်စာတမ်း နဲ့ ပတ်သက်ပြီး သမ္မတအကြံပေးများရှင်းလင်းပွဲအကြောင်း သတင်းကို ဧရာဝတီ ပင်မ စာမျက်နှာမှာ မကြာခင် ဖော်ပြပေးမှာ ဖြစ်ပါတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။