Home » , » ဟင်္သာတ အာဇာနည် ဗိမာန် ပြန်လည် ပေါ်ပေါက်ရေး

ဟင်္သာတ အာဇာနည် ဗိမာန် ပြန်လည် ပေါ်ပေါက်ရေး

Written By မောင်စေတနာ on Wednesday, May 16, 2012 | 9:27:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV6iY6p8CoOv2h-Wbxa-Pw26ybY4MCms4Baczhv5BaynhGB_DbnK6qECy9mz4pBdnO8q-VsE5vPL-EdgPQ1n3gZFk9RJ3qp8pDVXReWv-gRD6K-b-Gc_4LsQIKWht19Iej8dY0q5QFD38/s400/DSC_0078.JPG

ဖက်ဆစ်ဂျပန် ဆန့်ကျင်ရေး ကာလအတွင်းက အသက်ဆုံးရှုံးသွားကြရတဲ့ မျိုးချစ်တော်လှန်ရေးသမားများတွေနဲ့ လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလတုန်းက ကျဆုံးသွားခဲ့ရတဲ့ အာဇာနည်ခေါင်းဆောင်တွေအတွက် အထိမ်းအမှတ်ပြု တည်ဆောက်ထားတဲ့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့က အာဇာနည် ဗိမာန်ကို စည်ပင်သာယာက ပန်းခြံအဖြစ်ပြောင်းလဲထားမှုကို မူလအတိုင်း ပြန်ထားဖို့ မြို့ခံတွေက တောင်းဆိုနေကြပါတယ်။

ဒီဗိမာန်ကို ဟင်္သာတ၊ မြောင်းမြ၊ မော်လမြိုင်၊ သထုံ၊ ဖားအံ၊ ပုသိမ်၊ စစ်ကိုင်း၊ ရခိုင်၊ မင်းဘူး၊ ရှမ်းပြည်နယ်၊ မြစ်ကြီးနား၊ တောင်ငူ၊ ပဲခူး၊ မိတ္ထီလာ၊ ရန်ကုန်နင့် သာယာဝတီ တို့က တိုင်းရင်းသား မျိုးချစ်တော်လှန်ရေးသမား ၂၄၅ ဦးကို အထိမ်းအမှတ်ပြုဆောက်လုပ်ခဲ့တာပါ။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXqomKu-GxJgHfpVU6u9lT6Ghjn3XGlp3lTPLgkw6PIXc5AkFE4v0C3EAR-veA8Et3l1nurAVGtbQJZAXWzAHG007wZIs9nHixzb5HNEmKI_yef0JVxyY9nQmsjwaRMY6_ccmZ05MusxI/s400/DSC_0075.JPG

သို့သော်လည်း စစ်အာဏာသိမ်းပြီး ၁၉၈၉ ခုနှစ်၊ ဇွန်လမှာ အာဇာနည် ဗိမာန်ကို အာဇာနည်ပန်းခြံလို့ ပြောင်းလဲခဲ့ပါတယ်။

နှစ်ပေါင်း နှစ်ဆယ်ကျော် ပန်းခြံအဖြစ်နဲ့ ရှိနေခဲ့ရတဲ့ အာဇာနည်ဗိမာန်ကို နောင်လာနောင်သားတွေ သိရှိ ဂုဏ်ယူစေဖို့ အတွက် ဆိုပြီး ဟင်္သာတ မြို့ခံ သံဃာတွေနဲ့ ဒီသမိုင်းကို မီခဲ့သူတွေက ဆန္ဒပြင်းပြနေကြပါတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6NHr-NFJdvp6Ub3DHa8QZ4ydIDdfOlqB5vdVYn71G5eClJ8y6-fEPHBqXTcGugxstAolb9Re_NH3ECA74epK8JMZy-ukttdVhrqMEwcah6-zn0p3l57XNYNbuX-9z5u6jJU1zMTYSzRY/s1600/Picture+154.jpg

ဒီအတွက်လည်း မြို့ခံ စည်ပင်သာယာ ဌာနကို ဒီလ ၃ ရက်နေ့က စာပို့တောင်းဆိုထားပါသေးတယ်။ စည်ပင်ကတော့ အကြောင်းပြန်ကြားခြင်း မရှိသေး ပါဘူး။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။