Home » » ကိုယ်ကျွေးမှ သူတို့ စားရတာ သူတို့ကို ချစ်ရင် သူတို့ကလည်း ပြန်ချစ်မယ် နီတာ

ကိုယ်ကျွေးမှ သူတို့ စားရတာ သူတို့ကို ချစ်ရင် သူတို့ကလည်း ပြန်ချစ်မယ် နီတာ

Written By မောင်စေတနာ on Wednesday, May 9, 2012 | 5:04:00 PM

http://www.yoyarlay.com/images/yyl/2012/5/8/8d_4_3_3.jpg

ကိုယ်ကျွေးမှ သူတို့ စားရတာ သူတို့ကိုချစ်ရင် သူတို့ကလည်း ပြန်ချစ်မယ် နီတာ8 DAYS ပရိသတ် အတွက် အပန်း လည်း ပြေစေ ပြီး၊ စိတ်ကြည်နူးမှု ရသ တစ်မျိုးကို ခံစားနိုင်အောင် အသစ် ဖော်ထုတ်လိုက်တဲ့ ကဏ္ဍ လေးက Celebrities & Pets ပါ။ သူတို့ချစ်တဲ့ တိရစ္ဆာန်လေးတွေ အကြောင်း၊ သူတို့နဲ့ အဲဒီ့ အကောင် လေးတွေရဲ့ သံယောဇဉ်အကြောင်း ဖတ်ရှုရင်း၊ လူသားတွေနဲ့ ချစ်စရာ အိမ်မွေး တိရစ္ဆာန် ကလေးတွေရဲ့ မေတ္တာတရားကို လေ့လာနိုင်ကြမှာပါ။

အခုတစ်ပတ်မှာတော့ နီတာနဲ့ ရွန်းနီတို့ရဲ့သံယောဇဉ်ကြိုးလေးအ ကြောင်းကို တင်ပြ သွားပါမယ်။ မွေးဖြစ်ခဲ့တာက ဒီခွေးလေးက အစ်ကိုဝမ်းကွဲ အိမ်က ခွေးလေး၊ အစ်ကို ဝမ်းကွဲက အလုပ်များလို့ ဂရုမစိုက်နိုင်တော့ မွေးဖြစ်သွားတာ။

ခွေးလေး နာမည်က "ရွန်းနီ"လို့ ပေးထားတယ်။ လုပ်ပေး ဖြစ်တာက ကိုယ်တိုင် တော့ သိပ်မလုပ် ပေးဖြစ်ပါဘူး။ သူကကြေး(ဂျီး) များတယ်။ ငါးဆိုရင်မစားဘူး။ အသားမှစားတယ်။ သူ့ကို ဂရုစိုက် မှ ကြိုက်တယ်။ သူ့ကို ဂရုမစိုက် ရင်သူက သိပ်မကြိုက်ဘူး။ သူ့ကို ရေချိုးပေးတာတို့ဘာတို့ကိုတော့ အိမ်ကလုပ်ပေးတယ်။

ကိုယ်ကတော့ သူ့ကိုချစ်ပဲ ချစ်တယ်။ မအား တော့မလုပ်ပေးဖြစ်ဘူး။ ဝယ်ပေးဖြစ်တာက အပြင်သွားရင်သူ့အတွက် အစာတွေဝယ်လာပေးတယ်။ သူက ဆိတ်အူ တုတ်ထိုးကို ကြိုက်တယ်။ ကြုံရင်တော့ ဝယ်ပေးဖြစ်တယ်။

သူတို့နဲ့ ပတ်သက်ပြီး အချိန်ပေး တာက အားတဲ့အခါတော့ သူ့ကိုစ တယ်။ ချော့မြူကစားတယ်။ သူက အရမ်းချစ်ဖို့ကောင်းတယ်။ သူတို့နဲ့ပတ်သတ်ပြီး အကြံပေး ချင်တာက သူတို့ကသနားဖို့ ကောင်းတယ်။ ကိုယ်တွေကျွေးမှသူတို့ကစားရတာ လေ။

သူတို့က နားလည်မှုလည်းရှိ တယ်။ သူတို့ကို ကိုယ်က ချစ်ရင် သူတို့ကလည်း ကိုယ့်ကိုချစ်တတ် တယ်။ ကိုယ်မရှိရင် အိမ်ထဲမဝင် ဘူး။ ကိုယ်လာမှအိမ်ထဲကိုဝင် တယ်။ တိရစ္ဆာန်တွေကို ချစ်တဲ့သူတွေက ကိုယ်ချင်းစာစိတ်ရှိတယ်လို့ စာအုပ်ထဲမှာ ဖတ်ဖူးတယ်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။