Home » , , , , » မလေးရှားနိုင်ငံ စိုင်းဒါဘီဆေး ဌာနေမှ နှလုံး အထူးကု ဆရာဝန်ကြီး စာနယ်ဇင်း များနှင့်တွေ့ဆုံ

မလေးရှားနိုင်ငံ စိုင်းဒါဘီဆေး ဌာနေမှ နှလုံး အထူးကု ဆရာဝန်ကြီး စာနယ်ဇင်း များနှင့်တွေ့ဆုံ

Written By မောင်စေတနာ on Wednesday, May 9, 2012 | 5:01:00 PM

http://www.yoyarlay.com/images/yyl/2012/5/8/HD_8_3.jpg

မလေးရှားနိုင်ငံ စိုင်းဒါဘီဆေး ဌာနေမှ နှလုံး အထူးကု ဆရာဝန်ကြီး စာနယ်ဇင်း များနှင့်တွေ့ဆုံနှလုံး သွေးကြော ကျဉ်း ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေး ဗဟုသုတ များကို မလေးရှား နိုင်ငံ စိုင်းဒါဘီ ဆေးဌာနေမှ အတိုင်ပင်ခံနှလုံး အထူးကု ဆရာဝန်ကြီး Dr. Choo Gim Hooim ကမြန်မာနိုင်ငံ သို့ရောက်တုန်း ရောက်ခိုက် စာနယ်ဇင်း မီဒီယာ များ နှင့်တွေ့ ဆုံပြောကြားခဲ့ပါတယ်။

Dr. Choo ဟာ ယနေ့ နှလုံး သွေးကြောကျဉ်းရောဂါများကို ရောဂါ ရှာဖွေ စမ်းသပ် စစ်ဆေးရာနှင့် ကုသမှုတွင် တွင်ကျယ်စွာ အသုံးပြု လျက်ရှိ သော Interventional Cardiology ဘာသာရပ်ကို အထူးပြုလေ့လာထား သူတစ်ဦးဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ Cardiac CT Imaging နယ်ပယ်တွင် ကျွမ်းကျင်သူတစ်ဦး လည်းဖြစ်ကြောင်း သိရပါတယ်။ Interventional Cardiology ဆိုသည် မှာနှ လုံးသွေးကြောကျဉ်းရောဂါ ၊နှလုံးအဆို့ရှင် ကျန်းမာရေးပြဿ နာနှင့် မွေးရာပါနှလုံးရောဂါ များကို ရောဂါရှာဖွေ စမ်းသပ် စစ်ဆေးရာနှင့် ခွဲစိတ် မှုမပြု လုပ်ဘဲ ကုသပေးနိုင်သည့် Procedure တစ်ခုဖြစ်ပါတယ်။

စိုင်းဒါဘီဆေးဌာနေတွင် နှလုံးသွေးကြောပိတ်ဆို့ သည့်ရောဂါများကို အဆိုပါ Procedure ဖြင့် ကုသပေးလျက်ရှိ ကြောင်း၊ အဆိုပါ Procedure ဖြင့် ကုသမှု ခံယူပြီးပါက သာမန်ရောဂါ အခြေအနေ မဆိုးလှသော လူနာများ ဆိုလျှင် ပြန်လည် ကောင်းမွန်နိုင်ခြေ ရာခိုင်နှုန်း မြင့်မားကြောင်း၊ သို့သော် လူနာ၏အသက်၊ အခြားကျန်းမာရေးပြဿနာများ ရှိ၊ မရှိ၊ လူနာ၏နှလုံး ထိခိုက် ပျက်စီးနေသည့် အခြေအနေ၊ကျောက်ကပ်စွမ်းဆောင်ရည်တို့အပေါ် တွင်လည်းမူ တည်နေကြောင်း Dr. Choo က ပြောပြခဲ့ပါတယ်။

စိုင်းဒါဘီဆေးဌာနေတွင် တစ်နှစ်လျှင် နှလုံးရောဂါဝေဒနာရှင်ပေါင်း ၈၀ဝ မှ ၁၀ဝ၀ ခန့်အထိကို ကုသမှု ပေးရကြောင်း သိရှိရပါတယ် ။ နှလုံးရောဂါဝေဒနာ ခံ စားနေရ သူများသည် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝကိုနေထိုင်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစား အသောက်များကို စားသုံးခြင်း၊ အရပ် အမောင်းနှင့်လိုက်ဖက်သည့် ကိုယ်အလေးချိန်ကို ထိန်းထားခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းပြု လုပ်ခြင်းနှင့် ဆေးဝါးများကို စနစ်တကျ သောက် သုံးခြင်းစ သည့်အချက်များကို လိုက်နာ ကြရန် နှလုံးအထူးကုဆရာဝန် တစ်ယောက် အနေနဲ့ အကြံပေးလိုကြောင်း Dr. Choo က ပြောပြခဲ့ပါ တယ်။

နှလုံးရောဂါကုသရာတွင် ဆေးဝါးများကို စနစ်တကျ သောက်သုံးခြင်းသည် အလွန်အရေးကြီးကြောင်း၊ နှလုံးရောဂါ ဝေဒနာရှင် တစ်ယောက်သည် ဆေးဝါး တစ်မျိုးကိုသောက်သုံး လျှင် နှလုံးတိုက်ခိုက်ခံရမှုကို ၂၅ ရာခိုင်နှုန်းလျော့နည်းသွားစေပြီး နောက်ထပ် ဆေးဝါးတစ်မျိုး ထပ် ပေါင်း သောက် သုံးလျှင် နောက် ထပ် ၂၅ ရာခိုင်နှုန်း လျော့နည်းသွားစေ မှာဖြစ်ကြောင်း၊ ဆေးဝါးများသောက် သုံးခြင်းဖြင့် စုစုပေါင်း ၇၀ ရာခိုင်နှုန်း ခန့်ကို လျော့နည်း သွားစေ မှာဖြစ်ကြောင်း သိရပါတယ်။မြန်မာ လူမျိုးနှလုံးရောဂါဝေဒနာရှင် များကိုလည်း ဆေးကုသမှုပေးနိုင် ရန်နှင့်မြန်မာနှလုံးအထူးကု ဆရာဝန် များနှင့်ဆေးဘက်ဆိုင်ရာ ဗဟု သု တများဖလှယ် နိုင်ရန် မျှော်လင့်ပါကြောင်း Dr. Choo က ပြောကြားခဲ့ပါတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။