Home » , , » မူပြောင်းပေမယ့် လူမပြောင်းတဲ့ အကြောင်းတရား

မူပြောင်းပေမယ့် လူမပြောင်းတဲ့ အကြောင်းတရား

Written By မောင်စေတနာ on Monday, May 28, 2012 | 9:06:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2R3ccfEgolb7UIuBzIbzxrYnm3WHD_NYMNOEZ2RMgKlB_7TC6pd503RNDfVHUymZGBhhfquvZ-XO7UuHrwTpHMfH0NIkIYQ0BqtpwhX9wsfUP-KkkMWKcCtbeg1OJfh2kZDZ2AyVUwhvv/s400/222.jpg

ခောတ်မှီတိုးတက်သောနိုင်ငံတော်သစ်ကြီးဆီသို့...................

နိုင်ငံတော်သမ္မတကြီးရှင့်...

ခောတ်မှီတိုးတက်တဲ့ဒီမိုက ရေစီနိုင်ငံတော် သစ်ကြီှးဆီသို့အမှန်တကယ်လျှောက်လှမ်းတော့မယ်ဆိုရင်... ပိုးထိုးချစား အကျင့်ပျက်နေတဲ့ဝန်ထမ်းများကို အရင်ဆုံးစုံစမ်းမှုတွေလုပ်ဖို့တော့ များများလိုမယ်ထင်ပါတယ်ရှင်။

ယခင်အရှေ့မြှောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ယခု ပြည်ထောင်စုလယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင် လက်ထက်တွင် မှုဆယ်မြို့နယ် ပြည်သူ့ဆေးရုံ နေရာအဖြစ် သတ် မှတ်ပေးထားခဲ့သော မြို့ကွက် သစ် မြေနေရာအား တစ်မိုင်ကျော်ခန့်သာရှိတဲ့မြို့ပတ်လမ်းတည်ဆောက်ရေး သိန်းသန်းချီကုမ္မဏီ မန်းနေဂျင်း ဒါရိုက်တာ ဦးကျော်ဝင်းနှင့် နောက်ကွယ်တွင် ပါဝင်ပတ်သက်နေ သူမူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဟိန်းတို့မှ ပူးပေါင်းကြံစည်ပြီး ကုမ္မဏီရုံးခန်း မြေနေရာအဖြစ် ရှမ်းပြည်နယ်အစိုးရတွင် တင်လျှောက်သဖြင့် ပြည်နယ် အစိုးရမှ ထိုမြေ နေရာအား သိန်းသန်းချီ ကုမ္မဏီအား ချပေးလိုက်ကြောင်းသိရှိရပါသည်။


ပြည်နယ်ဝန်ကြီးချုပ်နှင့် ၀န်ကြီးကတော့ မြေရာဇ၀င် အမှန်ကို တကယ်မသိလို့ မြေပေးမိန့် ချပေးတယ်လို့
ထင်ရပေမယ့် ဒေသအာဏာပိုင်နှင့် မြေစာရင်းဌာနမှ သိကြီးနဲ့ မသိသလို လုပ်ထောက်ခံမှုတွေ ပေးပြီး အများပြည်သူပိုင် မြေနေရာတွေကို ပေါင်းပြီး ရောင်းစားနေကြသောကြောင့် ဒီနေ့ဒီအချိန်ထိ ကြိုးနီစနစ် ၀န်ထမ်းတွေ ရှိနေကြသေးတယ်ဆိုတာထင်ရှားနေပါသေးတယ်။

ထိုမြေနေရာနှင့်ကပ်လျှက်ရှိသော ယခင်ထောက်လှမ်းရေးဗိုလ်ချုပ်ကြီးဦးခင်ညွန့်ပိုင်မြေအားလည်းခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးဟိန်းမှ အကွက်ချပြီး (၆၀x၈၀) ပေတစ်ကွက်ကို ကျပ်သိန်း(၅၀၀)နဲ့ မြေပွဲစား လင်မယားကို တိတ်တစိတ် လက်သိပ်ရောင်းချခိုင်းခဲ့ကြောင်းသိရှိရပါတယ်ရှင်.........


မူဆယ်မြို့တွင်ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရောက်ရှိစဉ်တွင် လှူဒါန်း တည်ဆောက်ခွင့်ပြုခဲ့သော မူဆယ် ပြည်သူ့ ဆေးရုံရှေ့ဈေးရပ်ကွက်တွင် ရှိသော (အ.ထ.က- ခွဲ)ကျောင်းအား ကျပ်သိန်း (၄၀၀၀) ကျော် ဖြင့် တည်ဆောက်မည့် တည်ဆောက်ရေး လုပ်ငန်းတွင် ဗိသုကာမလေး ကန်ထရိုက် အင်ဂျင်နီရာမလေး နန်းကြည်အေးကို အမည်ခံ ခိုင်းစေခဲ့ပြီး နောက်ကွယ်တွင်လည်း ပါဝင်ပတ်သတ်နေကြောင်း လည်း သိရှိရပါတယ်ရှင်....


ထို့အပြင် မူဆယ်မြို့နှင့်တရုတ်ပြည်သူ့ သမ္မတနိုင်ငံနယ်စပ်ရှိ မြန်မာပိုင် ဆင်ဖြူဈေးအတွင်းတွင် ဖွင့်လှစ် ထားသော လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်၊ ဖိုင်ကြူး၊ မာကျန်ဝိုင်းတွေ ဖွင့်ထားတဲ့ လောင်းကစား ဒိုင်တွေရဲ့ဆက်သပေးနေတဲ့လိုင်းကြေးကိုလည်း လက်ခံယူပြီး အများပြည်သူ ဒုက္ခရောက်စေမည့် လုပ်ငန်းများ ကို မသိကျိုးကျွံနေထိုင်နေသလို မသာမာသောနည်းလမ်းဖြင့် နည်းမျိုးစုံစီးပွားရှာနေသော လုပ်ငန်းရှင်တွေ ရဲ့ဆက်သနေတဲ့ငွေ လက်ခံယူနေတာ အားမရတဲ့ အပြင် နှစ်စဉ်နှစ်တိုင်း စီးပွားရေး လုပ်ငန်းရှင်တွေဆီကနေ တရားဝင်တဲ့နည်းနဲ့မွေးနေ့ဗန်းပြလုပ်ပြီး ငွေတောင်းခံနေတာကို နိုင်ငံတော်သမ္မတကြီး သိရှိအောင် အနည်းငယ် တင်ပြခြင်းဖြစ်ပါတယ်ရှင်.....

ဒါကြောင့် မူပြောင်းပေမယ့် လူမပြောင်းတဲ့အကြောင်း တရားတွေကို ပြည်သူလူထုက လက်မခံနိုင်ရခြင်းဟာ ဒီလိုအကျင့်ပျက် တာဝန်ရှိ ၀န်ထမ်းတွေကြောင့်ပါလို့ပြောပါရစေရှင်.........

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။