Home » , , , » မလေးရှားနိုင်ငံ ပီနန်မြို့မှ မောင်ဇင်အောင်စိုး၏ ကျန်းမာရေး စောင့်ရှောက်မှု အတွက် ပါဝင်ကူညီရန် နှိုးဆော်လွှာ

မလေးရှားနိုင်ငံ ပီနန်မြို့မှ မောင်ဇင်အောင်စိုး၏ ကျန်းမာရေး စောင့်ရှောက်မှု အတွက် ပါဝင်ကူညီရန် နှိုးဆော်လွှာ

Written By မောင်စေတနာ on Friday, May 18, 2012 | 5:09:00 PM




၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၅ ရက်နေ့က မလေးရှားနိုင်ငံ၊ ပီနန်မြို့သို့ လာရောက်အလုပ်လုပ်ကိုင်နေသော မောင်ဇင်အောင်စိုးသည် အလုပ်မှ ဆိုင်ကယ်စီး၍ ပြန်လာစဉ် အရှိန်ပြင်း မောင်းနှင်လာသော ကားတစ်စီးမှ စက်ချွတ်ရွင်းကာ ၀င်ရောက်တိုက်မိခြင်းကို ခံခဲ့ရသည်။

မောင်ဇင်အောင်စိုး (အသက် ၂၉ နှစ်) သည် အက်စီးဒင့်ဖြစ်ရာ နေရာတွင်ပင် သတိလစ်မေ့မျောသွားခဲ့ပြီး အရေးပေါ်အခြေအနေဖြင့် ပီနန်းဆေးရုံကြီးသို့ ချက်ချင်းတင်ဆောင် ကုသခံခဲ့ရသည်။

ယခု မေလသို့ ရောက်သည့်တိုင် အောင်ဇင်အောင်စိုး၏ ကျန်းမာရေး အခြေအနေမှာ အထူးအရေးပေါ် အခြေအနေဖြင့် ကုသနေရဆဲ ဖြစ်ပြီး ယနေ့အထိ ဆေးကုသမှုခံယူအပြီး ပြန်လည်ကာ အလုပ်မလုပ်ကိုင်နိုင်သော အခြေအနေသို့ ရောက်ရှိခဲ့ပါသည်။

ထိုမျှမက ဆေးရုံမှဆင်းကာ နေအိမ်သို့ ပြန်လည်ရောက်ရှိသော်လည်း ပြန်လည်မကောင်းမွန်သေးဘဲ ပီနန်းဆေးရုံသို့ ပြန်လည်ပို့ဆောင်ခဲ့ရပြီး အခက်အခဲပေါင်းများစွာဖြင့် ကြိုးစားကုသလျက်ရှိရာ အကူအညီများစွာ လိုအပ်နေပါသည်။

လက်ရှိတွင် မောင်ဇင်အောင်စိုး၏ ကျန်းမာရေးအခြေအနေမှာ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရပြီး ဆီးဂုံ ဒဏ်ရာရခဲ့ကာ ၀မ်းဗိုက်မှ ပိုက်များ သွယ်တန်းထားရသည့် အခြေအနေဖြင့် ဆေးရုံနှင့် အိမ်ကို ခက်ခက်ခဲခဲ အသွားအပြန် ဆေးကုသမှု ခံယူနေရသည်။

ပီနန်ဆေးရုံပေါ်တွင် ဆေးကုသခဲ့သည့် စ၇ိတ်များမှာလည်း ရင်းဂစ် သောင်းကျော်ရှိကာ ဆေးရုံသို့ ၁ သောင်းကျော် အကြွေးတင်နေပြီး ဆက်လက်ကုသရန်လည်း များစွာလိုအပ်နေသေးသည်။

ယင်းသို့ အကူအညီလိုအပ်နေသော မောင်ဇင်အောင်စိုးအတွက် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ) မှ လက်ရှိ ရှိထားသော ရန်ပုံငွေအပါအ၀င် ၎င်းအတွက် ကောက်ခံရရှိသော ငွေအားလုံးကို ပီနန်သို့ သွားရောက်၍ ကျန်းမာရေး စောင့်မှုပြုကာ ကူညီမည်ဖြစ်သည်။

မည်သည့် ပရဟိတ အဖွဲ့အစည်းမဆို မလေးရှားရောက် မြန်မာညီအစ်ကို မောင်နှမများအားလုံး မိမိတို့ တတ်နိုင်သလောက် မည်မျှပင်ဖြစ်စေ စုပေါင်းကူညီနိုင်ရန်လည်း နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့က လက်ကမ်းစာစောင်များ၊ ၀ဘ်ဆိုဒ်များနှင့် ၎င်းတို့၏ ကိုယ်ပိုင်ဝဘ်ဆိုဒ်တို့ မှတဆင့် တိုက်တွန်းနှိုးဆော်ထားသည်။

အဆိုပါ နှလုံးလှ ပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့နှင့်အတူ ကေအယ်ရောက် မြန်မာများ စုပေါင်းလှူဒါန်းလိုပါက ဆက်သွယ်ရန်

နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့
No.118, Jalan Tun H.S.Lee, 50000, Kuala Lumpur.
Tel : +6 03 2022 1098
Email : lovelyheart.blooddonation@gmail.com
Website : www.myanmarblooddonorkl.com
အောင်မြန်မာဆိုင် (ဘေးလှေခါး)၊ ၄၃ ကားဂိတ်ရှေ့ (ဘန်ကောက်ဘဏ်အနီး)

ရုံးဖုန်း ခေါ်မရပါက အရေးပေါ် ဆက်သွယ်ရန် -
အမာခံ EC များ၏ ဖုန်းနံပါတ်များ
ကိုသက် - 017 2838 470
ကိုစိုးဝင်း - 016 6938 766
ကိုဆန်းမင်းဦး - 016 3687 939
ကိုအော်စကာ - 016 6738 398
ကိုကျော်မင်း - 012 2165 872
ကိုစိုးမိုးအောင် - 016 3194 126
ဒေါ်အေးအေးစိန် - 012 3427 729
ကိုမင်းမင်းသိန်း - 016 2546 885
ကိုတင့်ဇော် - 012 2651 742
ကိုမျိုး (ဧဒင်) - 012 4468 842
ကိုသက်နိုင်စိုး - 016 2471 397
စိမ်းမို့မို့ - 010 2667 513





























လေပြည်
Source by :သတင်းကွန်ယက်
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။