Home » , » ရေခဲစိမ်ကျား ဘန်ကောက်မှာ ဖမ်းမိ

ရေခဲစိမ်ကျား ဘန်ကောက်မှာ ဖမ်းမိ

Written By မောင်စေတနာ on Thursday, May 17, 2012 | 4:02:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPQIPCttwOpHppzIiVKGbzi6Nz8rL3I24zp9wi8toW_5o7AcWrAHWoDxjAxUlPb8-KvSV8Ak1DT5C_6ljAQBcUoanoNTY8GjS90J0U1nu1nq2gNs7v0FDHs_PtCkI9BVd7Y9EUcmWAH8c/s400/_MG_491122.jpg

Photo: The Nation - www.nationmultimedia.com

မနေ့က ဘန်ကောက်မြို့ဆင်ခြေဖုံးက အိမ်တလုံးကို ၀င်စီးရာမှာ ရေခဲစိမ်ထားတဲ့ ကျား ၃ ကောင်၊ သစ်နက် ၁ ကောင်၊ တောကြောင် ၁ ကောင် တို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ တွေ့တယ်လို့ အာဏာပိုင်များက ပြောဆိုကြောင်း အခုလေးတင် တက်လာတဲ့ The Nation အွန်လိုင်း သတင်းတပုဒ်မှာ ရေးထားပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ထိုင်းတယောက် ဗီယက်နမ်တယောက်ကို ထိန်းသိမ်းလိုက်တယ် လို့ ရဲအဖွဲ့က ဆိုပါတယ်။

"ကနဦး စစ်ကြောချက်တွေအရ ဒီတိရစ္ဆာန်တွေကို လာအိုမှာ ရှိတဲ့ ဗီယက်နမ်တယောက်ဆီကို ပို့ဖို့ စီစဉ်ထားတယ်၊ ဒါတွေ နောက်ဆုံး ရောက်မယ့် နေရာကတော့ ဗီယက်နမ် နဲ့ တရုတ်နိုင်ငံတို့ပဲ ဖြစ်တယ် ဆိုတာ သိရပါတယ်" လို့ ရဲအရာရှိတဦးက ရှင်းပါတယ်။

ထိန်းသိမ်းခံထားရသူ ၂ ဦးဟာ တောရိုင်းတိရစ္ဆာန် တရားမ၀င် ပိုင်ဆိုင်မှုနဲ့ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ထောင်ဒဏ် ၁၀ နှစ်အထိ အပြစ်ပေးခံရနိုင်တယ်လို့ ဆိုတယ်။

ပြီးခဲ့တဲ့ မတ်လ အတွင်းမှာ တောရိုင်းတိရစ္ဆာန် ကုန်ကူးသူတဦးဆီကနေ ခြင်္သေ့၊ ကျား အပါအ၀င် တိရစ္ဆာန် အရှင် ကောင်ရေ ၂၀၀ ထက်မနည်း ဖမ်းမိခဲ့တယ်လို့ ဒီသတင်းမှာ ဆိုထားပါတယ်။

သက်ရှိများ နဲ့ သဘာဝ ပတ်ဝန်းကျင် အပြန် အလှန် ဆက်စပ်၊ အကျိုးပြုနေတဲ့အတွက် တောရိုင်းတိရစ္ဆာန်တွေ မျိုးတုံးသွားရင် သဘာ၀၀န်းကျင်ကို ထိခိုက်ပျက်စီးစေတာကြောင့် နိုင်ငံတကာ အစိုးရတွေက တောရိုင်း တိရစ္ဆာန်များနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ထုတ်ပြန်ထား၊ တရားမ၀င် လက်ဝယ်ထားရှိ/အရောင်းအ၀ယ်ပြုလုပ် တာတွေကို အရေး နေကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်း
မြန်မာ့ကျား ထိန်းသိမ်းရေး အိန္ဒိယ ကူညီမည်

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။