Home » , , » အိန္ဒိယမှာ Starbucks သောက်နိုင်တော့မယ်

အိန္ဒိယမှာ Starbucks သောက်နိုင်တော့မယ်

Written By မောင်စေတနာ on Monday, April 30, 2012 | 5:09:00 AM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_CXVNvDnU1SkkdJNVHOONjd46TkpdIAbiA_xcreaElyTLVO1EGLD2nfibLUkVo6ziVJvnq-b4r4WottgRGnTivRDGxUEhrVH9bDxJYwd40veQv6PE8PcU-C96J1iobEESNcGOBxJ3hSk/s400/0012.jpg

Starbucks က နိုင်ငံတကာမြို့ကြီးတွေဆီ ဈေးကွက် အဆက်မပြတ် ထိုးဖောက်နေပါတယ်။ ပုံမှာ ထိုင်းနိုင်ငံ ချင်းမိုင်ညဈေးက ဆိုင်ခွဲတခု အပြင်ဘက် မြင်ကွင်းပါ။ နိုင်ငံတကာခရီးသည်များ ပြည့်နေတဲ့ ဒီညဈေးမှာ တဆိုင်နဲ့တဆိုင်ခဲတပစ်အကွာမှာ ဖွင့်ထားတဲ့ Starbucks ၂ ဆိုင်ကို တွေ့ရမှာပါ (ဓာတ်ပုံ - ဧရာဝတီ)

အမေရိကန် ကုမ္ပဏီကြီး Starbucks က သူ့ရဲ့ ပထမဦးဆုံးသော အိန္ဒိယဆိုင်ခွဲကို လာမယ့် စက်တင်ဘာလမှာ ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။ အိန္ဒိယကုမ္ပဏီတခုဖြစ်တဲ့ Tata Global Beverages နဲ့ ဖက်စပ် လုပ်ကိုင်မှာဖြစ်ပါတယ်။

“ အိန္ဒိယက စားသုံးသူတွေ အားပေးမယ်၊ ပြီးတော့ လုပ်ငန်းလည်း အောင်မြင်လာမယ် ဆိုရင်တော့ ကျနော်တို့က အတတ်နိုင်ဆုံး ဆိုင်ခွဲတွေကို များနိုင်သလောက်များအောင်၊ မြန်နိုင်သလောက် မြန်အောင် ဖွင့်သွားမှာပါ” လို့ Starbucks ရဲ့တရုတ်-ပစိဖိတ်ဒေသ ဆိုင်ရာ အကြီးအကဲ John Culver က ပြောသွားပါတယ်။

“ပထမဦးဆုံး ဆိုင်ခွဲအား အိန္ဒိယနိုင်ငံ ဒေသ အသီးသီးမှလူများ ရောက်ရှိနေသည့် မွန်ဘိုင်းမြို့ (ဘုံဘေမြို့) သို့မဟုတ် နယူးဒေလီမြို့တွင် ဖွင့်ဖွယ်ရှိသည်” လို့ ဒီကုမ္ပဏီတွေက ကြေညာထားပါတယ်။

ဒီနှစ်ကုန်တဲ့အထိဆို ဆိုင်ခွဲပေါင်း ၅၀ ဖွင့်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း Tata Global Beverages ရဲ့ ဒုတိယအဆင့် အမှုဆောင်အရာရှိ R.K. Krishnakumar က ဆိုပါတယ်။ ဒီကုမ္ပဏီတွေရဲ့ ကနဦး ရင်းနှီးမြှုပ်နှံမှုက အမေရိကန် ဒေါ်လာ သန်း၈၀ နဲ့ ညီတဲ့ အိန္ဒိယ ရူပီး ၄ ဘီလီယံ ရှိပါတယ်။

အခုအိန္ဒိယမှာ ဖွင့်မယ့် ဆိုင်နာမည်က ပုံမှန်ဖြစ်နေကျ “Starbucks Coffee” မဟုတ်ဘဲ “Starbucks Coffee: A Tata Alliance” လို့ ပူးတွဲအမည်ပေးသွားမှာပါ တဲ့။

လက်ရှိမှာ Starbucks က နိုင်ငံပေါင်း ၅၇ နိုင်ငံမှာ ဆိုင်ခွဲပေါင်း ၁၇,ဝဝဝ ရှိပါတယ်။
Starbucks က ပြီးခဲ့တဲ့ ဇန်န၀ါရီလက အိန္ဒိယမှာ ကော်ဖီစေ့ဝယ်ယူဖို့၊ ကော်ဖီ ထုတ်လုပ်ဖို့ Tata coffee နဲ့ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

နယူးဒေလီက ကော်ဖီဒေး ဆိုင်ခွဲတခု ဖြစ်ပါတယ်။ Starbucks က ကော်ဖီဒေးရဲ့ ဈေးကွက်ဝေစုကိုလုပါတော့မယ် (ဓာတ်ပုံ - ဧရာဝတီ)

Tata နဲ့ဖက်စပ် လုပ်ကိုင်ခြင်းအားဖြင့် Starbucks အတွက် အဓိက ၀န်ထုပ်ဝန်ပိုးဖြစ်တဲ့ အကုန်အကျများတဲ့ အဆောက်အအုံငှားရမ်းခ သက်သာစေမှာဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဖက်စပ်ဆိုင်တွေကို Tata Group ပိုင်တဲ့ ဟိုတယ်ကြီးတွေမှာ ဖွင့်နိုင်မှာ ဖြစ်လို့ပါပဲ။ ဒါ့အပြင် ဆိုင်ခွဲတွေကို ကုန်တိုက်၊ ပန်းခြံ၊ တက္ကသိုလ်၊ လေဆိပ် နဲ့ ရထားဘူတာ တွေမှာလည်း ဖွင့်သွားဖို့ရှိပါတယ် တဲ့။

ဒီဖက်စပ် ကုမ္ပဏီ ကြုံရမယ့် ပြိုင်ဘက်ကတော့ နိုင်ငံအနှံ့ ဆိုင်ခွဲပေါင်း ၁,၂ဝဝ နဲ့ လက်ရှိ ကော်ဖီ ဈေးကွက်ကို ဦးဆောင်နေတဲ့ “Coffee Day” ဖြစ်ပါတယ်။ အခုလောက် ဆိုရင် ကော်ဖီဒေး မျက်ခုံး လှုပ်နေလောက်ပါပြီ လို့ ဆိုနိုင်မယ် ထင်ပါတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။